/
node/4741

ကလေးများဖွံ့ထွားလာချိန်တွင်ဖြစ်သော Growing Pain

Category
ကလေးများနှင့်ကျန်းမာရေး

        Growing Pain ဆိုတာဟာ ကလေးများတွင် ခန္ဓာကိုယ်ဖံွ့ဖြိုးလာခြင်းကြောင့် နာကျင်မှုခံစားရခြင်းကို ဆိုလိုပါတယ်။ growing pain သည် အသက် 3 နှစ်မှ 5 နှစ်အတွင်းရှိ ကလေးများနှင့် အသက် 8 နှစ်မှ 12 နှစ်အတွင်းရှိ ကလေးများတွင် အဖြစ်များလေ့ရှိပါတယ်။ များသောအားဖြင့် ညနေစောင်းတွင်ခံစားရလေ့ရှိပြီး ပြင်းထန်မှုကတော့ ကလေးတစ်ယောက်နှင့်တစ်ယောက် မတူညီပါဘူး။

ရောဂါလက္ခဏာများ

       နာကျင်မှုသည် အဆစ်များထက်စာရင် ကြွက်သားများတွင်အဖြစ်များလေ့ရှိပြီး၊ အများဆုံးဖြစ်တတ်တဲ့နေရာများကတော့ ပေါင်အရှေ့ကြွက်သား၊ ခြေသလုံးကြွက်သားနှင့် ဒူးအနောက်ကြွက်သားတို့ဖြစ်ပါတယ်။ အဆစ်များမှာဖြစ်ရင်တော့ ပူနွေးခြင်း၊ ရောင်ရမ်းခြင်းတို့ကို ခံစားရလေ့မရှိပါဘူး။

ဘယ်လိုကလေးတွေမှာ အဖြစ်များလဲ

       လှုပ်ရှားမှုများသောကလေးများ၊ အဆော့သန်သောကလေးများက Growing pain ကို ပိုမိုခံစားရလေ့ရှိပါတယ်။

Growing pain ဖြစ်ကြောင်းဘယ်လိုစစ်ဆေးသိရှိနိုင်သလဲ

       Growing pain ဟာ အခြားသောရောဂါများကြောင့်ဖြစ်တဲ့  နာကျင်မှုတွေနဲ့ မတူညီပါဘူး။ ရောဂါကြောင့်ဖြစ်သောနာကျင်မှုသည် အထိမခံနိုင်အောင်နာကျင်ခြင်းဖြစ်ပြီး Growing pain ခံစားရပါက အသာအယာနှိပ်နယ်ပေးခြင်းဖြင့် သက်သာစေပါတယ်။

Growing pain ကို သက်သာအောင်ဘယ်လိုလုပ်နိုင်သလဲ?

        Growing pain ခံစားနေရသော ကလေးငယ်ကို -

-    ညင်သာစွာနှိပ်နယ်ပေးခြင်း၊

-    ကျပ်ထုပ်ထိုးခြင်း၊

-    ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးများတိုက်ကျေွးခြင်းတို့ကိုပြုလုပ်ပေးပါ။

သတိ - ကလေးများကို Aspirin ဆေးတိုက်ကျေွးခြင်းမပြုရ။

         Growing pain ၏ သဘာ၀ကို ကလေးငယ်အား နားလည်အောင်ပြောပြပြီး နှစ်သိမ့်မှုပေးပါ။

ဘယ်လိုအခြေအနေမှာ ဆရာ၀န်နှင့်ပြသသင့်သလဲ?

          အောက်ပါလက္ခဏာများကိုတွေ့ရှိပါက ဆရာ၀န်နှင့် ချက်ချင်းပြသပါ။

-    မနက်ပိုင်းတွင် နာကျင်မှုကိုခံစားရခြင်း

-    တစ်နေရာထက်ပိုပြီး (သို့) အဆစ်တဆစ်ထက်ပိုပြီး ရောင်ရမ်းမှုကိုခံစားရခြင်း

-    ထိခိုက်ဒဏ်ရာရခြင်း

-    ဖျားခြင်း

-    ပုံမှန်မဟုတ်သောအနီစက်ထွက်ခြင်း

-    ပါးစပ်ပျက်ခြင်း

-    အားနည်းခြင်း

-    ပုံမှန်မဟုတ်သော အပြုအမူများပြုမူခြင်း

www.drmyanmar.com