/
node/7091

အမျိုးသားတို့ ကင်ဆာကင်းေ၀း သက်ရှည်ကျန်းမာစေဖို့

Category
အမျိုးသားများနှင့်ကျန်းမာရေး

ယေဘုယျအားဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် လေးနှစ်ခွဲလောက် အသက်ပိုတိုကြပါတယ်တဲ့။ တစ်နှစ်ကို အမျိုးသား မြောက်မြားစွာက ကင်ဆာရောဂါနဲ့ သေဆုံးကြရပါသတဲ့။ ဒါ့ကြောင့် ကင်ဆာကြောင့် အမျိုးသားတွေ အသက်မဆုံးရှုံးရအောင် ကင်ဆာရောဂါအချို့ရဲ့ လက္ခဏာလေးတွေကို သတိပြုမိအောင် ဖော်ထုတ် ရေးသားလိုက်ပါတယ်။

♦ အချို့သော ကင်ဆာရောဂါများ၏ လက္ခဏာများ

- အရေပြားပေါ်မှာ အဖုအကျိတ်တစ်ခုခုဖြစ်ပေါ်လာခြင်း

- အနာမကျက်ခြင်း

- မှဲ့တစ်ခုခုအရောင်ပြောင်းခြင်း၊ သွေးထွက်ခြင်း

- အသံသြခြင်း၊ အသံပြောင်းခြင်း

- အစာမျိုရင်နင်ခြင်း၊ မျိုချရ ခက်ခြင်း

- အကြောင်းမယ်မယ်ရရမရှိဘဲ ၀မ်းလျှောခြင်း၊ ၀မ်းချုပ်ခြင်း

- အစားအသောက်ပျက်ခြင်း

- ပိန်လှီလာခြင်း

- ဆီးထဲ၀မ်းထဲ သွေးပါခြင်း

- ချောင်းဆိုးသွေးပါခြင်းတို့ ဖြစ်ပါတယ်။

မိသားစုထဲမှာ ကင်ဆာမျိုးရိုးရှိနေရင် ပိုပြီး သတိထားသင့်ပါတယ်။

Revicon 1

♦ ဒီမှာတစ်ခု တွေးစရာရှိတာက ဒီလိုရောဂါတွေကို ဘယ်လိုစောစာသိမလဲ ဆိုတာပါ။

      လွယ်ကူမြန်ဆန်ပီး တိကျမှန်ကန်တဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာရေးဆေးစစ်တာတွေ ဆေးရုံတိုင်းမှာ လုပ်လို့ရနေပါပြီနော်။ အသက် 40 ကျော်ပြီဆိုရင် တစ်နှစ်မှာ တစ်ခါ Medical Check-up လို့ခေါ်တဲ့ ကျန်းမာရေးစစ်ဆေးတာကို ပုံမှန်ပြုလုပ်သင့်ပါတယ်။

နောက်တစ်ခုက ကိုယ်ဘယ်လိုနေထိုင်စားသောက်ရမယ်ဆိုတာကလည်း အရေးကြီးပါသေးတယ်။ သုတေသနပြုလုပ်ချက်တွေအရ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်တဲ့ အမျိုးသားတွေမှာ ကင်ဆာဖြစ်နိုင်စွမ်း ၁၈ ရာခိုင်နှုန်းထိ လျော့နည်းသွားတယ်လို့ သိရပါတယ်။

နောက်ဆုံးတစ်ခုကတော့ စိတ်ဖိစီးမှုပါ။ အလုပ်တွေများ စိတ်ဖိစီးမှုတွေဖြစ်၊ စိတ်ကျန်းမာရေး တစ်နေ့တစ်ခြား ထိခိုက်လာတာတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပြီး ကာမစွမ်းအားကိုပါ ကျဆင်းစေပါတယ်နော်။

တကယ်လို့ အမျိုးသားတွေအနေနဲ့ မိမိကိုယ်ကိုယ် စိတ်ဖိစီးနေတယ်လို့ ယူဆတယ်ဆိုရင် အနှေးနဲ့အမြန် နှစ်သိမ့်ဆွေးနွေးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆရာ၀န်နဲ့ တိုင်ပင်ခြင်းတို့နဲ့ မိမိကိုယ်ကို ပြန်လည်စိတ်ကျန်းမာလာစေဖို့ ကြိုးစားကြည့်သင့်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Revicon 2

(Unicode)


♦ အခြို့သော ကငျဆာရောဂါမြား၏ လက်ခဏာမြား
















