/
node/5229

အစာအိမ်အတွင်းအက်ဆစ်ဓာတ် မြင့်တက်စေသော သစ်သီးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အစာအိမ်ထဲမှာ အက်ဆစ်ဓာတ် များပါက အစာအိမ်ထဲက အက်ဆစ်တွေက အစာပြွန်ထဲကို ပြန်ကန်တက်တဲ့ရောဂါ ဖြစ်တတ်ပါတယ်။ အမြဲ ရင်ပူနေခြင်း၊ ဝမ်းဗိုက်ထဲတွင် ပူခြင်းနှင့် အစာပြွန်ကို အက်ဆစ် အချိန်တော်ကြာ တိုက်စားမှုကြောင့် တစ်သျှူးပျက်စီးခြင်း စတာတွေက ဒီရောဂါရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေ အပါအဝင် အကြောင်းအရင်း အမျိုးမျိုးကြောင့် အစာအိမ်ထဲက အက်ဆစ်ပမာဏကို မြင့်တက်စေပါတယ်။ အခုတစ်ခါမှာတော့ အစာအိမ်အက်ဆစ်ဓာတ် များစေတဲ့ သစ်သီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

•       သံပုရာသီး

        အက်ဆစ်လား၊ အယ်ကာလီလား ဆိုတာကို pH နဲ့ တိုင်းတာနိုင်ပါတယ်။ pH 0-14 ရှိပြီး 0 က အက်ဆစ်ဓာတ် အများဆုံးနဲ့ 14 ကတော့ အယ်ကလီဓာတ် အမြင့်ဆုံး ဖြစ်ပါတယ်။ ရေသန့်မှာ pH 7 ရှိပါတယ်။ သစ်သီးအမျိုးမျိုးရဲ့ pH ပမာဏလည်း မတူကြပါဘူး။ ရှောက်သီး၊ သံပုရာသီးတို့မှာ pH အနည်းဆုံးဖြစ်ပြီး အက်ဆစ်ဓာတ် အများဆုံး ပါဝင်ပါတယ်။ ဒါကြောင့် သံပုရာရည်ညှစ်လို့ မျက်လုံးထဲ ဝင်တဲ့အခါမှာ စပ်ရခြင်း ဖြစ်ပါတယ်။

Kremil-S 1

•       ချဉ်သောအသီးများ

        ရှောက်သီး၊ သံပုရာသီးတွေအပြင် အခြားအချဉ်ဓာတ်ပါတဲ့ အသီးတွေက pH 3-4 ရှိပြီး အက်ဆစ်ဓာတ် ပါတဲ့အတွက် အစာအိမ်ရောဂါရှိသူတွေ ရှောင်ရှားသင့်ပါတယ်။ ဂရိတ်ဖရုသီးက လိမေ္မာ်သီးထက် အက်ဆစ်ပါဝင်မှု များပါတယ်။ အခွံပွတဲ့လိမေ္မာ်သီးတွေက အခြားအချဉ်ဓာတ်ပါတဲ့ အသီးတွေနဲ့ယှဉ်ရင် အက်ဆစ်ဓာတ် နည်းပါတယ်။

Kremil-S 2

•       ရှောင်ကြဉ်သင့်သော အခြားသစ်သီးအမျိုးအစားများ

        အချို့သောအသီးတွေက အချဉ်သီး မဟုတ်ပေမယ့်လည်း pH ဓာတ် မြင့်ကြတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် သလဲသီး၊ ပန်းသီး၊ ဇီးချိုသီး၊ မက်မွန်သီး၊ သရက်သီး၊ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ စပျစ်သီး၊ နာနတ်သီး၊ ဆီးသီး စတာတွေမှာလည်း အက်ဆစ်ဓာတ် ပါဝင်ကြပါတယ်။