/
node/4801

နို့နှင့်နို့ထွက်ပစ္စည်းများ စားသုံးစရာမလိုဘဲ ကယ်လ်ဆီယမ်ဓာတ်ဖြည့်တင်းပေးနိုင်သော အစားအစာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကယ်လ်ဆီယမ်ဓာတ်ဟာ အရိုးနဲ့သွားတွေကိုသန်မာစေပြီး ကြွက်သားတည်ဆောက်ရာမှာ အရေးပါတဲ့အပြင် အာရုံကြောစနစ်အတွက်လည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် ကယ်လ်ဆီယမ်အုပ်စု၀င်ဖြစ်တဲ့ နို့ထွက်ပစ္စည်းအစားအစာတွေကို မစားဖြစ်ရင်တောင်မှ ကယ်လ်ဆီယမ်ဓာတ်ကို သွယ်၀ိုက်နည်းနဲ့ရရှိစေနိုင်တဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

1. ကြံမဆိုင်ရွက်

                ကြံမဆိုင်ရွက်ဟာ သင်နေ့စဉ်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ရဲ့ လေးပုံတစ်ပုံကိုဖြည့်တင်းပေးနိုင်ပြီး အမြင်အာရုံကို တိုးတက်ကောင်းမွန်စေပါတယ်။ ၀က်သား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့နဲ့ချက်စားပါက အရသာပိုထူးကဲပါတယ်။

 

2. ပန်းဂေါ်ဖီစိမ်း

                ပန်းဂေါ်ဖီစိမ်း 2 ပန်းကန်စာ စားသုံးရုံနဲ့ ကယ်လ်ဆီယမ်ဓာတ်လုံလောက်စွာရရှိမှာဖြစ်ပြီး အူမကြီးကင်ဆာ၊ ဆီးအိတ်ကင်ဆာ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

3. ကိုက်လန်

                ကယ်လ်ဆီယမ်၊ ဗီတာမင် A၊ ဗီတာမင် D သုံးမျိုးစလုံးပြည့်နှက်နေတဲ့ ကိုက်လန်ဟာလည်း ကျန်းမာရေးအတွက် စားသုံးပေးသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။

 

4. ရွှေပဲသီး

                အမျှင်ဓာတ်၊ အသားဓာတ်၊ သက်စောင့်ဓာတ်နဲ့ သတၳုဓာတ်ကြွယ်၀စွာပါ၀င်တဲ့ ရွှေပဲသီးကိုပန်းကန်လုံးတစ်ခွက်စာခန့်စားသုံးရုံနဲ့ ကယ်လ်ဆီယမ်ဓာတ်ပြည့်၀စေပြီး နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် မဟော်မုန်း (အက်စထရိုဂျင်းဟော်မုန်း)ကိုလှုံ့ဆော်ပေးပါတယ်။

 

5. တရုတ်မုန့်ညှင်း

                တရုတ်မုန့်ညှင်းကိုပန်းကန်လုံးတစ်ခွက်စာခန့်စားသုံးရုံနဲ့ ဗီတာမင် A၊ ဗီတာမင် C၊ ပိုတက်ဆီယမ်နဲ့ ကယ်လ်ဆီယမ်ဓာတ်ကိုရရှိနိုင်တာကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါဖြစ်ခြင်းမှကင်းေ၀းစေပြီး အရိုးသန်မာစေတဲ့အပြင် ပါးရေတွန့်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

 

6. သဖန်းသီး၊ ကတွတ်သီး

                အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ်ပြည့်နှက်နေတဲ့ သဖန်းသီး၊ ကတွတ်သီးကိုစားသုံးပေးခြင်းဖြင့် ကယ်လ်ဆီယမ်ဓာတ်ကိုလုံလောက်စွာရရှိစေနိုင်ပါတယ်။ ကြွက်သားတွေကိုသန်မာဖွ့ံဖြိုးစေနိုင်ကာ အရိုးတွေကိုသန်မာစေတဲ့အပြင် နှလုံးခုန်နှုန်းကိုပုံမှန်ဖြစ်စေပါတယ်။

 

7. လိမေ္မာ်သီး

                ကယ်လ်ဆီယမ်ဓာတ်ကိုပေးစွမ်းနိုင်ပြီး ဗီတာမင် C ကြွယ်၀တဲ့ လိမေ္မာ်သီးနေ့စဉ်စားသုံးပါက ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့အပြင် ဆီးကျောက်တည်ခြင်းမှကာကွယ်ပေးပြီး ခန္ဓာကိုယ်အတွင်းရောဂါပိုး အလွယ်တကူ၀င်ရောက်ခြင်းမှ တားဆီးပေးပါတယ်။

 

8. ဆာဒင်းငါး

                ဆာဒင်းငါးမှာ ကယ်လ်ဆီယမ်ဓာတ်မြင့်မားစွာပါ၀င်ပြီး ဦးနှောက်နဲ့အာရုံကြော ကျန်းမာရေးအတွက်ကောင်းစေတဲ့ ဗီတာမင် B12၊ အရိုးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပြီး သွားဖုံးရောင်ရမ်းခြင်းမှ ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် D ပါ၀င်ပါတယ်။

 

9. ဆယ်လ်မွန်ငါး

                ဘာဂါ၊ sandwiches စတဲ့အစားအစာတွေထဲမှာညှပ်စားလို့ရပြီး အသုပ်သုတ်ပြီးလည်း စားသုံးလို့ရတဲ့ ဆာမွန်ငါးသေတ္တာငါးဟာ တနေ့တာအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏ 44 ရာခိုင်နှုန်းပေးနိုင်စွမ်းရှိပါတယ်။ နှလုံးကျန်းမာရေးအတွက်ရော အမြင်အာရုံအတွက်ပါ ကောင်းစေနိုင်တဲ့အပြင် အရိုးကိုလည်း သန်စွမ်းစေနိုင်ပါတယ်။

 

10. ဗိုလ်စားပဲ

                အမျှင်ဓာတ်၊ အသားဓာတ်၊ သံဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်အကောင်းဆုံးရရှိနိုင်တဲ့ရင်းမြစ်ဖြစ်တဲ့ ဗိုလ်စားပဲကိုစားပေးခြင်းဖြင့် သွေးအားနည်းရောဂါကိုကာကွယ်ပေးနိုင်ပြီး အယ်ဇိုင်းမားရောဂါနဲ့ အရေးအကြောင်းဖြစ်ခြင်းမှ ကင်းေ၀းစေပါတယ်။

11. ရုံးပတီသီး

                ဗီတာမင် B6၊ ဖောလိတ်အက်ဆစ်နဲ့ အမျှင်ဓာတ်ကြွယ်၀စွာပါ၀င် ရုံးပတီသီးကိုစားသုံးပေးခြင်းဖြင့် အားအင်ကုန်ခန်းခြင်း၊ မောပန်းခြင်း၊ စိတ်ကျခြင်းနဲ့ ပန်းနာရင်ကျပ်ရောဂါကိုသက်သာပျောက်ကင်းစေပြီး ၀မ်းချုပ်ခြင်းမှလည်း ကင်းေ၀းစေပါတယ်။

 

12. တို့ဟူး

                အသားဓာတ်ပါ၀င်မှုမြင့်မားတဲ့ တို့ဟူးကိုစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်အဆိပ်ဖြစ်စေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုလျော့ချပေးပြီး အရွယ်မတိုင်ခင်အိုမင်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် သက်သက်လွတ်စားသူတွေအတွက် အလိုအပ်ဆုံးအစားအစာဖြစ်ပါတယ်။

 

13. ဗန်ဒါစေ့

                ဗန်ဒါစေ့ဟာ ကျန်းမာရေးအတွက်ကောင်းစေတဲ့ အစေ့အဆန်ထဲမှာ ပါ၀င်ပါတယ်။ အသားဓာတ် 12 ရာခိုင်နှုန်းရရှိနိုင်ပြီး ဗီတာမင် E နဲ့ ပိုတက်ဆီယမ်ဓာတ်ပြည့်၀စွာပါ၀င်ပါတယ်။ သွေးတွင်းမကောင်းတဲ့ အဆီတွေ လျှော့ချရာမှာ များစွာအထောက်အကူပေးနိုင်တဲ့အပြင် အရိုးပွရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

 CMS

www.drmyanmar.com