/
node/6388

မသိမဖြစ် သိထားရမယ့် သနေ္ဓတား သောက်ဆေးအကြောင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

၁။       သားအိမ်ကင်ဆာနဲ့ သားဥအိမ်ကင်ဆာဖြစ်နှုန်းကို လျော့နည်းစေနိုင်ပါတယ်။

         သနေ္ဓတား သောက်ဆေးကို ၅ နှစ်လောက် သောက်ခြင်းဖြင့် နောက်ပိုင်းမှာ သားဥအိမ်ကင်ဆာဖြစ်နှုန်းကို ၉၀% လောက် လျော့ကျစေနိုင်ပါတယ်။

 

၂။       အခြားကင်ဆာရောဂါတွေကိုတော့ ပိုအဖြစ်များစေနိုင်ပါတယ်။

          သနေ္ဓတား သောက်ဆေးဟာ သားဥအိမ်နဲ့ သားအိမ်ကင်ဆာကို ကာကွယ်ပေးနိုင်စွမ်းရှိပေမယ့် ဆေးမသောက်တဲ့သူတွေထက်စာရင် ရင်သားကင်ဆာဖြစ်နှုန်းကို များစေနိုင်ပါတယ်။ ဒါပေမဲ့ ရင်သားကင်ဆာဖြစ်နှုန်းဟာ ဆေးဖြတ်လိုက်ပြီး ၁၀ နှစ်မှာ တဖြည်းဖြည်း ပြန်ကျသွားတယ်လို့ သိရပါတယ်။

 

၃။       သနေ္ဓတား သောက်ဆေးကို ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတစ်မျိုးလို့ သတ်မှတ်ထားပါသေးတယ်။

          ကမ်ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးက ဆေးလိပ်တွေလို ကင်ဆာဖြစ်စေနိုင်စွမ်းရှိတဲ့ ဆေးတစ်မျိုးလို့ သတ်မှတ်ခြင်း ခံရပါတယ်။

 

၄။       သေချာဂရုတစိုက် သောက်မယ်ဆိုရင် ကိုယ်ဝန်ကို ၉၉ ရာခိုင်နှုန်း ကာကွယ်နိုင်ပါတယ်။

          သေသေချာချာ မှန်မှန်ကန်ကန် သောက်သုံးဖို့တော့ လိုပါလိမ့်မယ်။

 

၅။       သွေးခဲ ပိတ်စေနိုင်ပါတယ်။

          အထူးသဖြင့် အဝလွန်နေသူ၊ ဆေးလိပ်သောက်သူ၊ အသက် ၃၅ နှစ်ကျော်သူတွေမှာ ပိုဖြစ်တတ်ပြီး ဒီအုပ်စုထဲမှာ မပါသူတွေမှာတော့ သွေးခဲပိတ်နှုန်း နည်းနည်း ပိုနည်းပါတယ်။ လေ့လာစမ်းသပ်မှုတစ်ခုမှာ ဆေးသောက်တာ ၁၀ နှစ်လောက် ရှိပြီဖြစ်တဲ့ ကျန်းမာရေးကောင်းနေတဲ့ အမျိုးသမီးတွေကို စောင့်ကြည့်တဲ့အခါ ဆေးမသောက်တဲ့ အမျိုးသမီးတွေထက်စာရင် သွေးခဲဖြစ်နှုန်း ၂ ဆ ပိုများပါတယ်။

 

၆။       တချို့သနေ္ဓတားဆေး အမျိုးအစားဟာ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကို ပိုဖြစ်စေနိုင်ပါတယ်။

          Estrogen နဲ့ progesterone ဟော်မုန်း ၂ မျိုးလုံးပါတဲ့ တားဆေးများဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ကို ပိုဖြစ်စေတတ်ပါတယ်။ ဖြစ်နှုန်းနည်းပေမယ့်လည်း မပေါ့ဆသင့်ပါဘူး။

 

၇။       ခန္ဓာကိုယ်ထဲမှာ ဗီတာမင်ဘီဓာတ်ကို လျော့နည်းစေနိုင်ပါတယ်။

          ဗီတာမင်ဘီဟာ အာရုံကြောနဲ့ ဟော်မုန်းစနစ်ကြီးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခု ဖြစ်နေပါတယ်။ စိတ်ဖိစီးမှုကို ကျစေခြင်း၊ မှတ်ဉာဏ်တိုးစေခြင်း၊ နှလုံးရောဂါဖြစ်နှုန်း ကျစေခြင်း စတဲ့ ကောင်းကျိုးအဖြာဖြာနဲ့ ပြည့်စုံစေနိုင်တဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ တားဆေးတွေ သောက်ခြင်းက Folic acid နဲ့ ဗီတာမင်ဘီ လိုအပ်ချက်ကို ပိုများစေနိုင်ပါတယ်။

 

၈။       ဝက်ခြံ ပျောက်စေနိုင်ပါသေးတယ်။

          ဝက်ခြံကို ဖြစ်စေနိုင်တဲ့ တရားခံတစ်ခုကတော့ Androgen လို့ခေါ်တဲ့ testosterone ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ တားဆေးတွေဟာ ဒီဟော်မုန်းကို လျော့နည်းစေနိုင်တာကြောင့် ဝက်ခြံအချို့ကို သက်သာစေနိုင်ပါတယ်။

 

၉။       လိင်မှုစိတ်ဆန္ဒကို လျော့နည်းစေနိုင်ပါတယ်။

          မကောင်းတဲ့အချက်တစ်ခုက ဒီလို Testosterone တွေ ကျသွားတဲ့အခါမှာ လိင်မှုစိတ်ဆန္ဒလည်း ကျသွားတတ်ပါတယ်။

Dr. Emerald (www.drmyanmar.com)