/
node/4707

ကျန်းမာရေးအတွက် အချိန်ပေးပါရဲ့လား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မိမိရဲ့နေ့စဉ် လူနေမှုဘဝကို ပြန်မြင်ယောင်ကြည့်ပါ။ မနက်ခင်းတိုင်းအပြင်မထွက်မီ အသီးအနှံတစ်မျိ်ုးမျိုး ကို စားသုံးလေ့ရှိပါသလား။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများကို ဘယ်နှစ်ကြိမ်စားဖြစ်သလဲဆိုတာ ရေတွက် ထားပါသလား။ တစ်နေ့လျှင် နှစ်ကြိမ်သွားတိုက်ဖြစ်ပါသလား။ အစည်းအဝေးတစ်ခုနဲ့ တစ်ခုကြားမှာ လမ်းလျှောက်ခြင်းဖြစ်ဖြစ် အခြားပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းဖြစ်ဖြစ် ပြုလုပ်ဖြစ်ပါသလား။ အိပ်ရာမဝင်မီ သွားကိုသွားပွတ်ကြိုးဖြင့် သန့်ရှင်းရေးလုပ်ပါသလား။

          အများစုကိုမလုပ်ပါဘူးလို့ ဖြေမယ့်သူဟာ တစ်ယောက်တည်း မကပါဘူး။ အချိန်မရှိဘူးဆိုတာ လူအတော်များများအတွက် အကောင်းဆုံးရှောင်တိမ်းခြင်းတစ်မျိုးဖြစ်နေပါတယ်။

အချိန်ကုန်သက်သာစေတဲ့ ကျန်းမာရေးလမ်းွှန်ချက်များ

1. ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးခြင်း

        ဟင်းသီးဟင်းရွက်များကို စွတ်ပြုတ် (သို့) ဖျော်ရည်ပြုလုပ်၍ သွားရေစာအနေဖြင့် စားသုံးခြင်း၊ အသားညှပ်ပေါင်မုန့်နဲ့ အသုတ်များထဲတွင်ထည့်၍ စားသုံးခြင်းဖြင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးနိုင်ရန် ကြိုးစားပါ။

2. လေ့ကျင့််ခန်းပိုမိုပြုလုပ်ခြင်း

        Gym သို့ နေ့စဉ်မသွားနိုင်ပါက လမ်းပိုလျှောက်ပေးပါ။ လုပ်ငန်းခွင်တွင် ဓာတ်လှေကားအစား ရိုးရိုးလှေကားကိုသာ အသုံးပြုပါ။ ဈေးဝယ်ထွက်ပါက ဝင်ပေါက်နှင့် အဝေးဆုံးနေရာတွင် ကားကိုထားပါ။

3. သွားကျန်းမာရေးကို ဂရုစိုက်ခြင်း

        ညဘက်တွေမှာ သွားမတိုက်ဘဲအိပ်ပျော်သွားဖူးပါသလား။ ဖြစ်နိုင်လျှင် သွားမတိုက်သေးဘဲ အိပ်ရာနားတစ်ဝိုက်ကို မသွားပါနှင့်။ သွားတိုက်ပြီးနောက် သွားပွတ်ကြိုးဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်းကိုလည်း အလေ့အကျင့်တစ်ခုအနေဖြင့် မွေးမြူပါ။

Dr. Thinzar Wynn

www.drmyanmar.com