/
node/6195

အဆော့တစ်လိုင်း ကလေးငယ်တွေ

Category
ကလေးများနှင့်ကျန်းမာရေး

        ကလေးဆိုတဲ့အမျိုးက အင်မတန်မှ အဆော့မက်တာ လူတိုင်း သိတယ်နော်။ ဒီလိုဆော့တဲ့အခါ အန္တရာယ်ကင်းကင်း ဆော့ကြဖို့တော့ မေမေ၊ ဖေဖေတွေက သတိပြုရမှာပါ။

          နှစ်စဉ်နှစ်တိုင်း အသက် ၁၄ နှစ်အောက် ကလေး အယောက် ၂၀၀၀၀၀ လောက်ဟာ ကစားရင်း ဒဏ်ရာတွေ ရတတ်ကြတယ်လို့ သိရတယ်။

●        ရောဂါထိန်းချုပ်ရေးဌာနကြီးရဲ့ အပြောအရဆိုရင် မိန်းကလေးတွေဟာ ဒဏ်ရာရတာ ပိုများတယ်လို့ ဆိုတယ်။

●        အသက် ၅ နှစ်ကနေ ၉ နှစ်အတွင်းမှာ ပိုအဖြစ်များတယ်။

●        အပေါ်ကို ချိတ်တက်တာတွေ၊ ဒန်းစီးတာတွေကနေ ဖြစ်တာများတယ်။

 

>>    အဖြစ်များတဲ့ ထိခိုက်မှုတွေကတော့ -

●        အရိုးကျိုးတာ

●        အဆစ်လည်တာ

●        ပြတ်တာ၊ ရှတာ

●        ခေါင်းထိမိတာ

●        အဆစ်လွဲတာတွေ ပါပဲ။

 

>>    ကလေးတွေ အန္တရာယ်ကင်းဖို့အတွက် -

●        သေချာစောင့်ကြည့်နေဖို့ လိုတယ်နော်။

●        ကစားကွင်းကြမ်းပြင် မာမာကြီးတွေကို သတိထားရမယ်။

●        ကစားစရာတွေ အရမ်းမပူပါစေနဲ့။

●        ကစားစရာတွေမှာ ပြတ်ရှနိုင်တဲ့စောင်းတွေ ရှိ၊ မရှိ ကြည့်ပါ။

●        ကလေးအသက်နဲ့ လိုက်ဖက်တဲ့ကစားစရာတွေကိုပဲ ဆော့စေပါ။

●        ပြီးတော့ ဆော့ရင်လည်း တစ်ယောက်ပြီးမှ တစ်ယောက် ဆော့ခိုင်းပါ။ အထူးသဖြင့် လျှောတွေမှာပေါ့။

●        ကလေးတွေရဲ့ ဖိနပ်ကြိုးတွေ ကောင်းကောင်း ချည်ထား၊ မထား ကြည့်ပေးနော်။ ကလေးတွေကို အဝတ်အစား ပေါ့ပေါ့ပါးပါးနဲ့ ကြိုးတွေ၊ အမျှင်တွေ မပါတာမျိုး ဝတ်ပေးပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)