/
node/6587

ကလေးတွေကို မကျွေးသင့်တဲ့အစားအသောက်များ

Category
ကလေးများနှင့်ကျန်းမာရေး

က​လေး​တွေဟာ အသက်​အလွန်​ငယ်​ရွယ်​စဉ်​ကတည်​းက အချိုအလွန်​အစားများပါတယ်​။ ဒီလိုစား​သောက်​ခြင်​းဖြင်​့ ပုံမှန်​အစားအစာ​တွေကို ​တော်​ရုံခံတွင်​းမ​တွေ့ကြ​တော့ပါဘူး။

ဒီ​ဆောင်​းပါးမှာက​လေး​တွေစားသင်​့တဲ့ကျန်​းမာ​ရေးနဲ့ ညီညွတ်​တဲ့အစားအစာ​တွေအပြင်​ ကျန်​းမာ​ရေးနဲ့ ညီညွတ်​တယ်​ထင်​ရ​ပေမယ်​့လည်​း လုံးဝမစားသင်​့တဲ့အစားအ​သောက်​​တွေကို ​ဖေ်​ာပြသွားပါမယ်​။

 

၁။အသီး​ဖျော်​ရည်​

 

အသီး​ဖျော်​ရည်​​တွေဟာ က​လေးအရွယ်​မ​ရွေးကြိုက်​တဲ့ အရာ​တွေဖြစ်​​ပေမယ်​့ အသီး​ဖျော်​ရည်​တစ်​ဖန်​ခွက်​မှာ သကြားလက်​ဖက်​ရည်​ဇွန်​း၅-၆ဇွန်​း​လောက်​ပါဝင်​ပါတယ်​။ ဒီသကြား​တွေဟာ ​သွေးထဲကိုလျင်​မြန်​စွာ ဝင်​​ရောက်​သွားပြီး ကစီဓာတ်​ဇီဝကမ္မဖြစ်​စဉ်​ကို​ ဒုက္ခ​ပေးနိုင်​ပါတယ်​။ ဒါ​ကြောင်​့ အသီးစစ်​စစ်​ကိုသာ ​ကျွေးပါ။ အသီးမှာပါတဲ့အမျှင်​ဓာတ်​​ကြောင်​့ အသီးအချိုရည်​ကို ဖြည်​းဖြည်​းသာစုပ်​ယူ​စေပါတယ်​။ အသီးကိုလတ်​လတ်​ဆတ်​ဆတ်​ညှစ်​​သောက်​နိုင်​သလို နို့နဲ့​ရော​ဖျော်​​သောက်​နိုင်​ပါတယ်​။

Ceelin Plus 1

၂။ ဒိန်​ချဉ်​

 

က​လေး​တွေစားဖို့ ဒိန်​ချဉ်​​ရွေးတဲ့အခါ အရင်​ဆုံးပါဝင်​ပစ္စည်​း​တွေကို ကြည်​့သင်​့ပါတယ်​။ ​ရေခဲ​သေတ္တာထဲမထည်​့ထားဘဲ အပြင်မှာထားထားတဲ့ ဒိန်​ချဉ်​ဘူး​တွေကို မဝယ်​ပါနဲ့။ အချိုထည်​့ထားတဲ့ဒိန်​ချဉ်​မဝယ်​ဘဲ ရိုးရိုးသဘာဝဒိန်​ချဉ်​ကိုသာ ဝယ်​ပါ။ အသီးဒိန်​ချဉ်​​တွေမှာ သကြား​၊ အဆီ၊ ကယ်​လိုရီ​တွေအများကြီးပါဝင်​တဲ့အတွက်​ အဝလွန်​ခြင်​း၊ ဆီးချိုဖြစ်​နှုန်​းများခြင်​းတို့ ဖြစ်​နိုင်​ပါတယ်​။

 

၃။ မနက်​စာCereal

 

​ပြောင်​းစတဲ့Cerealအချပ်​​လေး​​တွေ၊ muesliလို့​ခေါ်တဲ့ နှံ​ပြောင်​း၊အသီး​ခြောက်​၊အ​စေ့အဆံ​တွေ​ပေါင်​းထားတဲ့ မနက်​စာစတဲ့ မနက်​စာcereal​တွေဟာ ​ကြော်​ငြာ​တွေမှာ​တော့ ကျန်​းမာ​ရေးနဲ့အလွန်​ညီညွတ်​တယ်လို့ ထင်​ရ​ပေမယ်​့ တကယ်​​တေ့ာ သကြား​တွေအများကြီးပါဝင်​ပါတယ်​။ ပြုပြင်​​ပြောင်​းလဲလိုက်​တဲ့အခါ ပါဝင်​တဲ့​ပြောင်​း​တွေနှံ​တွေမှာ တကယ်​အ​ရေးပါတဲ့ အစိတ်​အပိုင်​း​တွေအကုန်​ဖယ်​ရှားခံရပြီး ​နောက်​ဆုံးကစီဓာတ်​သာကျန်​ခဲ့ပါတယ်​။ ဒီမနက်​စာကိုစားခြင်​းဖြင်​့ ဗိုက်​ပြည့်​ဖို့ခက်​တဲ့အတွက်​ က​လေးဟာခဏ​လေးနဲ့ ဗိုက်​ပြန်​ဆာလာနိုင်ပါတယ်​။ အ​ကောင်​းဆုံးက အုတ်​ဂျုံကို ​စားချင်​စဖွယ်​ဖြစ်​​အောင်​ အသီး​တွေ၊ အ​စေ့အဆံ​တွေ​ရောစပ်​ပြီး ​ကျွေးသင်​့ပါတယ်​။

 

၄။ ပျားရည်​

 

အသက်​ ၁ နှစ်​​အောက်​က​လေး​တွေကို ပျားရည်​မ​ကျွေးသင်​့ပါဘူး။ ဓာတ်​မတည်​့တာမျိုး ဖြစ်​တတ်​တဲ့အပြင်​ ပျားရည်​မှာပါတဲ့ဘတ်​တီးရီးယားပိုး တစ်​မျိုး​ကြောင်​့ botulismဆိုတဲ့ အ​ကြော​သေ​ရောဂါတစ်​မျိုး ဖြစ်​နိုင်​ပါတယ်​။

Ceelin Plus 2

၅။ စပျစ်​သီး

 

စပျစ်​သီးမှာ က​လေး​တွေအတွက်​ အထူး​ကောင်​းမွန်​တဲ့ ဗီတာမင်​နဲ့သတ္တုဓာတ်​​တွေ ပါဝင်​​ပေမယ်​့ စပျစ်​သီးအလုံး​တွေဟာ အလုံးကြီးပြီး ​ချော်​တတ်​တဲ့အတွက်​ မ​တော်​တဆက​လေးပါးစပ်​ထဲအလုံးလိုက်​ဝင်​သွားပြီး အသက်​ရှူ လမ်​း​​ကြောင်​းသွားပိတ်​တတ်​ပါတယ်​။ ဒါ့အပြင်​ က​လေးရဲ့အစာ​ခြေစနစ်​မှာ ​ခြေဖျက်​ဖို့ခက်​ခဲနိုင်​ပါတယ်​။

ဒါ​ကြောင်​့ ၂နှစ်​​အောက်​က​လေး​ေ​တွမှာ စပျစ်​သီးအစား ငှက်​​ပျောသီး​ကျွေးကြည်​့ပါ။

 

၆။ ဗီတာမင်​ဓာတ်​အား​ဆေးများ

 

ဗီတာမင်​အား​ဆေး​တွေဟာ နည်​းနည်​း​ပြောရခက်​တဲ့ ​ခေါင်​းစဉ်​တစ်​ခုဖြစ်​ပါတယ်​။ မိဘ​တွေဟာ ဗီတာမင်​အား​ဆေး​တွေကို ဆရာဝန်​နဲ့မတိုင်​မင်​ဘဲ ကိုယ်​့သ​ဘောနဲ့ကိုယ်​ တိုက်​​လေ့ရှိကြပါတယ်​။ အရုပ်​က​လေး​တွေဘယ်​လိုလှလှ၊ အ​ရောင်​အနံ့ဘယ်​လို​မွှေး​မွှေး ဗီတာမင်​​တွေမှာလည်​း သူ့ဆိုကျိုးနဲ့သူရှိနိုင်​တာ​ကြောင်​့ မတိုက်​ခင်​ ဆရာဝန်​နဲ့ အရင်​တိုင်​ပင်​ပါ။

တကယ်​​တော့ က​လေး​တွေအတွက်​ လိုအပ်​တဲ့ဗီတာမင်​​တွေကို အစားအ​သောက်​ကပဲ ရရှိသင်​့ပါတယ်​။ အား​ဆေး​သောက်​စရာ မလိုအပ်​ပါဘူး။

 

၇။ မစ်​ရှိတ်​ Milk shake

 

မိဘ​တွေကို ဆိုဒါနဲ့မစ်​ရှိတ်ဘာတိုက်​မလဲဆိုရင်​ မစ်​ရှိတ်လို့ပဲ မဆိုင်​းမတွ ​ဖြေကြမှာပါ။ တကယ်​​တော့ မစ်​ရှိတ်​မှာလည်​း အဆီနဲ့သကြား​တွေအများကြီးပါတာ​ကြောင်​့ ဆိုဒါလိုပဲ ​ကြောက်​ရပါတယ်​။

​နောက်​ဆုံး​လေ့လာမှုမှာ ဒီလိုအဆီများတဲ့အရည်​​တွေ ပုံမှန်​​သောက်​​နေပါက နှလုံးနဲ့​သွေး​ကြော​ရောဂါ​တွေဖြစ်​လာနိုင်​တယ်​လို့​ ​တွေ့ရပါတယ်​။ က​လေး​မဆိုထားနဲ့၊ လူကြီး​တွေမှာ​တောင်​ ​ကြောက်​ရပါတယ်​။

 

က​လေး​တွေကို အချိုလုံးဝမစားနဲ့လို့ ထိန်းချုပ်​လို့ မရနိုင်​ပါဘူး။ အ​ရေးကြီးတာက အချို​တွေဟာ သ​ရေစာ​တွေ၊ တကယ်​စားသင်​့တဲ့အစားအစာ​တွေ​စားပြီးမှ စားသင်​့တဲ့အရာလို့ သွန်​သင်​ရမှာပါ။ ဒီလို က​လေးဘဝကတည်​းက ကျန်​းမာ​ရေးနဲ့ ညီညွတ်​စွာစားတတ်​​အောင်​ ​လေ့ကျင့်​ထားတဲ့က​လေး​တစ်​​ယောက်​ဟာ ကြီးလာတဲ့အခါမှာလည်​းကျန်​းမာစွာ​နေတတ်​သွားပါလိမ်​့မယ်​။

 

Dr. Emerald (www.drmyanmar.com)

(Unicode)



 


 


 


 


 


 


 


 


 


 



 


 



 


 



 


 

Dr. Emerald (www.drmyanmar.com)