/
node/7626

ကျန်းမာရေးအတွက် အပူအပင် လွန်တတ်တဲ့ အန်တီတို့ အန်ကယ်တို့ ဖတ်ဖို့ ...

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

          ဘာဖြစ်ဖြစ် သိပ်အစိုးရိမ်မလွန်စေဖို့ ဒါလေးတွေ ဖတ်ထားကြည့်ပါလား။ သောကမီး နည်းနည်းငြိမ်းပေးမယ်နော်။ စိတ်အေးတာကလည်း အသက်ရှည်ဆေးတဲ့။ အလွန်အကျွံလည်း မပူပင်တတ်သလို ထိုက်သင့်သလောက်လည်း ဂရုစိုက်ပေးမှ မျှတကောင်းမွန်တဲ့ ဘ၀ကိုရမှာနော်။

●        ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလို့ ဇွတ် အမည်မတပ်ပါနဲ့နော်။ စိတိဖိစီးမှု များတဲ့အခါ ပင်ပန်းတဲ့အခါ အထိုင်အထ၊ အနေအထားမမှန်တဲ့အခါ ရင်ဘတ်ကြွက်သားတွေ ဆုတ်ဆွဲထားသလို နာတတ်ပါတယ်။ စိတ်အေးအေးနဲ့ ခဏလှဲလျောင်းအနားယူဖို့ လိုအပ်တာကို ပြသနေတာမို့ အရမ်းလည်းမပူပါနဲ့။

●        တစ်ခါတလေ နားအူတာက အသက်ရလာလို့ ဖြစ်နိုင်ပါတယ်။ အသက်အရွယ် ကြီးလာတဲ့အပြင် သွေးတိုး၀င်လာတဲ့အခါ နားတွင်းကို သွေးစီးဆင်းမှု များတာကြောင့် တအုန်းအုန်း မြည်တတ်ပါတယ်။

●        လက်တုန်တာက တစ်ခါတလေ သွေးတွင်းအချိုဓာတ်ကျသွားလို့ ဖြစ်တတ်ပါတယ်။ အချိုရည်လေး သောက်ပါ။ မကြာခဏ ဖြစ်နေတတ်ရင် လည်ပင်းကြီးရောဂါ ရှိ၊ မရှိ စစ်ကြည့်ဖို့ လိုတာပေါ့။

●        မေ့တတ်လာတိုင်း အတိ်တ်မေ့ရောဂါ သူငယ်ပြန်နာလို့ မထင်ပါနဲ့။ ကြီးသူတွေရော သတိမရှိတဲ့ ငယ်ရွယ်သူရော မေ့တတ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဘာရောဂါမှ မရှိတောင် မေ့တတ်လာပါတယ်။ အပြုအမူပိုင်းဆိုင်ရာပါ ထိခိုက်လာရင်တော့ ဆရာ၀န်ပြရမှာပေါ့။

●        မျက်လုံးထဲမှာ တစ်ခုခုမျောနေသလို တိမ်လေးတွေ မြင်တတ်တာက အဘိုးအဘွားအရွယ်မှာ ဖြစ်နေကျပါ။ ခဏခဏမြင်နေရင်တော့ မကောင်းဘူးပေါ့။

●        အရေပြားပေါ်က အသားပိုသေးသေးလေးတွေက ကင်ဆာမပာုတ်ပါဘူး။ အရေပြား အသားပိုလေးတွေကို သွားတော့ မဆွပါနဲ့။ သူ့ဘာသာထားလည်း ပြဿနာမပေးပါဘူး။

●        ထိုင်ရာကနေအထမှာ မူးတတ်လာရင် တရိပ်ရိပ်ဖြစ်ရင် စိတ်မပူပါနဲ့။ သွေးပေါင်ကျလို့ပါ။ ပြန်ထိုင်ပြီး ခဏလေးငြိမ်နေလိုက် ဓာတ်ဆားလေး၊ အချိုလေးသောက်လိုက်ရင် အဆင်ပြေပါပြီ။ အချိန်မှန်တော့ စားပါနော်။

●        နောက်ကျောတက်တာ မကြာခဏဖြစ်နေလို့တော့ အပူပင်မစောပါနဲ့။ အသက်ကြီးလို့ ခါးကုန်းလည်း ရတာပဲ မထင်ပါနဲ့။ အရင်ဆုံး ကိုယ်နေပာန်ထားကို ပြင်ကြည့်ပါဦး။ ကုန်းကုန်းကွကွနေလေ မတ်မတ်ဆန့်ဆန့် မနေတတ်လေ နောက်ကျောနာတတ် တက်တတ်လေပါပဲ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)