ဘေဘီလေးတွေကို ဒီလိုလေး နည်းစနစ်မှန်မှန် လွယ်ကြမယ်
ဘေဘီလေးတွေကို အဝတ်သိုင်းကြိုးအိတ်လေးတွေထဲမှာ ထည့်လွယ်လို့ သွားလေရာ ချီပိုးသွားလို့ရတာက အရမ်းကို သက်သောင့်သက်သာရှိပြီး မိခင်ရော ကလေးရောအတွက် ညင်သာပြေပြစ် ချောမွေ့တဲ့ ဆက်သွယ်ထိတွေ့မှု ရစေပါသတဲ့။ မိခင်ရဲ့လက်နှစ်ဖက်ကလည်း အားနေတော့ လွတ်လပ်စွာ ကိုင်တွယ်လှုပ်ရှားလို့ရတယ်လေ။
>> အဝတ်သိုင်းကြိုးနဲ့ ပြုလုပ်ထားတဲ့ ကလေးချီအိတ်လေးတွေကို မှန်မှန်ကန်ကန် ဘယ်လိုအသုံးပြုကြမလဲ ...
● မိခင်ရင်ဘတ်မှာ တွဲထားတဲ့ သိုင်းကြိုးအိတ်ထဲက ကလေးကို မြင်သာပါစေတဲ့။ ဘေဘီလေးရဲ့ခေါင်းဟာ မိခင်ရဲ့ရင်ဘတ်နဲ့ ထိတွေ့နေပြီး ခေါင်းက ကြိုးသိုင်းအိတ်ရဲ့အပြင်မှာ ထင်သာမြင်သာ ရှိသင့်ပါတယ်။
● ကလေးကို မတ်မတ်လေးထားပါ၊ တချို့တွေက အဲလို ကြိုးသိုင်းအိတ်တွေထဲကို ကလေးကို အိပ်ရက်သား ထည့်တတ်ကြတယ်။ မှားပါတယ်။ ကလေးဟာ ခပ်ထောင်ထောင် အနေအထားလေးမှာရှိပြီး ခေါင်းလေးဟာ အထဲကို ဝင်မနေသင့်ပါဘူး။ ကိုယ်ငုံ့ကြည့်လိုက်တိုင်း ကိုယ့်ကိုယ်ပေါ် လွယ်ထားတဲ့ ကြိုးသိုင်းထဲက သားသားမီးမီးရဲ့ အပြုံးချိုချို မြင်ရစေဖို့ပါ။
● ရင်ဘတ်ကြိုးသိုင်းအိတ်လေးထဲက ဘေဘီလေးဟာ ခေါင်းနဲ့လည်ပင်းဟာ အဆင်ပြေပြေ ပေါ်နေသင့်ပြီး ခွေခေါက်နေတဲ့ အနေအထား မဖြစ်သင့်ပါဘူး။ ကလေးရဲ့ဦးခေါင်းနဲ့ လည်ပင်း ခပ်မတ်မတ် အနေအထားလေးထားမှ ကလေးဟာ လွတ်လပ်စွာ အသက်ရှူနိုင်မှာ ဖြစ်ပါတယ်။ ခွေခွေခေါက်ခေါက်ကြီး ထည့်မချီကြပါနဲ့နော်။
Ceelin Plus 1

● မိခင်ကိုယ်က ကြိုးသိုင်းဟာ အောက်ကို အရမ်းကျမနေသင့်သလို အပေါ်ကိုလည်း တွန်းရောက်မနေသင့်ပါဘူး။ ကြိုးသိုင်းအဝတ်လေးထဲက သားသားမီးမီးဟာ မိခင်ရဲ့ခါးအထက် ရင်ဘတ်နဲ့ တောက်လျှောက် ထိတွေ့နေရမှာ ဖြစ်ပါတယ်။ ခါးကနေ ကြိုးသိုင်းဟာ တွဲကျမနေရပါဘူး။ လျော့လည်း မနေရပါဘူး။ မတင်းမလျော့ အနေအထားလေးနဲ့ ကလေးဟာ မိခင်ရင်ဘတ်နဲ့ ရေပြင်ညီအနေအထားမှာ ရှိသင့်ပါတယ်။ အဲလိုမှ မိခင်အတွက် တာရှည်သိုင်းကြိုးလေးနဲ့နေဖို့ အဆင်အပြေဆုံး အနေအထားဖြစ်လို့ပါ။
● ကလေးရဲ့ခြေထောက်နဲ့ ဒူးလေးဟာ ခပ်ကွေးကွေး အနေအထားမှာ ရှိရပါတယ်။ ဖွံဖြိုးဆဲ တင်ပဆုံရိုးနဲ့ ပေါင်ရိုးအနေအထားကြောင့် သူတို့ခြေထောက်လေးတွေက ကွေးကွေးလေး နေတတ်တယ်လေ။ သိုင်းကြိုးလေးတွေဟာ ကလေးရဲ့ေ ပါင်အရင်းပိုင်းကို ထောက်ကူထားပြီး သူလေးရဲ့ တင်ပါးလေးဟာ အိတ်လေးထဲမှာ တည်နေရမှာ ဖြစ်ပါတယ်။ အဲဒါမှ ကလေးရဲ့ ပေါင်အနေအထားမှန်ကန်ပြီး ပိုမိုသက်သာတဲ့ အနေအထားနဲ့ မိခင်ရင်ခွင်မှာ ကပ်နေနိုင်မှာ ဖြစ်ပါတယ်။
တစ်ချိန်လုံး မေမေကို တမ်းတပြီး ငိုနေတတ်တဲ့ သားသားမီးမီးတွေအတွက် ရင်ဘတ်သိုင်းကြိုးအိတ်လေးတွေက သူလေးတွေကို သွားလေရာ ခေါ်သွားဖို့ အကောင်းဆုံး ပစ္စည်းလေး ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Ceelin Plus 2

(Unicode)






























