ကင်ဆာေ၀ဒနာရှင်များ စားသင့်သော အစားအသောက်များနှင့် ရှောင်ကြဉ်သင့်သော အစားအသောက်များ
ကင်ဆာေ၀ဒနာရှင်များ စားသင့်သော အစားအသောက်များ
ကင်ဆာရောဂါ ေ၀ဒနာရှင်များအတွက် ဆေးကုသမှု မခံယူမီနှင့် ခံယူပြီးနောက် ရွေးချယ်စားသုံးသင့်တဲ့ အစားအစာတွေကတော့ -
1. ဟင်းသီးဟင်းရွက်များ
• မုန်လာဥနီ၊ ပဲစိမ်း၊ ရွှေဖရုံသီး၊ မုန်လာဥဝါ
• ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးအနှစ်၊ နံနံပင် (ဆီးကျိတ်ကင်ဆာေ၀ဒနာရှင်များအတွက် အထူးသင့်တော်ပါတယ်)
• ကင်ဆာဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်ရုံသာမက ထပ်မံဖြစ်ပွားခြင်းကိုလည်း လျော့ပါးစေတဲ့အပြင် မကောင်းတဲ့ အီစထရိုဂျင်ကို ကောင်းတဲ့ဟော်မုန်းအဖြစ် ပြောင်းပေးနိုင်တဲ့ ဓာတုပစ္စည်းတစ်မျိုး ပါ၀င်သော ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်
• ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်၀စွာပါ၀င်တဲ့ ကညွတ်
• သကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့ ကြက်ဟင်းခါးသီး
• ကယ်လ်စီယမ်နှင့် သံဓာတ် ပါ၀င်သော အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
2. သစ်သီးများ
• ဗီတာမင်စီပါ၀င်သော လိမေ္မာ်သီးများ
• ဗီတာမင်နှင့် အမျှင်ဓာတ် ကြွယ်၀စွာပါ၀င်တဲ့ ငှက်ပျောသီး၊ ကီ၀ီသီး၊ မက်မွန်သီး၊ သရက်သီး၊ သစ်တော်သီး၊ စတော်ဘယ်ရီ
• ခွန်အားဖြစ်စေသော ထောပတ်သီး၊ မာလကာသီး၊ တရုတ်ဆီးသီး၊ သဖန်းသီး၊ ဆီးသီး၊ စပျစ်သီးခြောက်
3. ပရိုတင်းဓာတ် (အသားဓာတ်)
• အသားများ (ဥပမာ-ကြက်သား)၊ ငါး၊ ဥ၊ တို့ဖူး
• နို့နှင့် နို့ထွက်ပစ္စည်းများ၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ကုလားပဲ၊ ပဲနီလေး
• ပဲနှင့် လုပ်ထားသော အစားအစာအမျိုးမျိုး (ပဲနို့၊ ပဲပိစပ်)
4. ကစီဓာတ်
• ထမင်း၊ ခေါက်ဆွဲ၊ ချာပါတီ၊ ပေါင်မုန့်ညို၊ ဆန်ပြား
• ကွေကာအုပ်၊ အာလူး၊ ပဲအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ
• ပျားရည် - ပိုးသတ်နိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း
ကင်ဆာေ၀ဒနာရှင်များ ရှောင်ကြဉ်ရမည့် အစားအသောက်များ
1. အကြွပ်ကြော်၊ အကင်
2. ဆား၊ သကြား၊ အဆီများသော အစားအစာများ
3. အနီရောင်အသား၊ ကြာရှည်ခံအောင်ပြုပြင်ထားသောအစားအစာများ ( ဥပမာ - ၀က်ပေါင်ခြောက်၊ ၀က်အူချောင်း)
4. အချဉ်တည်ထားသော အစားအစာများ
5. ဆေးဘဲဥ
6. အရက် (ချက်ချင်းလုံး၀မဖြတ်နိုင်သေးလျှင်တောင် တဖြည်းဖြည်းနှင့် အတတ်နိုင်ဆုံးလျှော့ချသွားရန်)
Dr. Thinzar Wynn (www.drmyanmar.com)






























