စမတ်ကျကျ တက်တက်ကြွကြွ ရှင်သန်နေထိုင်ပါ
ပိုကောင်းတဲ့ ဘဝနေထိုင်မှုဖြစ်စေဖို့ ဘာတွေပြောင်းလဲဖို့ လိုနေပြီလဲ။
ကျန်းမာရေး စစ်ဆေးချက်တွေ ခေတ်စားလာတဲ့အလျောက် ဆေးရုံတိုင်းလိုလိုမှာ Package တွေနဲ့ ဆေးစစ်လို့ရနေပြီနော်။ မိမိနဲ့ သင့်တော်ရာကို ရွေးချယ်ပြီး ဆရာဝန်နဲ့ တိုင်ပင်လို့ စစ်ဆေးလိုက်ရုံပါပဲ။
♦ သွေးပေါင်ချိန်
♦ သွေးတွင်းဆီးချိုဓာတ်
♦ ကျောက်ကပ်လုပ်ဆောင်ရည်
♦ အသည်းလုပ်ငန်းများ
♦ နှလုံးအီးစီဂျီ
♦ သွေးတွင်းဓာတ်များ
♦ သွေးအားနည်းခြင်း ရှိ/မရှိ
♦ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား
♦ ဘီပိုး၊ စီပိုး၊ ကာလသားရောဂါပိုး
♦ ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး
♦ ဆီးစစ်၊ ဝမ်းစစ်
စတာတွေ ဖြစ်ပါတယ်။ ရာခိုင်နှုန်းတွေ လျှော့ပေးပြီး ဒစ်စကောင့်ရှိတဲ့နေရာလေးတွေမှာ စစ်ကြည့်ပါ။
ရောဂါမရှိဘူးဆို ပျော်ရပေမယ့် တစ်ခုခုရှိနေရင်လည်း ဘာလုပ်ရမလဲ ဆွေးနွေးလို့ ရတာပဲလေ။ ဆေးပညာ တိုးတက်ခေတ်မီနေတဲ့ ဒီခေတ်မှာ အရာရာ ဖြစ်ပါတယ်နော်။
>> ကာကွယ်ဆေးတွေထိုးပါ၊ ဘယ်လို ကာကွယ်ဆေးတွေ ထိုးသင့်လဲ?
● ဘီပိုး ကာကွယ်ဆေး ထိုးပါ။
● သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးပါ။
● တုပ်ကွေး ကာကွယ်ဆေးထိုးပါ။ ကိုယ် ကာကွယ်ထားလို့ ရတာတွေကို ကြိုကြိုတင်တင် လုပ်ထားခြင်းဖြင့် ရောဂါကို ကာကွယ်ထားကြအောင်လား။
နောက်ထပ် အရေးကြီးဆုံးက စိတ်ဖိစီးမှု ကိုင်တွယ်ကုသဖို့ ဖြစ်ပါတယ်။
မှန်ထဲကို ကြည့်လိုက်ပါဦး ... ဘယ်လိုရုပ် ပေါက်နေပြီလဲနော်?
မျက်မှောင်ကြီး ကြုတ်၊ နှုတ်ခမ်းကြီး စူလို့ စိတ်ပျက်လက်ပျက်နဲ့ အမူအရာ ဖြစ်နေပြီလား။ ရုပ်ရင့်သလို လူလည်း အိုစာတဲ့ပုံ ပေါက်နေပြီနော့်။ ပြုံးကြည့်ပါလား။ အားရပါးရပြုံးရင်း ဘဝအမောတွေ ဖြေပါဦး။ ကိုယ်လုံးလေးကိုမတ်၊ ရင်လေးကိုဖွင့်၊ ပခုံးလေးချီလို့ တက်တက်ကြွကြွလေး နေထိုင်ကြည့်ပါလား။ တက်ကြွလန်းဆန်းတဲ့ ကိုယ်နေဟန်ထားဟာ လူကိုရော စိတ်ကိုရော အပြောင်းအလဲဖြစ်စေပြီး အထူး စိတ်ကြည်လင် လန်းဆန်းစေပါတယ်။ စိတ်ကို နည်းနည်းလှည့်စားပြီး အခက်တွေကြားမှာ ပျော်ချင်ယောင် ဆောင်ကြည့်ပါဦး။ ကျန်းမာတဲ့ဘ၀ကို ခိုင်မာတက်ကြွတဲ့စိတ်က ခေါင်းဆောင်တယ်ဆိုတာ မမေ့ကြဖို့ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























