/
node/4956

H1N1 Positive ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနတွင် လူနာ ၂ ဦး သေဆုံး

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ
ဇူလိုင်လ၂၄ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးပြင်ပလူနာဌာနသို့လာရောက်ပြသသော လူနာ၂ဦးသည် အဆိုပါ ၂၄ ရက်နေ့ ညနေပိုင်းတွင်ပင် ဆုံးပါးသွားပြီး ယင်းတို့သေဆုံးမှုအား ဓာတ်ခွဲစစ်ဆေးရာ (H1N1) Postive ဖြစ်နေကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီးဦးအေးကိုကိုက အတည်ပြုပြောကြားသည်။
 
 
 
"အရင်တက်နေတဲ့ positive လူနာတွေ မဟုတ်ပါဘူး။ သူတို့က အထူးကြပ်မတ်ကုသခန်းထဲမှာပဲ ရှိနေပါတယ်။ ဆုံးတဲ့၂ဦးကတော့ နောက်မှ သက်သက်ရောက်လာတာပါ။ အထူးကြပ်မတ်ကုသဆောင်ထဲကိုတော့ မရောက်လိုက်ပါဘူး။ အပြင်လူနာဆောင်မှာပဲ ရှိသေးတာပါ။ မနက်ကတော့ ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နဲ့ ကျွန်တော်တို့ တိုင်းကုသရေးဦးစီးဌာနရယ်၊ ဆေးရုံအုပ်ကြီးတွေ အစည်းအဝေးတစ်ခုလုပ်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာပဲ လုပ်တာပါ။ လိုအပ်တဲ့ ဆေးဝါးတွေ၊ maskတို့လိုဟာတွေကို ကုသရေးဦးစီးဌာနကနေ ဖြည့်ဆည်းနေတာပါ။ ဆေးရုံတွေကိုလည်း လိုအပ်တာတွေ ဝယ်ခွင့်ပြုထားပါတယ်။ ကျွန်တော်တို့ကုသရေးဦးစီးဌာနအနေနဲ့လည်း ဖြစ်ပေါ်လာတဲ့အခြေအနေအပေါ်မူတည်ပြီး လိုအပ်တဲ့ပစ္စည်းကိရိယာတွေ၊ ဆေးဝါးတွေ ဖြည့်ဆည်းပေးနေပါတယ်။ သေဆုံးသွာတဲ့၂ယောက်မှာ တစ်ယောက်က အမျိုးသားပါ။ အသက်က လူလတ်ပိုင်းပါပဲ။ နောက်တစ်ယောက်က အမျိုးသမီးဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်ပါ။ သူတို့က မနေ့က ရောက်တာပါ။ မနေ့ကရောက်ပြီး သိပ်မကြာဘူး ဆုံးတဲ့သဘောပါပဲ။ သူတို့ကိုစစ်ကြည့်လိုက်တော့ positive တွေ့ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကလည်း ညနေကို သတင်းထုတ်ပြန်ပါလိမ့်မယ်။ MOH website (www.moh.gov.mm) ကနေ စောင့်ကြည့်ပေးပါ။"ဟု ရန်ကုန်ဆေးရုံအုပ်ကြီးဒေါက်တာဦးအေးကိုကိုက ပြောသည်။
 
 
 
May Su Hlaing (www.drmyanmar.com)