/
node/7543

အမျိုးသမီးတွေ အိုမီဂါ 3 ဘာလို့ ပိုလိုအပ်တာလဲ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အဆီဆိုတိုင်း ကြောက်နေပြီ ဆိုတဲ့ ဝဝလှလှ အမျိုးသမီးထုကြီးအတွက် ဟောဒီမှာ ဖတ်ဖို့ အဆီအကြောင်း။

          တချို့အဆီတွေက ကျန်းမာရေးကောင်းတယ်ဆိုရင် ယုံမလား။ အဲဒီအဆီစားရင် နှလုံးသွေးကြောကျဉ်းရောဂါတောင် ကာကွယ်ပြီး ကျန်းမာလာစေသတဲ့။

          အသား၊ နွားနို့၊ ကြက်ဥ ဘဲဥ၊ ကွက်ကီးတွေမှာပါတဲ့ အဆီတွေက သွေးကြောတွေကို ပိတ်ဆို့စေပြီး ပြဿနာပေးတဲ့အဆီပေါ့။

          ကျန်းမာစေတဲ့အဆီဓာတ်ကို အိုမီဂါ 3 လို့ခေါ်ပြီး နေ့စဉ်အစားအစာထဲမှာမှ (အထူးသဖြင့်) ငါးတချို့မှာ ပါဝင်နေပါတယ်။ နာမည်လေးတွေက DHA နဲ့ EPA ပါတဲ့။

Maxx Omega 3 1

>>    အိုမီဂါ အိုမီဂါ 3 က အမျိုးသမီးတွေအတွက် ဘာတွေကောင်းလဲ?

◊       ရာသီလာတိုင်း ကိုက်တတ်ခဲတတ် နာကျင်တတ်သူတွေကတော့ အိုမီဂါ 3 က အစွမ်းပြဖို့ အသင့်ပါပဲ။ သားအိမ်ရဲ့ညှစ်အားကြောင့်နာတာမို့ အိုမီဂါ 3 က ရောင်ရမ်းတာတွေ ကျစေပြီး ရာသီလာစဉ် ကိုက်ခဲတာကို လျော့ပါးသွားစေပါတယ်။

◊       ဟော်မုန်းအပြောင်းအလဲတွေကို တည်ငြိမ်စေပြီး စိတ်နေစိတ်ထားတွေကို တည်ငြိမ်စေပါတယ်။

◊       လေးဖက်နာရောဂါရှိတဲ့ အမျိုးသမီးတွေအနေနဲ့ အမြဲစွဲသောက်သင့်တဲ့ထဲမှာ အိုမီဂါ 3 ငါးကြီးဆီ ထိပ်ဆုံးက ပါနေတယ်နော်။ ဒါ့အပြင် သုတသနတွေအရ အိုမီဂါ 3 ငါးကြီးဆီက အဆစ်အမြစ်ရောင်နာတွေမှာ အလွန်အကျိုးရှိနေတာကို တွေ့ရပါသတဲ့။

◊       အဝလွန်သူတွေကလည်း အိုမီဂါ 3 ငါးကြီးဆီ သောက်သင့်ပါတယ်။ ထပ်လည်း မဝချင်ဘူး။ ကျန်းမာတဲ့ အဆီဓာတ်တမျိုးမျိုးလည်း မှီဝဲချင်ရင်တော့ ငါးကြီးဆီကို သောက်သင့်ပါတယ်။

◊       အရိုးပွတာကို ကာကွယ်ပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာ အိုမီဂါ 3 ငါးကြီးဆီ ဖြည့်စွက်တိုက်ကျွေးပေးခြင်းဖြင့် အရိုးရဲ့သိပ်သည်းဆ ပိုကောင်းလာတာကို တွေ့ရပါတယ်။

◊       အိုမီဂါ 3 ငါးကြီးဆီက စိတ်ပျော်ရွှင်စေပါတယ်၊ စိတ်ဖိစီးမှုများပြီး စိတ်ကျရောဂါရနေသူတွေမှာ အိုမီဂါ 3 ဖြည့်စွက်တိုက်ကျွေးသင့်ပါတယ်။

◊       ကင်ဆာအန္တရာယ်ကို ကာကွယ်နိုင်ခြေ ရှိပါတယ်။ ရင်သားကင်ဆာနဲ့ စအိုကင်ဆာ ဖြစ်ပွားနှုန်းကို သိသိသာသာ လျှော့ချပေးပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Maxx Omega 3 2

(Unicode)


