/
node/7535

ကလေးကို ခေါင်းတုံးပေးတာက ဆံပင်သန်စေသလား

Category
ကလေးများနှင့်ကျန်းမာရေး

          ခေါင်းတုံးတုံးပေးတာနဲ့ ဆံပင်သန်တာက တိုက်ရိုက်သက်ဆိုင်မှု မရှိဘူးလို့ သုတေသနပြုလုပ်မှုများအရ သိရပါတယ်။ ဆံပင်ကြီးထွားတာဟာ ဆံပင်အရင်း ဆံမြစ်ကနေ ထွက်လာတာဖြစ်ပြီး ခေါင်းရိတ်ရုံနဲ့ ဆံပင်အမြစ်ရဲ့သန်မာနှုန်းကို သက်ရောက်မှုမရှိနိုင်ပါဘူး။

          ရိတ်ထားတဲ့ဆံပင် ပြန်ထွက်လာတဲ့အခါ တစ်ညီတည်း ထွက်လာတဲ့အတွက် ထူသွားသလို ခံစားရတာပါ။ ဆံပင်တစ်ချောင်းချင်းစီဟာ ရှည်ထွက်တဲ့ကာလ၊ နားနေတဲ့ကာလ၊ ကျွတ်တဲ့ကာလ စသည်ဖြင့် မတူကြတဲ့အတွက် သဘာဝအတိုင်း ရှည်ထွက်လာတဲ့အခါ အရှည်မညီကြတာ ဖြစ်ပါတယ်။

Ceelin Plus 1

          ကလေးတွေမှာ မွေးရာပါ ပါလာတဲ့ဆံပင်တွေဟာ အသက် ၄ လလောက်မှာ အကုန်ကျွတ်သွားပါပြီ။ အသစ်ထွက်လာဖို့ အချိန်အနည်းငယ် ကြာနိုင်သလို အရောင်နဲ့ အထိအတွေ့တောင် ကွဲပြားနိုင်ပါသေးတယ်။

          ဒါပေမဲ့ ခေါင်းတုံးတာ၊ ညှပ်တာ၊ ခေါင်း ခဏခဏ ဖီးတာတွေဟာ ဆံပင်ရှည်နှုန်းကို သက်ရောက်မှု မရှိပါဘူး။ မျိုးရိုးဗီဇနဲ့ပဲ ဆိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

www.drmyanmar.com

Ceelin Plus 2

(Unicode)


www.drmyanmar.com