/
node/4967

အအေးမိဖျားနာခြင်းအတွက် ဆရာ၀န်နဲ့ ဘယ်အချိန်မှာ သွားရောက်ပြသသင့်ပါသလဲ?

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

            သာမန်ဖျားနာခြင်းများအတွက် အိမ်၌ပင် ကုသ၍ ရနိုင်ပါတယ်။ ဒါပေမဲ့ တချို့သော ဖျားနာခြင်းတွေအတွက် အရေးကြီးတဲ့ ကျန်းမာရေးအခြေအနေတစ်ခုရဲ့ လက္ခဏာဖြစ်နေနိုင်တဲ့အတွက် ထိရောက်စွာ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

1. ကလေးငယ်လေးများ

            ကလေးငယ်တွေမှာ ဆရာ၀န်ဆီ သွားရောက်သင့်တဲ့ အခြေအနေတွေကတော့ -

ကလေး အသက် 3 လအောက် - ကိုယ်အပူချိန် 100.4 ဒီဂရီဖာရင်ဟိုက်ထက် ကျော်လွန်ခြင်း

ကလေး အသက် 3 လမှ 6 လ - ကိုယ်အပူချိန် 102 ဒီဂရီဖာရင်ဟိုက်၀န်းကျင်ရှိခြင်း (သို့) ဂျီကျခြင်း၊ နုံးခွေခြင်းတို့ကို သတိထားမိခြင်း

ကလေး အသက် 6 လမှ 2 နှစ် - ကိုယ်အပူချိန် 102 ဒီဂရီဖာရင်ဟိုက်ထက် ကျော်လွန်၍ 24 နာရီကြာသည်အထိ အဖျားမကျခြင်း တို့ပဲ ဖြစ်ပါတယ်။

 

2. ကလေးကြီးများ

            ကလေးကြီးတွေကို ဆရာ၀န်နဲ့ ပြသသင့်တဲ့ အခြေအနေတွေကတော့ -

•           ကိုယ်အပူချိန် 102.2 ဒီဂရီဖာရင်ဟိုက်ထက် ကျော်လွန်ခြင်း

•           3 ရက်ကြာသည့်တိုင်အောင် အဖျားမကျခြင်း

•           မျက်လုံးချင်းဆုံပြီး မကြည့်ခြင်း

•           ဂျီကျခြင်း

•           မကြာသေးမီက ကာကွယ်ဆေးထိုးခြင်း

•           ရောဂါပြင်းပြင်းထန်ထန်ရှိခြင်း (သိ်ု့) ကိုယ်ခံအားစနစ် အားနည်းခြင်း

•           မကြာသေးမီက ဖွံ့ဖြိုးဆဲနိုင်ငံများသို့ သွားရောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

 

3. လူကြီးများ

            လူကြီးများအတွက် ဆရာ၀န်ထံ သွားရောက်သင့်တဲ့ အခြေအနေတွေကတော့ -

•           ကိုယ်အပူချိန် 103 ဒီဂရီဖာရင်ဟိုက်ထက် မြင့်မားခြင်း

•           3 ရက်ထက် ပို၍ကြာသည့်တိုင်အောင် အဖျားမကျခြင်း

•           ရောဂါပြင်းပြင်းထန်ထန်ရှိခြင်း (သို့) ကိုယ်ခံအားစနစ် အားနည်းခြင်း

•           မကြာသေးမီက ဖွံ့ဖြိုးဆဲနိုင်ငံများသို့ သွားရောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

 

            ကလေးငယ်သည် အဖျားကြီးရုံသာမက အောက်ပါရောဂါလက္ခဏာ တစ်ခုခုနဲ့ တွဲပြီး တွေ့ရပါက ဆရာ၀န်ထံ ချက်ချင်းသွားရောက်သင့်ပါတယ်။

•           အလွန်အမင်းခေါင်းကိုက်ခြင်း

•           အာသီးရောင်ခြင်း

•           ခန္ဓာကိုယ်၌ အစက်များထွက်ခြင်း

•           အလင်းရောင်စူးစူးဒဏ်ကို မခံနိုင်ခြင်း

•           လည်ပင်းတောင့်ခြင်း၊ နာကျင်ခြင်း

•           အဆက်မပြတ်အန်ခြင်း

•           ဂျီကျခြင်း၊ နုံးခွေခြင်း

•           ဗိုက်အောင့်ခြင်း

•           ဆီးသွားစဉ် နာကျင်ခြင်း

•           ကြွက်သားအားနည်းခြင်း

            ဆရာ၀န်သည် ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်းနှင့် သွေးစစ်ဆေးခြင်းများကို ပြုလုပ်ခြင်းဖြင့် အဖျားကြီးရခြင်း အကြောင်းအရင်းကို သိနိုင်ကာ ထိရောက်တဲ့ကုသမှုကို ပေးနိုင်မှာ ဖြစ်ပါတယ်။

 

ဘယ်အချိန်မှာ အဖျားကြီးခြင်းကို အရေးပေါ်အခြေအနေလို့ သတ်မှတ်လဲ?

            အောက်ပါအခြေအနေတစ်ခုခုနဲ့ ကြုံတွေ့နေရပြီဆိုပါက အရေးပေါ်ဌာနသို့ အမြန်ဆုံး သွားရောက်သင့်ပါတယ်။

•           သတိလစ်သွားခြင်း

•           လမ်းမလျှောက်နိုင်ခြင်း

•           အသက်ရှူရခက်ခဲခြင်း

•           ရင်ဘတ်အောင့်ခြင်း

•           တက်ခြင်း

•           ကယောင်ကတမ်းဖြစ်ခြင်း

•           ကလေးများတွင် သည်းထန်စွာ ငိုကြွေးခြင်း

 

Dr. Thinzar Wynn (www.drmyanmar.com)