/
node/6339

ကလေးငယ်လေးတွေမှာရော ဝမ်းစိမ်းစိမ်းသွားနေသလား

Category
ကလေးများနှင့်ကျန်းမာရေး

       အမေ့နု့ိ စို့တဲ့ကလေးတွေမှာ ဝမ်းစိမ်းစိမ်းသွားတာ အင်မတန် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မွေးပြီးပြီးချင်း ရက်ပိုင်းအတွင်းမှာပေါ့။ နောက်ပိုင်းမှာ ကလေး အသက် ၁ နှစ်နီးလာတာနဲ့အမျှ အစားလည်း စုံလာတော့ ဝမ်းအရောင် အဝါ၊ အဝါကနေ အညို စသဖြင့် ပြောင်းလဲလာပါလိမ့်မယ်။

          နို့ဘူးစို့တဲ့ကလေးတွေမှာဆိုရင် လနဲ့ချီပြီးတောင် ဝမ်းစိမ်းစိမ်း သွားတတ်ပါသေးတယ်။ နို့မှုန့်တွေထဲ သံဓာတ်ပါလို့လည်း ဖြစ်နိုင်တယ်။ ပြီးတော့ သံဓာတ်အားနည်းလို့ အားဆေးသောက်နေရရင်လည်း ဝမ်းစိမ်းတတ်တယ်နော်။

          ကလေးအကြီးတွေမှာဆိုရင် အစားအစာတွေကြောင့်လည်း ဖြစ်နိုင်သလို အစိမ်းရောင် မာကာတွေ၊ ရောင်စုံခဲတံတွေ ပါးစပ်ထဲ လျှောက်ထည့်လို့ ဖြစ်တတ်တယ်။

          စိုးရိမ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ပြကြည့်ပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)