နှာရည်တွေ တရွှဲရွှဲဖြစ်နေတာဘာကြောင့်လဲ
ရာသီဥတုကြောင့် အအေးမိဖျားနာတဲ့အခါ နှာစေးပြီး နှပ်တွေထွက်မယ် သလိပ်တွေထွက်လာလေ့ရှိပါတယ်။ စိတ်ကသိကအောင့်ဖြစ်ရပြီး လူကြားထဲမှာလည်း ရုပ်ပျက်ရတာကြောင့် နေရထိုင်ရခက်ကြပါတယ်။ အအေးမိတဲ့ အခါတိုင်း ကိုယ့်ရဲ့ ခန္ဓာကိုယ်က နှာရည်တွေ၊ အကျိအချွဲတွေ၊ သလိပ်တွေဟာဘာကြောင့် ထွက်တာလဲ။
အကျိုးအကြောင်းကတော့ ဒီလိုပါတဲ့။
• ခန္ဓာကိုယ်ထဲကိုရောဂါပိုးတခုခုသို့မဟုတ်အမှုန်အမွှားတခုခုဝင်တဲ့အခါ ခန္ဓာကိုယ်ကတုံ့ပြန်တဲ့အနေနဲ့ သလိပ်တွေ အကျိအချွဲတွေ အများကြီးထွက်လာပါတယ်။
• အဲဒီအကျိအချွဲတွေကိုနှာရည်အဖြစ် သလိပ်အဖြစ်ပြောင်းလဲပြီး ရောဂါပိုးတွေ၊ အမှုန်အမွှားတွေကို ဆေးကြောပစ်လိုက်သလိုမျိုးကိုယ်ထဲကနေ ပြန်လည်စွန့်ပစ်လိုက်ပါတယ်။
နှာရည်က ဘာရောင်တွေထွက်တတ်သလဲ…….
• အဝါရောင် သို့မဟုတ် အဖြူရောင်ပျစ်ပျစ်ထွက်တဲ့အခါ အထဲမှာသွေးဆဲလ်အသေတွေနဲ့ ဆဲလ်အရှင်တွေ အများကြီးပါနေပြီးခန္ဓာကိုယ်ကဘက်တီးရီယားတွေ ဗိုင်းရပ်စ်ပိုးတွေကို သူတတ်နိုင်သလောက် ကြိုးစားတိုက်ထုတ်နေပါသတဲ့။
• အစိမ်းရင့်ရင့် အရောင်ထွက်တဲ့အခါ သွေးဖြူဥတွေနဲ့ အင်ဇိုင်းတွေ ပါလာတာကြောင့် ခန္ဓာကိုယ်ကပိုးတွေတိုက်ထုတ်ဖို့ ချက်ချင်းအင်အားတိုးမြှင့်လိုက်တာကို ပြသပေးပါတယ်။
ဒီတော့ နှာရည်ထွက် နှာစေးတဲ့အခါ စိတ်ညစ်စိတ်ပူတာတွေ မဖြစ်စေလိုပါဘူး။
တကယ်တော့ ခန္ဓာကိုယ်က ဝင်ရောက်လာတဲ့ပိုးတွေကို တတ်နိုင်သလောက် တိုက်ထုတ်နေတာကို ပြသနေတာမို့ ကိုယ်က ပိုမိုဂရုစိုက်ပေးပြီး ရေများများသောက်ပေးတာမျိုး၊ နွေးနွေးထွေးထွေးနေပြီး အာဟာရပြည်ပြည့်ဝဝစားပေးတာမျိုး၊ မိမိခန္ဓာကိုယ်ကိုအနားပေးတာမျိုး လုပ်ပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကိုတောင့်တင်းလာအောင် ကူညီပေးပါလို့ အကြံပြုပါရစေ။
ဂျီပီငှက် (ဆေး / မန်း) (www.drmyanmar.com)
(Unicode)





























