/
node/6412

လုံးဝမစားမသောက် အငတ်ခံပြီး ဝိတ်ချစရာမလိုတော့ဘူးနော် ... ဒီနည်းလမ်းလေးတွေကို စမ်းလုပ်ကြည့်ပါ

Category
အလှအပနှင့်ကျန်းမာရေး

၁။ မနက်စာကို များများစားပါ။

          အသီးချည်းပဲ စားစရာမလိုတော့ဘူးနော်။ ပရိုတင်းနဲ့ အဆီနည်းနည်းလည်း လိုတာပေါ့။ ကြက်ဥမွှေကြော်နဲ့ ဝက်အူချောင်းကြော်တွေက ဗိုက်ကို ပိုပြည့်စေနိုင်တယ်။

 

၂။ များများစားပေးပါ။

          မနက်စာ၊ နေ့လယ်စာ၊ ညစာတွေကို ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားပေးမယ်။ အဆာပြေ သရေစာအနေနဲ့ဆိုရင် အယ်မွန်စေ့လိုမျိုး အစေ့အဆံမျိုးတွေကို စားပေးလု့ိရတယ်။

 

၃။ ကစီဓာတ်တွေကို ဝေးဝေးရှောင်ပါ။

          ထမင်း၊ ပါစတာ၊ ပေါင်မုန့်ဖြူ၊ အာလူးလိုမျိုး ကစီဓာတ်တွေက ဝစေနိုင်တယ်။ ပါစတာတွေ၊ ပေါင်မုန့်တွေ အရမ်းစားချင်နေတယ် ဆိုရင်တောင် အရောင်မချွတ်ထားတဲ့ အမျိုးအစားကို ရွေးစားပေးပါ။ အများကြီး မစားမိရင် ပြီးတာပါပဲ။

 

၄။ အလေးမပါ။

          အားကစားလုပ်ဖို့လည်း လိုတာပေါ့။ ကြွက်သားတွေ တည်ဆောက်ခြင်းက လုပ်ကိုင်နိုင်စွမ်းကို တက်စေနိုင်တာတင်မကဘူး။ ကယ်လိုရီတွေကိုလည်း ပိုပြီးလောင်ကျွမ်းစေနိုင်ပါတယ်။

 

၅။ မစားခင် စဉ်းစားနော်။

          မစားခင်မှာ ကိုယ်စားမှာကို သေချာကြည့်ပါဦး။ အရသာလည်းရှိ ကိုယ့်အတွက်လည်း ကောင်းမယ့်အစားအစာတွေကိုပဲ စားပေးသင့်တယ်။ ပြီးတော့ ဖြည်းဖြည်းစားပေးတာက ကြာကြာ ဗိုက်ပြည့်စေနိုင်တယ်။

 

၆။ တစ်ပတ်တစ်ခါလောက်တော့ အလိုလိုက်ပေးပေါ့။

          အကြာကြီး စားချင်တာတွေကို ချိုးနှိမ်ထားရင်လည်း စိတ်ညစ်ပြီး မကြာခင်မှာပဲ လက်လျှော့သွားတတ်တယ်။ ဒါကြောင့် တစ်ပတ်တစ်ခါလောက် ပီဇာချပ် နှစ်လွှာလောက်လေး စားပေးလို့ ရတယ်နော်။

 

၇။ အချိုကို တတ်နိုင်သမျှ လျှော့ပါ။

          ဒါဟာ ကိုယ်အလေးချိန် လျှော့ချဖို့ အလွယ်ဆုံးနည်းပါ။ အစပိုင်းမှာတော့ အရမ်း စားချင်နေလိမ့်မယ်။ ဒါပေမဲ့ တဖြည်းဖြည်း ရလဒ်ကိုမြင်လာရရင် ခံနိုင်ရည်ရှိသွားလိမ့်မယ်။

 

၈။ ပြေးပေးပါ။

          ပြေးရတာ မကြိုက်ဘူးဆိုရင် ဖြည်းဖြည်းတစ်လှည့်၊ မြန်မြန်တစ်လှည့် ပြေးပေးပါ။ မြန်မြန်ပြေးလေလေ အဆီတွေ လောင်ကျွမ်းလေလေပါပဲ။

 

၉။ အချိုရည်ဆိုဒါတွေ လုံးဝလုံးဝမသောက်နဲ့။

          ဒါပေမဲ့ တစ်ခါတလေလေးတော့ ဝိုင်လေး နည်းနည်းပါးပါး သောက်ပေးပါ။ ကစီဓာတ် လျှော့ထားတဲ့ ဘီယာမျိုးလည်း တစ်ခါတစ်ခါ သောက်ပေးလု့ိရတယ်။

 

၁၀။ အဆီကို မကြောက်ပါနဲ့။

          ကောင်းတဲ့အဆီတွေဟာ ဗိုက်ကိုကြာကြာပြည့်စေပြီး အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတယ်။ မကောင်းတဲ့အဆီတွေကိုတော့ မစားတာကောင်းတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)