/
node/6486

ခေါင်းကိုက်ရောဂါအတွက် အသီးဖျော်ရည်ကောင်းကောင်းလေးတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ခေါင်းကိုက်ရောဂါကုသရာမှာ မေ့မထားသင့်တဲ့ သဘာဝဆေးကတော့

လတ်ဆတ်ချိုအေးတဲ့သဘာဝဖျော်ရည်ပါပဲ။ သကြားမပါဘဲ ဖျော်စပ်ထားတာမို့ အာဟာရတွေပြည့်ဝကျန်းမာနေပြီး ဦးနှောက်နဲ့အာရုံကြောကို အားဖြည့်ပေးတဲ့ အလွန်ကောင်းတဲ့ ဆေးရည်တွေလို့ဆိုရမှာပါ။

 

• ဖရဲသီးနဲ့ သခွားသီးကိုကြိတ်ချေပြီး ရောမွှေဖျော်စပ်ထားတဲ့ ဖျော်ရည်မှာ ရေဓာတ် မက်ဂနီဆီယမ်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေအပြည့်မို့ ဦးနှောက်စွမ်းအားတိုးစေမှာမုချပေါ့။

 

• ဂျင်းစိတ်လေးတွေထည့်ထားတဲ့ ပျားရည်လေးစပ်ထားတဲ့ရေနွေးကတော့ အစာကြေရင်ချောင်စေရုံသာမက ခေါင်းကိုက်ရောဂါအတွက် စူပါဆေးရည်ဖြစ်ပါတယ်နော်။

 

• ရေထဲကိုသံပရာသီးလေးစိတ်ထည့်ထားတဲ့ ရေခဲစိမ်သံပရာရည်ကတော့ ပါဝင်တဲ့ဗီတာမင်စွမ်းအားနဲ့ရောင်ရမ်းခြင်းတွေကျစေသလို ပျားရည်လေးတဇွန်းထည့်လိုက်ရုံနဲ့ အာရုံကြောအားဖြည့်အရည်ဖြစ်သွားပြီး ခေါင်းကိုက်နေသူများကို အလွန်နေသာသွားစေပါသတဲ့။

Bio Adult 1

• ပူစီနံရွက်လေခတ်ထားတဲ့ ရေနွေးနွေးလေးဟာ အစာအိမ်နဲ့အူလမ်းကြောင်းကအာရုံကြောတွေကို ပြေလျော့စေသလို ဦးနှောက်တွင်းက တင်းကြပ်နာကျင်နေတာတွေကိုပါကောင်းစေပါတယ်။ 

 

• ငရုတ်သီးခြောက်ကိုရေနွေးထဲထည့်စိမ်ပြီးသောက်ရင် ပါဝင်တဲ့ကပ်စိုင်ဇင်ဓာတ်ကြောင့် နာကျင်မှုအချက်ပြအာရုံကြောလှုံဆော် ပစ္စည်းတွေကို အားပျော့သွားစေပါတယ်။

 

• အယ်လမွန်နို့ရည်မှာ မက်ဂနီဆီယမ်ဓာတ်အများကြီးပါဝင်ပြီး တခြားသစ်သီးဖျော်ရည်တွေနဲ့ရောစပ်သောက်သုံးခြင်းဖြင့် ခေါင်းကိုက်သက်သာစေမယ့် အမြင့်မားဆုံးသော အကျိုးကျေးဇူးကိုရရှိစေပါတယ်။ 

 

• သဘာဝသောက်ရေသန့်ကတော့ အရိုးရှင်းဆုံးနဲ့ အဆန်းဆုံးခေါင်းကိုက်ပျောက်ဆေးတလက်ပါ၊ရေဓာတ်ခန်းခြောက်လေ ခေါင်းပိုကိုက်လေပါပဲ။ ခေါင်းကိုက်နေချိန်မှာ ရေတဖန်ခွက်လောက် အားရပါးရမော့ချလိုက်ရင် ချက်ချင်းရေဓာတ်ပြည့်ဝလာပြီး ခေါင်းကိုက်သက်သာစေပါသတဲ့။

 

တကယ်တော့ ဘယ်ဖျော်ရည်က ဘယ်လိုတိတိကျကျကာကွယ်နိုင်တယ်လို့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ပညာရှင်တွေရဲ့ အကြံပေးချက်တွေအရ  လတ်ဆတ်တဲ့ သဘာဝဖျော်ရည်တွေ နေ့စဉ်သောက်မယ်ဆိုရင် ခေါင်းကိုက်ရောဂါကို အတိုင်းအတာတခုထိ ကုသကာကွယ်ပေးနိုင်ပါတယ်။ ခေါင်းကိုက်ဖြစ်လာရင်လည်း ဖော်ပြပါအတိုင်း ဖျော်စပ်သောက်သုံးကြည့်ရင် နာကျင်တာတွေ သိသိသာသာလျော့ကျထိန်းချုပ်နိုင်ပါတယ်နော်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Bio Adult 2

(Unicode)



 


 


 


 


 


 


 


 


 
