ကလေးတွေကို ဒါ့ကြောင့် ဒိန်ချဉ်ကျေွးသင့်တယ်
1. ဒိန်ချဉ်မှာ ကယ်ဆီယမ်ဓာတ်ကြွယ်ဝပါတယ်။
အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ် 8 အောင်စ (240 ml) တစ်ခွက်မှာဆိုရင် ကယ်ဆီယမ် 400 mg ခန့်ပါဝင်ပြီး ကလေးတွေရဲ့ အရိုးကို ကာကွယ်ပေးပါတယ်။
2. ဒိန်ချဉ်မှာ probiotics တွေပါဝင်ပါတယ်။
ဒိန်ချဉ်မှာ အစာအိမ်နဲ့အူလမ်းကြောင်းမှာသဘာဝအတိုင်းရှိနေတဲ့ပိုးတွေဖြစ်တဲ့ probiotics တွေပါဝင်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်စားသုံးခြင်းဖြင့် အစာချေစနစ်ကိုထိန်းညှိပေးပြီး ဝမ်းပျက်ဝမ်းလျှောနှင့် ဝမ်းချုပ်ခြင်းများကို ကာကွယ်ပေးပါတယ်။
Ceelin 1
3. ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။
ဒိန်ချဉ် 8 အောင်စမှာဆိုရင် ကြက်ဥတစ်လုံးနဲ့ညီမျှတဲ့ အသားဓာတ်(သို့) ပရိုတင်းဓာတ်ပါဝင်ပါတယ်။ ဒါ့ကြောင့် ကလေးရဲ့နေ့လည်အဆာပြေစာမှာ ဒိန်ချဉ်ကိုထည့်ကျေွးသင့်ပါတယ်။
Ceelin 2
4. ကိုယ်အလေးချိန်ကိုထိန်းသိမ်းဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။
လေ့လာမှုများအရ ဒိန်ချဉ်သောက်ခြင်းအားဖြင့် ဗိုက်ပြည့်စေပြီး မကြာခဏ ဆာလောင်မှုကိုလျော့ကျစေတဲ့အတွက် “အ၀လွန်ခြင်း” မှ ကာကွယ်ပေးနိုင်ပါတယ်။
5. နည်းမျိုးစုံအသုံးပြုနိုင်ပါတယ်။
ဒိန်ချဉ်ကို ဒီအတိုင်းခွက်နဲ့ကျေွးနိုင်သလို အရွက်သုတ်တွေထဲမှာလည်း ထည့်ကျေွးနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























