/
node/5257

အစာအိမ်လေနာပျောက်ဆေးအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အစာအိမ်​​လေနာ​​ပျောက်ဆေး​တွေဟာ အစာအိမ်​ထဲမှာရှိတဲ့ အက်​ဆစ်​ဓာတ်​​တွေကို ​လျော့နည်​း​စေတဲ့အတွက်​ အစာမ​ကြေရင်​ပူခြင်​း၊ လေထိုးလေအောင့်ခြင်း တို့ကို သက်​သာ​စေနိုင်​ပါတယ်​။

 

အစာအိမ်​​လေနာ​​ပျောက်ဆေးကို ဘယ်​အချိန်​မှာ ​သောက်​သင်​့သလဲ?

 

          အစာမ​ကြေ ရင်​ပူတဲ့အခါ အစာအိမ်​​လေနာပျောက်ဆေးကို ​သောက်​သုံးနိုင်​ပါတယ်​။ အစာစားပြီး တစ်​နာရီအတွင်​း ဒါမှမဟုတ်​ ရင်​ပူတဲ့အခါမှာ ​သောက်​နိုင်​ပါတယ်​။ အကယ်​၍ ညဘက်​မှာ ဗိုက်​​အောင်​့တတ်​ရင်​ ​ဆေးကို အစာနဲ့ တွဲမ​သောက်​သင်​့ပါဘူး။

Kremil-S 1

          အစာအိမ်​​လေနာပျောက်​ဆေးဟာ အခြား​ဆေး​တွေကို အစာအိမ်​မှ စုပ်​ယူမှုအ​ပေါ် အ​ပြောင်​းအလဲ ဖြစ်​​စေနိုင်​ပါတယ်​။ ဒါ​ကြောင်​့ အခြား​ဆေး​တွေကို အစာအိမ်​​လေနာပျောက်ဆေးမ​သောက်​ခင်​ တစ်​နာရီ ကြိုပြီး​သော်​လည်​း​ကောင်​း၊ ​လေးနာရီ​ကျော်​မှ​သော်​လည်​း​ကောင်​း ခြားပြီး ​သောက်​​ပေးသင်​့ပါတယ်​။

          အစာအိမ်​​လေနာပျောက်ဆေးကို ဆွဲမ​သောက်​ခင်​ ​အောက်​ပါအ​ခြေ​အ​နေများနဲ့ ကြုံပါက ဆရာဝန်​နဲ့ ကြိုတင်​တိုင်​ပင်​ပြီးမှ ​သောက်​သုံးသင်​့ပါတယ်​။

Kremil-S 2

-  ကျောက်​ကပ်​​ရောဂါ၊ ​သွေးတိုး​ရောဂါ၊ နှလုံး​ရောဂါ ရှိသူများ

- အငန်ရှောင်​​နေရသူများ

- ကယ်​လ်​ဆီယံဓာတ်​​ဆေး ​သောက်​​နေသူများ

- အခြား​ဆေးများကို ​နေ့စဉ်​ပုံမှန်​ ​သောက်​​နေရသူများ

- ဆီး​ကျောက်​တည်​​ရောဂါ ရှိသူများ​

 

www.drmyanmar.com