/
node/5048

ကွန်ဒုံးအသုံးပြုချိန်တွင် အမျိုးသားများပြုလုပ်လေ့ရှိသော အမှားများ

Category
အမျိုးသားများနှင့်ကျန်းမာရေး

         လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါတွေကို ကာကွယ်နိုင်ဖို့နဲ့ မလိုလားအပ်တဲ့ကိုယ်ဝန်တွေကိုတားဆီးဖို့အတွက် ကွန်ဒုံးက အရေးကြီးပါတယ်။ သို့သော် ကွန်ဒုံးကိုမှန်မှန်ကန်ကန်အသုံးမပြုရင်တော့ မလိုလားအပ်တဲ့ပြဿနာတွေကြုံတွေ့ရစေနိုင်ပါတယ်။

          အောက်ပါ အချက်တွေကတော့ ကွန်ဒုံးအသုံးပြုချိန်မှာ ကြုံတွေ့ရလေ့ရှိတဲ့အမှားတွေပဲဖြစ်ပါတယ်။

1. ကွန်ဒုံးကို လိင်ဆက်ဆံတဲ့အချိန်တစ်လျှောက်လုံးအသုံးမပြုခြင်းက မှားလေ့ရှိတဲ့အမှားတစ်ခုဖြစ်ပါတယ်။ ကွန်ဒုံးစွပ်ထားခြင်းမရှိဘဲ မျိုးပွားအင်္ဂါတွေထိတွေ့လျှင် လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကူးနိုင်ပါတယ်။ ဒါကြောင့် စပြီးလိင်ဆက်ဆံတဲ့အချိန်ကနေစပြီး ပြီးဆုံးသည်အထိ ကွန်ဒုံးစွပ်ထားဖို့အရေးကြီးပါတယ်။

2. သက်တမ်းကုန်ဆုံးသွားတဲ့ ကွန်ဒုံးတွေက အရည်အသွေးကျဆင်းသွားတဲ့အတွက် ကွန်ဒုံးမသုံးခင်မှာ သက်တမ်းကုန်ဆုံးရက်ကို သေချာစစ်ကြည့်ရပါမယ်။

3. အင်္ဂါမာကြောလာတဲ့အချိန်အထိမစောင့်ဘဲ ကွန်ဒုံးစွပ်လိုက်ခြင်းကလည်း မှားတတ်တဲ့နောက်ထပ်အမှားတစ်မျိုးဖြစ်ပါတယ်။

4. အင်္ဂါအရင်းထိရောက်အောင် ကွန်ဒုံးကိုဖြေလျော့မချခြင်းကလည်း အမှားတစ်မျိုးပါပဲ။

5. မှန်ကန်တဲ့ကွန်ဒုံးအရွယ်အစားကို ရွေးချယ်တတ်ဖို့လည်းအရေးကြီးပါတယ်။ လိင်အင်္ဂါအရင်းအထိမရောက်သော၊ တင်းကြပ်နေသော ကွန်ဒုံးကိုအသုံးမပြုပါနဲ့။

6. သုံးပြီးသားကွန်ဒုံးကို ပြန်သုံးခြင်းကလည်း အမှားတစ်မျိုးပါပဲ။ လိင်ဆက်ဆံမှုတစ်ခါပြုတိုင်း ကွန်ဒုံးအသစ်သုံးပါ။

7. နောက်ထပ်အမှားတစ်မျိုးကတော့ တစ်ကြိမ်တည်းမှာ ကွန်ဒုံးနှစ်ခုထပ်ပြီးသုံးခြင်းဖြစ်ပါတယ်။ သတိပြုရမယ့်အချက်ကတော့ ကွန်ဒုံးနှစ်ထပ်စွပ်ခြင်းက အကာအကွယ်နှစ်ဆမရစေပါဘူး။ ကွန်ဒုံးနှစ်ထပ်သုံးခြင်းက ကွန်ဒုံးကိုပိုပြဲစေပါတယ်။

Dr. MMMS (www.drmyanmar.com)