ဘောပင်နဲ့ စာရေးသားတဲ့သူတွေ ဉာဏ်ပိုကောင်းပါသတဲ့
ကွန်ပျုတာ အင်တာနက်ခေတ်မှာ ကွန်ပျုတာတွေ၊ ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ စာရေးတာ အလွန်ခေတ်စားလာပါတယ်။ ရေးရမှတ်ရ လွယ်ကူတဲ့အလျောက် ဘောပင်နဲ့ စာရေးတဲ့ အလေ့အထဟာ မကြာခင် ပျောက်ကွယ်သွားလေမလား။
သုတေသနတွေအရ နှစ်တန်း၊ လေးတန်းနဲ့ ခြောက်တန်းကျောင်းသားတွေဟာ အက်ဆေး ရေးသားတဲ့နေရာမှာ ဖောင်တိန်ကို အသုံးပြုရေးသားတဲ့အခါ ကွန်ပျူတာအသုံးပြု ရေးသားတာထက် ပိုမိုကောင်းမွန်မြန်ဆန်စွာ ရေးသားနိုင်တာတာကို တွေ့ရပါသတဲ့။
ဘောပင်၊ ခဲတံနဲ့ စာရေးသားတဲ့ လုပ်ဆောင်ချက်ဟာ ကီးဘုတ်သုံးတာထက် ပိုမိုရှုပ်ထွေးတဲ့ ဦးနှောက်အလုပ်ပေးမှုတစ်ခု ဖြစ်တာကြောင့် ဉာဏ်ပိုထက်မြက်လာစေပါတယ်။
မေ့လျော့တတ်တဲ့ လူကြီးတွေ၊ စာမလိုက်နိုင်တဲ့ ကျောင်းသားတွေဟာ ဘောပင်နဲ့ စာရွက်ကို သုံးပြီး မှတ်သားတာတွေ များများလုပ်ပေးတဲ့အခါ ဦးနှောက်အတွေးအခေါ်နဲ့ လုပ်ဆောင်ချက်တွေ ပိုမိုမြန်ဆန်လာစေပါတယ်။
နာမည်ကြီး ဟယ်ရီပေါ်တာ စာရေးဆရာမ ဂျေကေရိုလင်းဟာ ဟယ်ရီပေါ်တာစီးရီးကို လက်ကိုင်ပဝါတွေပေါ်မှာ စတင်ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဘောပင်နဲ့ စာရွက်ကို သုံးပြီး နေ့စဉ် စာရေးတဲ့ အလေ့အကျင့်ကိုလုပ်တဲ့ ကလေးလူကြီးတိုင်းဟာ -
● တီထွင်ဖန်တီးနိုင်စွမ်း ပိုကောင်းလာကြပါတယ်။
● မှတ်သားနိုင်စွမ်း ထက်မြက်လာပါတယ်။
● အတွေးအခေါ်တွေ ရှင်းလင်းမြန်ဆန်လာပါတယ်။
● ဝါကျဖွဲ့စည်းမှုတွေ၊ ပိုကောင်းတဲ့အရေးအသားတွေ ဖန်တီးနိုင်လာပါတယ်။
ဒီတော့ ကွန်ပျူတာကီးဘုတ်၊ တက်ဘလက်တွေနဲ့ စာရေးသူများ ဘောပင်နဲ့စာရွက်ကို ပြောင်းလဲပြီး တစ်လှည့် ရေးသားကြည့်စေလိုပါတယ်။ ပိုမိုကောင်းမွန်လှပတဲ့စာတွေ ထွက်လာပြီး မိမိကိုယ်တိုင်လည်း ဖန်တီးနိုင်စွမ်း စိတ်အင်အားတွေ ပြန်လည်လေ့ကျင့် ထက်မြက်လာစေမှာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)





























