/
node/7821

မိဘနဲ့ရင်သွေးငယ်လေးတွေကြားမှာ ပိုမိုနွေးထွေးစေဖို့

Category
ကလေးများနှင့်ကျန်းမာရေး

မိဘနဲ့ကလေးကြားမှာ ရင်းနှီးနွေးထွေးမှုရရှိစေဖို့ကလွယ်ပါတယ်။ မေမေ ဖေဖေတို့အနေနဲ့ သဘာဝအတိုင်းလေးပဲ ကလေးကိုအချိန်ပေးပြီး ကလေးနဲ့အတူအချိန်ကုန်ဆုံးတာလေးက ရင်းနှီးမှုကိုပိုလာစေပါတယ်။ ကလေးကို ပွေ့ဖက်ပြီးတော့ ဂရုတစိုက်စောင့်ရှောက်မှုပေးတာကလည်း ကလေးရဲ့ယုံကြည်မှုကိုရရှိစေပါတယ်။ ဒီလိုမျိုးမိဘနဲ့ရင်သွေးအကြား ငယ်ငယ်ကတည်းက ရင်းနှီးနွေးထွေးမှုရှိခြင်းက ကလေးဘဝတစ်လျှောက်လုံးမှာ အကောင်းမြင်တတ်တဲ့ ဆက်ဆံရေးကိုဖွံ့ဖြိုးစေနိုင်ပါတယ်။

ဒီတော့ကိုယ့်ရဲ့ရင်သွေးလေးတွေနဲ့ရင်းနှှီးနွေးထွေးမှုရဖို့အတွက် ဘာတွေလုပ်ကြမလဲ

1.ကလေးငိုနေရင် ပစ်မထားပါနဲ့။ မိဘတွေအနေနဲ့တစ်ခုခုတုန့်ပြန်ပါ။ ကလေးလေးရဲ့စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာလိုအပ်တာလေးတွေကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင ်ကလေးရဲ့စိတ်ထဲမှာ ကမ်ဘာကြီးက သူ့အတွက် အန္တရာယ်ကင်းတယ်လို့ခံစားသွားရစေပါတယ်။

2.အစားကျေွးနေစဉ်လိုအချိန်မျိုးတွေမှာ ကလေးနဲ့ မျက်လုံးချင်းခဏခဏဆုံပေးပါ။ ကလေးက သင့်ရဲ့ မျက်နှာတွေမျက်လုံးတွေကိုကြည့်ရတာကို နှစ်သက်လာပါလိမ့်မယ်။ ကလေးကို လက်မောင်းထဲမှာပွေ့ချိီထားတဲ့အခိုက်အတန့်လေးက ကလေးကိုသေချာကြည့်ရှုနိုင်ဖို့အတွက် ပြည့်စုံတဲ့အကွာအဝေးပါပဲ။

Ceelin 1

3.ကလေးကို မိခင်နားမှာ ကပ်ပြီးတော့ နွေးနွေးထွေးထွေးထားပေးပါ။ ကလေးကို စောင်လေးနဲ့ထုတ်ထားပြီးပုခက်ထဲထည့်သိပ်ခြင်းဖြင့်လည်း မိခင်ဝမ်းဗိုက်ထဲမှာနေရတဲ့ခံစားချက်လေးဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။

4.ဖြစ်နိုင်ရင် ကလေးနဲ့မိခင်အသားချင်းထိတွေ့မှုရှိနိုင်သမျှရှိအောင်ကြိုးစားကြည့်ပါ။ ကလေးကိုမိခင်နို့တိုက်နေချိန်၊ နို့ဘူးတိုက်နေချိန်မှာ အသားချင်းထိထားလို့ရပါတယ်။ ကလေးနဲ့အတူရေချိုးလို့လည်းရပါတယ်။ ကလေးလေးက ရေရဲ့နွေးတာကိုနှစ်သက်သလို အမေနဲ့အနီးကပ်နေရတာကိုလည်းသဘောကျပါတယ်။

5.ကလေးကို ပြုံးပြ၊ ညင်သာစွာခေါင်းညှိတ်ချော့မြူတာမျိုးတွေ၊ သီချင်းဆိုပြတာ၊ စကားပြောပေးတာမျိုးလေးတွေ လုပ်ပေးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Ceelin 2

(Unicode)








Dr. Mya Myo Myo Swe (www.drmyanmar.com)