/
node/5865

အဆီပြန်တဲ့ အသားအရေအတွက်

Category
အလှအပနှင့်ကျန်းမာရေး

          နေလေး နည်းနည်းပြင်းလာတဲ့အခါ အဆီတွေ တဝင်းဝင်းဖြစ်လာပြီး ကြည့်လို့မလှ အဆင်မပြေဖြစ်ရတဲ့ ပျိုပျိုမေတို်အတွက် ကျန်းမာရေးနဲ့လည်းညီညွတ် သဘာဝလည်းကျတဲ့ တိုနာတွေကို မျှဝေပါရစေ။

 

●        ပန်းသီးရှာလကာရည် - ပန်းသီးရှာလကာရည် တစ်ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ ရောလိုက်ပြီး သမအောင်မွှေနော်။ ပြီးရင် ဂွမ်းလုံးလေးနဲ့ မျက်နှာတစ်ပြင်လုံး အသာတို့ သုတ်ပေးလိုက်ပါ။

●        ရေနွေးဆူဆူ တစ်ဖန်ခွက်ထဲကို ပူစီနံရွက် လေး၊ ငါး ရွက် ထည့်လိုက်ပါ။ ခဏလောက် အအေးခံလိုက်ပါ။ လုံးဝအေးသွားပြီဆိုရင် အရည်ကို ဂွမ်းလုံးလေးနဲ့ယူပြီး တို့သုတ်ပေးပါ။

●        လက်ဖက်ခြောက်ထုပ်လေး ထည့်ထားတဲ့ လက်ဖက်စိမ်းရေနွေးထဲကို သံပရာရည် လေး၊ ငါး စက်လောက် ညှစ်ထည့်လိုက်ပါ။ အအေးခံပြီး ဂွမ်းလုံးလေးနဲ့ ယူလို့ အသာအယာ တို့သုတ်နိုင်ပါပြီ။

●        သခွားသီး လေး၊ ငါး စိတ်ကို သေးသေးမွှာမွှာလေးတွေ စိတ်ပြီး ရေအေးထဲကို ထည့်ထားပါ။ နှစ်နာရီကနေ လေးနာရီထိ ရေခဲသေတ္တာထဲ ထည့်ထားပါ။ ပြီးရင် သခွားရေအေးလေးနဲ့ တိုနာ လုပ်နိုင်ပါပြီ။

●        ရှားစောင်းလက်ပတ် အနှစ်ကို ရေတစ်ဖန်ခွက်နဲ့ ရောစပ်ပါ။ သမအောင် မွှေပြီးတဲ့အခါ  မျက်နှာပေါ်ကို တို့နိုင်ပါပြီ။

●        ရေခဲရေ၊ ရေခဲတုံး သို့်မဟုတ် ရေခဲရေလေးကို ဂွမ်းနဲ့တို့ပြီး မျက်နှာပေါ်ကို တို့သုတ်ပေးတာဟာ ချွေးပေါက်လေးတွေကို ကျဉ်းသွားစေပြီး အဆီပြန်တာကို အထိုက်အလျောက် သက်သာစေပါတယ်။

          တကယ်တော့ တိုနာဆိုတာ အသားအရေကို အဆီမပြန်ဖို့ မျှခြေထိန်းသိမ်းပေးတဲ့ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။  တိုနာကို  မျက်နှာသစ်ပြီးတိုင်း မှန်မှန် အသုံးပြုပေးနိုင်ပါတယ်။ ကိုယ်နဲ့ တည့်မယ့်၊ အဆင်ပြေမယ် ထင်တာကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အသားအရေ အမျိုးအစား ကွာတာကြောင့် ဘယ်သူက ဘာနဲ့တည့်မလဲ၊ အဆင်ပြေမယ် မသိနိုင်ပါဘူး။ Miss Universe 2018 ဖိလစ်ပင်းအလှမယ် ကာထရီရိုနာဂရေးကတော့ ပန်းသီးရှာလကာရည်လေးနဲ့မှ အဆင်ပြေတတ်ပါသတဲ့။

          သဘာဝတိုနာလေးတွေနဲ့ ငွေကုန်သက်သာတဲ့အပြင် မျက်နှာလေးလည်း  အဆီပြန်ခြင်း ကင်းဝေးပြီး လန်းဆန်းစိုပြေနိုင်ပါစေ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)