ဝမ်းဗိုက်ကလေးကို ကျန်းမာစေမယ့်အစားအစာ ၇ မျိုး
1. ငှက်ပျောသီး
ငှက်ပျောသီးကအစာကြေလွယ်ပြီးတော့ အစာအိမ်ကိုဒုက္ခပေးလေ့မရှိတဲ့အတွက် မာရသွန်အပြေးသမားတွေအတွက် အားအင်ပြည့်ဖို့အတွက် ငှက်ပျောသီးကိုစားဖို့ ထောက်ခံထားပါတယ်။ ဒါ့အပြင် ငှက်ပျောသီးက pectin လို့ခေါ်တဲ့ အူလှုပ်ရှားမှုကိုအထောက်အကူဖြစ်စေတဲ့ဓာတ်လည်းပါဝင်တဲ့အတွက်ကြောင့် အစာခြေခြင်းကို ကူညီနိုင်ပါတယ်။
2. သဘောၤသီး
သဘောၤသီးစားရင် အစာခြေတာကိုကောင်းစေတယ်၊ အစာမကြေတာကိုသက်သာစေတယ်၊ ပြီးတော့ ဝမ်းချုပ်တာအတွက်လည်းကောင်းပါတယ်။ သဘောၤသီးထဲမှာပါတဲ့ papain နဲ့ chymopapain ဆိုတဲ့ အင်ဇိုင်းတွေက အစာအိမ်မကောင်းတာကိုသက်သာစေပါတယ်။ သဘောၤသီးကို အသီးအတိုင်းအလွယ်တကူမရနိုင်ဘူးဆိုရင် သဘောၤသီးကနေထုတ်ထားတဲ့ ဆေးပြားတွေသောက်လို့ရပါတယ်။
3. ဆန်ဖြူ
အစာအိမ်မကောင်းတဲ့အခါမှာ ဆန်ဖြူ၊ အာလူးပြုတ်စတာတွေကိုစားရင်ကောင်းပါတယ်။ အစာအိမ်ပြန်ကောင်းသွားရင်တော့ အရမ်းဖြူအောင်ဖွတ်ထားတဲ့ ဆန်တွေကိုစားမယ့်အစား ဆန်လုံးညိုကပိုကောင်းပါတယ်။
Kremil-S 1
4. ဂျင်း
ဂျင်းက ပျို့ချင်အန်ချင်တာနဲ့ အစာမကြေတာတွေအတွက်ကောင်းပါတယ်။ အစာအိမ်မကောင်းတဲ့အခါမှာ ဂျင်းမှုန့်၊ ဂျင်းလက်ဖက်ရည်၊ ဂျင်းတက်နည်းနည်းကိုက်စားတာ၊ ဂျင်းသကြားလုံးစတဲ့တစ်မျိုးမျိုးစားပေးလို့ရပါတယ်။
5. ပန်းသီး
ငှက်ပျောသီးလိုပဲ ပန်းသီးတွေကလည်း ဝမ်းလျှောတာကိုသက်သာစေပါတယ်။ အစာအိမ်မကောင်းတဲ့သူတွေအနေနဲ့ ပန်းသီးအလုံးကိုလှီးစားမယ့််အစား ပန်းသီးကိုဆော့စ်လိုမျိုးလုပ်စားတာက အစာခြေရပိုလွယ်စေပါတယ်။ သစ်ကြံပိုးခေါက်ကလည်း အစာခြေတာကိုအားပေးတဲ့အတွက် စားမယ့်အစားအစာပေါ်မှာ သစ်ကြံပိုးခေါက်မှုန့်လေးဖြူးစားပေးရင်ကောင်းပါတယ်။
6. လက်ဖက်ရည်
peppermint, chamomile စတဲ့လက်ဖက်ရည်တွေက ဗိုက်နာတာကိုသက်သာစေပါတယ်။ Peppermint က အစာအိမ်မကောင်းနာတွေ၊ လည်ချောင်းနာတာတွေကိုသက်သာစေပြီးတော့ chamomile ကလည်း အစာအိမ်မကောင်းတာကိုသက်သာစေပါတယ်။
7. ဒိန်ချဉ်
နို့ထွက်ပစ္စည်းအများစုက အစာချေရခက်ပေမယ့်လည်း ဒိန်ချဉ်အလွတ်တစ်ခွက်ကတော့ ဒါနဲ့ဆန့်ကျင်ဖက်အစွမ်းရှိပါတယ်။ ဒီမှာသတိထားရမှာက active cultures ပါတဲ့ ဒိန်ချဉ်ကိုသောက်ပေးဖို့ပါ။ ဒါက အူထဲက အကျိုးပြုဘက်တီးရီးယားပိုးတွေကို ဖြည့်ပေးပြီးတော့ ရင်ပြည့်ရင်ကယ်ဖြစ်တာကိုသက်သာစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Kremil-S 2
(Unicode)
1. ငှကျပြောသီး
Dr. Mya Myo Myo Swe (www.drmyanmar.com)





























