/
node/5343

မွေးရက်လွန်ခြင်းအကြောင်း သိကောင်းစရာ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ခန်​့မှန်​းမွေးရက်​ထက်​​ကျော်​လွန်​လာပြီး ဗိုက်​မနာ​သေးတဲ့အခါ စိုးရိမ်​ပူပန်​စိတ်​​တွေ ဖြစ်​​ပေါ်လာတတ်​ပါတယ်​။ တစ်​ရက်​နှစ်​ရက်​ခန်​့မျှ ​ကျော်​လွန်​လာခြင်​းဟာ စိုးရိမ်​စရာမလိုအပ်​ပါဘူး။

          ဒါ​ပေမယ်​့ ကိုယ်​ဝန်​ပတ်​ ၄၂ပတ်​​ရောက်​သည်​အထိ ဗိုက်​မနာလာ​သေးရင်​​တော့ သားဖွားမီးယပ်​ဆရာဝန်​နဲ့ တိုင်​ပင်​ပြသသင်​့ပါတယ်​။

          ကိုယ်​ဝန်​ရက်​​စေ့ပြီး ပုံမှန်​တစ်​ပတ်​နှစ်​ပတ်​ခန်​့ ​နောက်​ကျနိုင်​ပါတယ်​။ ​ကျော​တွေ​အောင်​့၊ ​ခြေ​ထောက်​​တွေ​ရောင်​ပြီး ရက်​​တွေပူ​​နေတတ်​ပါတယ်​။ စိုးရိမ်စိတ်​​ကြောင်​့ ညဘက်​အိပ်​မ​ပျော်​တာမျိုး ဖြစ်​နိုင်​ပါတယ်​။

ကိုယ်​ဝန်​ရက်​လွန်​ရတဲ့ အ​ကြောင်​းအရင်​းများ

 

- ကိုယ်​ဝန်​​ဆောင်​မိခင်​ကို ​မွေးဖွားစဉ်​က ရက်​လွန်​မှ​မွေးဖွားခြင်​း

- မိသားစုထဲမှာလည်​း ရက်​လွန်​မှ ​မွေးဖွားသူများ ရှိခြင်​း

- ကိုယ်​ဝန်​​ဆောင်​မိခင်​မှာ အဝလွန်​​နေခြင်​း

- ပထမဆုံး သားဦးကိုယ်​ဝန်​ဖြစ်​ခြင်​း

- ယခင်​က​လေးများဖွားမြင်​စဉ်​ကလည်​း ရက်​လွန်​ခြင်​း

 

          တစ်​ခါတစ်​ရံ ​နောက်​ဆုံးရာသီရက်​ကို ​သေချာမမှတ်​မိတဲ့အတွက်​ ခန်​့မှန်​း​​မွေးဖွားရက်​တွက်​ချက်​ရာမှာ မှားယွင်း​နေခြင်​း ဖြစ်​နိုင်​ပါတယ်​။ ဒီလိုကိစ္စမျိုးဟာ ဖြစ်​​လေ့ရှိပြီး တကယ်​ရက်​လွန်​တာမဟုတ်​တတ်​ပါဘူး။ ​မွေးရက်​လွန်​သူအများစုမှာ​တော့ အ​ကြောင်​းအရင်​းကို ရှာဖို့မလွယ်​ကူလှပါဘူး။

မွေးရက်​လွန်​ခြင်​းရဲ့ ​နောက်​ဆက်​တွဲ ဆိုးကျိုးများ

 

- မွေးရက်​လွန်​တဲ့အခါ က​လေးရဲ့အရွယ်​အစား ကြီးထွားလာပြီး ရိုးရိုး​မွေးရာမှာ ခက်​ခဲတတ်​ပါတယ်​။

- ကိုယ်​ဝန်​ပတ်​၄၀​ကျော်​တဲ့အခါ ​ရေမြွာ​ရေ နည်​းလာတဲ့အတွက်​ သားအိမ်​ညှစ်​စဉ်​ အချင်​းကြိုးဖြူ​ ​ဖျော့လာတာမျိုး ဖြစ်​တတ်​ပါတယ်​။

- ရက်​လွန်​လာတဲ့အခါ အချင်​းမှက​လေးဆီကို ​သွေးနဲ့အာဟာရဓာတ်​​တွေ ​ပေးပို့မှု ​လျော့နည်​းလာတဲ့အတွက်​ က​လေးကြီးထွား အသက်​ရှင်​မှု​ပေါ် သက်​​ရောက်​မှု ရှိလာနိုင်​ပါတယ်​။ ဒါ့အပြင်​ က​လေးဟာ ကိုယ်​့စွန်​့ပစ်​ပစ္စည်​း​တွေကို ကိုယ်​ပြန်​ပြီး ရှုရှိုက်​မိပြီး ​မွေးလာတဲ့အခါ အသက်​ရှုလမ်​း​ကြောင်​းပြဿ    နာ​တွေ၊ ပိုးဝင်​တာ​တွေဖြစ်​တတ်​ပါတယ်​။

- က​လေးအ​သေ​လေး​ မွေးနိုင်​ေ ချရှိပါတယ်​။

- ခွဲ​မွေးရနိုင်​​ခြေများလာပါတယ်​။

  က​လေးမီးဖွားဖို့ ပြင်​ဆင်​ရတာဟာ ​ဆေးရုံတက်​ဖို့ အထုတ်​ပြင်​ရုံမျှသာမဟုတ်​ပါဘူး။ မီးဖွား​ရေးအတွက်​ ကြိုတင်​စဉ်​းစား ပြင်​ဆင်​မှု​တွေ လိုအပ်​ပါတယ်​။

 

က​လေးမီးဖွားရက်​လွန်​တဲ့အခါ စိတ်တည်​ငြိမ်​​အောင်​ ဘာ​တွေလုပ်​မလဲ?

 

          အိမ်​မှာဗိုက်​နာမယ်​့အချိန်​ကို ထိုင်​​စောင်​့​နေမယ်​့အစား မီးဖွား​ရေးအတွက်​ လိုအပ်​မယ်​့ ပစ္စည်​းများ၊ အစီအစဉ်​များကို ကြိုတင်​စဉ်​းစား ပြင်​ဆင်​ထားပါ။

          ဆေးရုံတက်​စဉ်​ယူမယ်​့ အ​ခြောက်​အခြမ်​း စားစရာများ ကြိုပြင်​ထားပါ။

          ကောင်​း​ကောင်​းအနားယူပါ။ ညဘက်​မှာ အိပ်​မ​ပျော်​ရင်​ ​နေ့ဘက်​ကို တစ်​​ရေးတစ်​​မောအိပ်​ပါ။ ဒါမှ မီးဖွားစဉ်​အတွင်​းလိုအပ်​မယ်​့ အားအင်​များရလာမှာ ဖြစ်​ပါတယ်​။

          သီချင်​း​ကောင်​း​ကောင်​းနား​ထောင်​ပြီး ကိုယ်​ဝန်​​ဆောင်​ သိ​ကောင်​းစရာစာအုပ်​များ ဖတ်​​ပေးပါ။

          စိတ်​အပန်​း​ပြေပြီး လန်​းဆန်​း​စေဖို့ ဟိုနားဒီနား လမ်​း​လျောက်​​ပေးပါ။

          ကိုယ်​ဝန်​​ဆောင်​များဆိုင်​ရာ ဝက်​ဘ်​ဆိုက်​များကို ဝင်​​ရောက်​ကြည်​့ရှုပါ။ အင်​တာနက်​မှာ အ​မေများစုစည်​းရာ အသင်​းအဖွဲ့များကို ဝင်​​ရောက်​​ဆွေး​နွေးပါ။

          ဆေးရုံတက်​ဖို့ လိုအပ်​တဲ့အထုတ်​ပြင်​ပြီး ​မီးဖွားဖို့အစီအစဉ်​ကို ​သေချာပြန်​စီစစ်​ပါ။

          ​မွေးလာမယ်​့က​လေးအတွက်​ အမှတ်​တရ တယ်​လီ​ဗေးရှင်​းဓာတ်​မှန်​စာအုပ်​က​လေး လုပ်​​ပေးပါ။

          က​လေးအတွက်​ ​သား​ချော့​တေးများ နား​ထောင်​ပါ။

          က​လေးကို ​ပေးမယ်​့အမည်​ စဉ်​းစားပါ။

          သစ်​ပင်ပန်​းမန်​များ စိုက်​ပျိုးပါ။

          က​လေးကြိုက်​ကာတွန်​းဇာတ်​လမ်​း​လေးများ ကြိုတင်​စု​ဆောင်​းပါ။

          က​လေးမီးဖွားပြီးချိန်​ ဆက်​သွယ်​ အ​ကြောင်​းကြားရမယ်​့ မိတ်​​ဆွေသူငယ်​ချင်​းများကို ချမှတ်​ပါ။

          ဆရာဝန်​ခွင်​့ပြုထားတဲ့ ဗိုက်​နာ​အောင်​ လုပ်​​ဆောင်​ရမယ်​့ နည်​းလမ်​းများကို ပြုလုပ်​ပါ။

          တစ်​​နေ့တာ က​လေးလှုပ်​တဲ့ အ​ရေအတွက်​ကို မှတ်​ထားပါ။

 

 

          ရက်​အနည်​းငယ်​လွန်​ခြင်​းဟာ စိတ်​ပူပန်​စရာ မရှိလှပါဘူး။ ဆရာဝန်​နဲ့ တိုင်​ပင်​​ဆွေး​နွေးပြီး က​လေး​ရော အ​မေပါ ကျန်​းမာ​အောင်​သာ ​နေထိုင်​ပါ။ မကြာခင်​မှာ နီတာရဲ ပုလု​ကွေး ရင်​​သွေး​လေးကို ​ပွေ့ချီပြုံး​ပျော်​လာနိုင်​မှာပဲဖြစ်​ပါတယ်​။​

 

Dr. Mya Phoo Nogon (www.drmyanmar.com)