/
node/5379

ကိုယ်ဝန်ဆောင်ချိန် ဗိုက်နာလျှင်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်​ဝန်​​ဆောင်​ချိန်​ ဗိုက်​နာဗိုက်​​အောင်​့တာဟာ စိုးရိမ်​ရသလား။

 

          ကိုယ်​ဝန်​​ဆောင်​ချိန်​အစမှာ တချို့ ဗိုက်​အနည်​းငယ်​နာတတ်​ကြပါတယ်​။ ကိုယ်​ဝန်​ရင်​့လာခိျန်​မှာလည်​း ​မွေးချင်​လာ​သယောင်​ သားအိမ်​ညှစ်​ ဗိုက်​နာတတ်​တာမျိုး၊ သားအိမ်​​ဘေးအရွတ်​ နာတာမိျုး ​တွေဖြစ်​တတ်​ပါတယ်​။ တစ်​ခြားလက္ခဏာရပ်​​တွေမရှိပဲ တစ်​ခါတစ်​ရံ နာတတ်​တာမျိုးက စိုးရိမ်​စရာ မရှိတတ်​ပါဘူး။

ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ စိုးရိမ်​ဖို့မလိုတဲ့ ဗိုက်​နာတတ်​တဲ့ အ​ကြောင်​းအရင်​းများ

- ​လေပွခြင်​း

- ဝမ်​းချုပ်​ခြင်​း

- ခင်​ပွန်​းဖြစ်​သူနဲ့ အတူ​နေပြီးချိန်​ ကြွက်​တက်​သလိုနာခြင်​း

- သားအိမ်​​ဘေး အရွတ်​နာခြင်​း

- ​မွေးချင်​​ယောင်​​သားအိမ်​ညှစ်​ခြင်​း

 

          ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ တစ်​ခါတစ်​ရံ ဗိုက်​နာတတ်​ခြင်​းဟာ ဖြစ်​​လေ့ဖြစ်​ထရှိတဲ့ ပြဿနာတစ်​ခုဖြစ်​ပြီး အန္တရာယ်​မရှိတတ်​ပါဘူး။ ဒါ​ပေမယ်​့ ဆိုးဆိုးရွားရွားနာ​နေတယ်​၊ ​တောက်​​လျောက်​ကိုနာ​နေတယ်​ဆိုရင်​​တော့ ပြဿနာ တစ်​စုံတစ်​ရာရှိ​နေနိုင်​ပါပြီ။ နာတာဟာ အချိန်​အ​တော်​ကြာ နား​နေရင်​းနဲ့​တောင်​ မ​ပျောက်​ကင်​းဘူး၊ ဒါမှမဟုတ်​ ​အောက်​ပါ​ရောဂါ လက္ခဏာတစ်​ခုခု ရှိလာပြီဆိုရင​်​​တော့ ကျန်​းမာ​ရေးဌာနကို အ​ပြေးသွားသင့်ပါတယ်။

 

- မိန်း​မကိုယ်​မှ​ ​သွေးဆင်​းခြင်​း

- ပုံမှန်​မဟုတ်​တဲ့ အဖြူ ဆင်​းခြင်​း

- ဖျားခြင်​း၊ ချမ်​းတုန်​ခြင်​း

- ​ခေါင်​းချာချာလည်​မူးခြင်း

- ဆီးသွားချိန်​ နာခြင်​း၊ကျဉ်​ခြင်​း

- ပျို ့အန်​ခြင်​း

ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ စိုးရိမ်​စရာ ဗိုက်​နာခြင်​း အ​ကြောင်​းအရင်​းများ

- နေရာလွဲမှား သ​နေ္ဓတည်​ခြင်​း

- ကိုယ်​ဝန်​ပျက်​ကျခြင်​း

- ​လမပြည်​့ပဲ ​မွေးချင်​လာခြင်​း

- အချင်​းကွာခြင်​း

- ကိုယ်​ဝန်​ဆိပ်​တက်​ခြင်​း

- ဆီးပိုးဝင်​ခြင်​း

 

ကိုယ်​ဝန်​​ဆောင်​ချိန်​ ဗိုက်​နာတတ်​​သော အခြားအ​ကြောင်​းများ

- အစာအိမ်​ ဗိုင်​းရပ်​စ်​​ပိုးဝင်​ခြင်​း

- အစာအဆိပ်​သင်​့ခြင်​း

- အူအတက်​​ရောင်​ခြင်​း

- ဆီ​း​ကျောက်​တည်​ခြင်​း

- အသည်​း​ရောင်​ခြင်​း

- သည်​း​ခြေအိတ်​​​ရောဂါများ

- မုန်​့ချိုအိတ်​​ရောင်​ခြင်​း

- အသားလုံးတည်​ခြင်​း

- အူပိတ်​ခြင်​း

 

 

Dr. Mya Phoo Ngon (www.drmyanmar.com)