/
node/5587

ရာသီလာရက် မမှန်ခဲ့ရင် ကလေး ရနိုင်ပါ့မလား?

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          နည်းနည်းတော့ ခက်ခဲနိုင်ပေမယ့် ရနိုင်ပါတယ်။ 28 ရက်တစ်ကြိမ် ဓမ္မတာ လာနေသူတစ်ယောက်ဟာ 14 ရက်တိုင်းမှာ သားဥကြွေတတ်ပေမယ့် 35 ရက်ကနေ 42 ရက် ရာသီစက်ဝန်း ရှိသူမှာတော့ ရက်ပိုကြာသွားတာကြောင့် သားဥကြွေတာ ပျမ်းမျှပိုနည်းတယ်လို့ ဆိုနိုင်ပါတယ်။ ရာသီစက်ဝန်း မမှန်သူတွေမှာတော့ သားဥကြွေရက်ကို တွက်ချက်ဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

 

>>    ရာသီလာနေစဉ်မှာ ကိုယ်ဝန်ရနိုင်သလား?

          ရနိုင်တယ်လို့ ဆိုရပေမယ့် တော်တော်တော့ အဖြစ်နည်းပါတယ်။ ပုံမှန်ရာသီစက်ဝန်းထက် ပိုတိုသူတွေမှာ ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် ရာသီစက်ဝန်း 21 ရက်သာ ရှိသူတစ်ယောက်မှာ 7 ရက်မြောက်နေ့မှာ သားဥကြွေတဲ့အတွက် ရာသီလာရက် 5 ရက်မြောက်မှာ အတူနေမိခဲ့ရင် ရနိုင်ပါတယ်။ သုတ်ကောင်ဟာ 5 ရက်အထိ အသက်ရှည်နိုင်ပြီး သားဥကြွေချိန်မှာ သားဥပြွန်အတွင်း စောင့်နေနိုင်တာကြောင့် ဖြစ်ပါတယ်။

Dr. Emerald (www.drmyanmar.com)