/
node/5674

ရင်ဖွင့်ပြောပြခြင်း၏ ကောင်းကျိုးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          စိတ်ဖိစီးမှုဆိုတဲ့ စကားလုံးနဲ့ အတော်များများ ရင်းနှီးပြီးသားပါ။ ရှုပ်ထွေးပွေလီလှတဲ့ လောကမှာ အလုပ်၊ ပညာရေး၊ မိသားစုအရေးတွေနဲ့ မအားမလပ် စိတ်မချမ်းသာ ဖိအားများလာတဲ့အခါ ဘယ်လိုလုပ်ရမလဲ?

          အရိုးရှင်းဆုံးနဲ့ အကောင်းဆုံးအကြံဉာဏ်လေး ပေးပါရစေ။

          သမ္မတကြီးလင်ကွန်းဟာ တစ်နေ့မှာ သူ့မိတ်ဆွေဟောင်းတစ်ယောက်ကို အကြံတောင်းချင်လို့ ရုံးခန်းကို ဖိတ်ကြားပါတယ်။ ရောက်လည်းရောက်ရော သမ္မတကြီးဟာ တရစပ် ပြောပါတော့တယ်။ အမေရိကန်ပြည်ထောင်စုဟာ ကျွန်ပြဿနာ ပြည်နယ်ခွဲထွက်ရေးတွေနဲ့ ရှုပ်နေတဲ့ကာလမှာ သမ္မတကြီးဟာ ဖိစီးမှုတွေ သက်သာဖို့ နားထောင်မယ့်သူငယ်ချင်းဟောင်းကို ရှာဖွေပြီး ပြောပြရင်ဖွင့်လိုက်တာ ဖြစ်ပါတယ်။

          အမေရိကန်က စိတ်ပညာရှင် ဒေါက်တာပါ့တ်က -

●        ပိတ်ဆို့ထားတဲ့၊ ဖုံးကွယ်ထားတဲ့ စိတ်ခံစားမှုတွေကို ဖောက်ထုတ်ပါတဲ့။

●        အထဲမှာ တအုံနွေးနွေး ခံစားရတဲ့အခါ ကိုယ်တွင်းလုပ်ငန်းတွေကို ဆဲလ်ဖြစ်ပွားမှုတွေကို ထိခိုက်လာပြီး ကျန်းမာရေး ထိခိုက်လာပါသတဲ့။

 

          အကောင်းဆုံး အကြံဉာဏ်လေးကတော့ -

●        ပြဿနာကို မဖြေရှင်းနိုင်တောင် ဖွင့်ထုတ်စရာနေရာ ယုံကြည်ရသူ လူပုဂ္ဂိုလ် ရှာဖွေပါ။

●        လှပသာယာတဲ့နေရာ ရိုမန်တစ်ဆန်တဲ့ ကော်ဖီဆိုင်လေးတွေမှာ ချိန်းဆိုပါ။

●        ပင်လယ်ကမ်းခြေ၊ သစ်ရိပ်ဝါးရိပ်တွေမှာ နှစ်ယောက်တည်း တွေ့ဆုံပါ။

●        အားရပါးရ ရင်ဖွင့်ပါ။

●        အကုန်အစင် ပြောပြပါ။ ဖိစီးနေတာ မှန်သမျှ ပွင့်ထွက်ခွင့်ပေးပါ။

●        ပြောပြခြင်းဖြင့် သင့်ဦးနှောက်တစ်သျှူးတွေကို အနားပေး ဖွင့်ထုတ်ပေးပါ။

●        စိတ်ရောကိုယ်ပါနေလို့ သက်သာကျန်းမာသွားမှာ မုချပါပဲလို့ အကြံကောင်းလေး ပေးလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)