/
node/6188

မိမိရဲ့ ရင်သွေးလေးတွေကျန်းမာကြောင်းဘယ်လိုသိနိုင်မလဲ

Category
ကလေးများနှင့်ကျန်းမာရေး

1. ကလေးကတုန့်ပြန်မှုရှိတယ်။

ကလေးက သူ့ကိုမြှူတဲ့သူတွေနဲ့ မျက်လုံးအကြည့်ချင်းထိတွေ့မှုရှိပြီး ပြန်ပြုံးပြတယ်၊ တခစ်ခစ်ရယ်တယ်ဆိုရင် သေချာပါတယ်၊ ဒါက ကလေးကပျော်ရွှင်ပြီး ကျန်းမာေ၇းကောင်းတယ်ဆိုတာ၊ ကလေးအသက်တစ်လလောက်မှာစပြီး ပထမဆုံး အကြည့်ချင်းထိတွေ့မှုရနိုင်ပါတယ်။ အသက် ၂ လလောက်ဆိုရင်စပြီးပြုံးတတ်ပါပြီ။ အသက် ၃ လအရွယ်လောက်ဆိုရင် ခိုးခိုးခစ်ခစ်အသံပြုတတ်ပြီး အသက် ၄ လဆိုရင် ရယ်မောတတ်ပါပြီ။ အသက် ၅လလောက်ရှိပြီဆိုရင် သူ့ကိုရီပြရင် ကလေးကလည်းပြန်ရီပြတတ်နေပါပြီ။ ဒါကတော့ ဒီအရွယ်မှာဖွံဖြိုးလာတဲ့တုန့်ပြန်မှုတစ်ခုပဲဖြစ်ပါတယ်။

2. ကလေးက သူ့ရဲ့ခန္ဓာကိုယ်ကို ထိန်းနိုင်တယ်။

ကလေးအသက် ၅ လကျော်ပြီဆိုတာနဲ့ ခေါင်းကိုကောင်းကောင်းထိန်းနိုင်ပါပြီ။ ကလေးကိုဝမ်းလျားမှောက်တတ်ချိန်မှာဆိုရင် ကြွက်သားတွေဖွံ့ဖြိုးဖို့အတွက် အလေ့အကျင့်လုပ်တတ်ပါတယ်။

3. အိပ်ချိန်ပုံမှန်ရှိတယ်၊ ငိုတာလည်းနည်းတယ်ပြီးတော့ ဂျီကျချျိန်လည်းပိုနည်းလာတယ်။

ဒါက ကလေးရဲ့အာရုံကြောစနစ်ဖွံဖြိုးလာနေပြီဆိုတာကိုပြပါတယ်။ အသက် ၄ လအရွယ်မှာဆိုရင် ကလေးအများစုအတွက် အနှောင့်အယှက်မဖြစ်ဘဲ ပုံမှန်အိပ်စက်ချိန်ရှိသင့်ပါတယ်။ တစ်ချို့ကလေးတွေက အခြားကလေးတွေထက်စာရင်ဒီလိုအိပ်စက်ချိန်ပုံစံကို စောစောပိုရတတ်ပါတယ်။ တကယ်လို့ ကလေးက  ၄လကျော်လို့မှ အိပ်ချိန်မမှန်ဘူးဆိုရင် ပုံမှန်အိပ်ချိန်ဇယားအတိုင်းအိပ်အောင်လုပ်ပေးဖို့လိုပါတယ်။

Cool Feel 1

4. ကလေးကပတ်ဝန်းကျင်ကိုစိတ်ဝင်စားမှုရှိတယ်။

ကလေးက ငြိမ်သက်ပြီး ပတ်ဝန်းကျင်ကအရာတွေကိုသင်ယူလေ့ရှိပါတယ်။ ကလေးငြိမ်သက်နေတယ်ဆိုတာက ပတ်ဝန်းကျင်က အချက်အလက်အသစ်တစ်ခုခုကို လေ့လာသင်ယူနေတဲ့သဘောပါ။ မွေးကာစရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကလေးရဲ့အမြင်အာရုံတွေကဝေဝါးနေတတ်ပါတယ်။ တဖြည်းဖြည်းချင်းမှ မျက်လုံးကြွက်သားတွေအပေါ်မှာထိန်းချုပ်နိုင်ပြီး တစ်ခုခုကိုစူးစိုက်မှုရရှိလာပါတယ်။

5. ကလေးက လှုပ်ရှားမှုတွေ၊ အရောင်တွေနဲ့ ပုံသဏ္႑န်တွေကို ကြည့်တယ်။

ကလေးက လှုပ်နေတဲ့အရုပ်လေးတွေ၊ ပန်ကာလည်နေတာာ အရောင်တောက်တဲ့ ပစ္စည်းတွေကိုလိုက်ကြည့်တယ်ဆိုရင်် ဒါကသူ့ရဲ့အမြင်အာရုံစူးရှတယ်ဆိုတာကိုပြတဲ့လက္ခဏာပါ။ ကလေးရဲ့အမြင်က ကလေးကိုထမင်းကျေွးတဲ့အချိန်မှာရှိတဲ့ အမေနဲ့ကလေးရဲ့အကွာအဝေးလောက် ၈ လက်မနဲ့ ၁၂ လက်မကြားပဲမြင်နိုင်ပါတယ်။ ကလေးအသက် ၁ လသားအရွယ်မှ ၁၈ လက်မအဝေးကိုမြင်နိုင်ပါတယ်။ အသက် ၂ လအရွယ်မှာတော့ ကလေးအများစုက အရောင်တောက်တောက်တွေ၊ ပုံသဏ္႑န်တွေနဲ့ လည်နေတဲ့အရာဝတၴုတွေကိုကြည့်နိုင်ပါပြီ။

6. ကလေးက ကောင်းကောင်းနားထောင်နိုင်စွမး်ရှိတယ်။

ကလေးက သူမကြားဖူးတဲ့အသံကိုကြားရင်လှည့်ကြည့်တယ်ဆိုတာက ကလေးရဲ့အကြားအာရုံဖွံ့ဖြိုးနေတယ်လို့ဆိုလိုပြီး သူက အသံအမျိုးမျိုးကို ခွဲခြားပြီး မှတ်ဖို့ ကြိုးစားနေတာပါ။ ကလေးကမွေးကတည်းက အသံတွေကိုတော့ကြားနိုင်ပေမယ့် နေ့စဉ်ဖြစ်ပေါ်နေတဲ့ဆူညံသံတွေကို ရှင်းရှင်းလင်းလင်းခွဲခြားပြီးသိဖို့တော့ အချိန်လိုပါတယ်။ တစ်ချို့အသံတွေက ကလေးအတွက်စိတ်ဝင်စားစရာမကောင်းပေမယ့်လည်း အချို့အသံတွေကတော့ စွဲဆောင်နိုင်ပါတယ်။ ကလေးက အသံအသစ်တစ်ခုကြားရတိုင်း အသံထွက်တဲ့နေရာကိုလိုက်ရှာနေတယ်ဆိုရင် ဒါက ကောင်းတဲ့လက္ခဏာပါ။

Cool Feel 2

7. ကလေးက ကိုယ်အလေးချိန်တိုးလာပြီးတော့ သေးခံဝတ်ကိုလည်း မကြာခဏလဲပေးရတယ်။

ကလေးကို ပုံမှန် ကိုယ်အလေးချိန်ချိန်ပေးဖို့လိုပါတယ်။ ကလေးဆ၇ာဝန်နဲ့သွားပြရင်လည်းပုံမှန်ဝိတ်ချိန်ပေးပါလိမ့်မယ်။ ကလေးက ပုံမှန်ကိုယ်အလေးချိန်တိုးလာရပါမယ်။ ကလေးအာဟာရပြည့်မပြည့်၊ နို့လိုသလောက်ရမရဆိုတာကိုပြတဲ့လက္ခဏာတစ်ခုကတော့ ကိုယ်အလေးချိန်တိုးလာခြငး်ပဲဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကလေးရဲ့သေးခံဝတ်က တစ်နေ့ကို အနည်းဆုံး ၈-၁၀ ကြိမ်လောက်စိုနေရပါမယ်။ ကလေးကြီးထွားလာချိန်မှာ ကလေးက အစာကိုမကြာခဏပိုတောင်းလာပါမယ်။ ကြီးထွားမှုနှုန်းမြန်လေလေ ကလေးကိုမကြာခဏအစာကျေွးရလေပဲဖြစ်ပါတယ်။

8. ကလေးက အမေရဲ့အသံကြားရရင် ကလေးကိုပွေ့ဖက်လိုက်ရင် အငိုတိတ်သွားပါတယ်။

မိခင်ဝမ်းထဲမှာနေကတည်းက ကေးလကအမေရဲ့အသံကိုမှတ်မိဖို့အတွက် သင်ယူလာခဲ့ပါပြီ။ ကလေးကိုချီလိုက်တဲ့အချိန်မှာ မိခင်ရဲ့ကိုယ်ငွေ့နွေးနွေးကလည်း ကလေးကိုငြိမ်သက်စေပါတယ်။ ကလေးကိုအနှီးလေးနဲ့ထုတ်ပြီး ပွေ့ချိီထားကာကိုယ်ငွေ့လေးရစေခြင်းက ကလေးနားမှာဒီအတိုင်းနေတာထက်ပိုပြီးကလေးကို စိတ်သက်သာရာရစေပါတယ်။ ဒါက ကလေးနဲ့မိခင်ကြားက ဆက်သွယ်မှုလက္ခဏာပါ။

ကလေးမှာ အထက်ပါလက္ခဏာတွေရှိတယ်ဆိုရင် ကလေးရဲ့ကျန်းမာရေးအတွက်စိတ်ပူစရာမလိုပါဘူး။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)

















ကလေးမှာ အထကျပါလက်ခဏာတှရှေိတယျဆိုရငျ ကလေးရဲ့ကနြျးမာရေးအတှကျစိတျပူစရာမလိုပါဘူး။

Dr. Mya Myo Myo Swe (www.drmyanmar.com)