/
node/7842

ကလေးတွေအစာစားတဲ့အခါမှာ ဘာလို့ ရှုပ်ပေပွနေရတာလဲ

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးတွေဆိုတာက တဖြည်းဖြည်းချင်းဖွံ့ဖြိုးလာကြတာပါ။ အစာစားတဲ့အခါမှာလည်းအတူတူပါပဲ။ ပထမဆုံးအနေနဲ့ အစာမာကိုစားတတ်ဖို့သင်ယူတယ်။ ပြီးတဲ့အခါမှာတော့ အစာကို ကိုယ့်ဟာကိုယ်ကောက်စားတတ်ဖို့ တစ်ဆင့်ချင်းသင်ယူရတာပါ။ ပထမပိုင်းမှာတော့ လက်နဲ့ကောက်ယူစားပြီးတော့ ဖြည်းဖြည်းချင်းမှ ဇွန်း၊ ခရင်း၊ ခွက်စတာတွေနဲ့ စားတတ်လာပါလိမ့်မယ်။

ကလေးတွေအနေနဲ့ အစားအစာတွေအောက်ကိုမကျ မပေပွဘဲနဲ့ သေချာစားတတ်ဖို့ဆိုရင် အချိန်ယူပြီးအလေ့အကျင့်တွေလုပ်ပြီးမှသာ ကြွက်သားတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေရမှာပါ။ ဒီလိုဖြစ်လာဖို့ကလည်း အချိန်အများကြီးလိုပါတယ်။

 

>> ကလေးတွေက အစားအစာတွေနဲ့ပေပွနေအောင်ဆော့ကစားခြင်း

ကလေးငယ်လေးတွေရဲ့ ကြွက်သားလှုပ်ရှားမှုစွမး်ရည်တွေတက်လာပြီးတော့ မပေပွအောင်စားတတ်ပြီးရင်တောင်မှ သူတို့ကအစာစားတဲ့အခါမှာ ဒီအစားအစာတွေနဲ့ဆော့ကစားချင်ကြပါတယ်။

တကယ်တော့ ဒီလိုအစားအစာတွေနဲ့ဆော့ကစားတာကလည်း fine motor skill လို့ခေါ်တဲ့သေးငယ်တဲ့ ကြွက်သားလေးတွေရဲ့လှုပ်ရှားမှုစွမ်းရည်ကို တက်လာစေပါတယ်။ ပြီးတော့ အစားအစာအသစ်တစ်ခုနဲ့ဆော့ကစားခြင်းအားဖြင့် ဒီအစားအစာရဲ့အရသာကိုမြည်းစမ်းမိစေပါတယ်။

အစားအစာရဲ့ အရောင်၊ အထိအတွေ့၊ ပုံစံတွေကို ကစားရင်းကနေပြီးတော့ သိသွားတဲ့အခါမှာ ကလေးတွေရဲ့ကမ်ဘာကြီးနဲ့ ပတ်သက်ပြီးတော့ စတင်သင်ယူနိုင်စွမ်းကို အထောက်အကူဖြစ်စေပါတယ်။  အစားအစာတွေနဲ့ဆော့ကစားရာကနေသင်ယူ ရရှိနိုင်တဲ့ အံဖွယ်အကျိုးကျေးဇူးနမူနာအချို့ကတော့ -

Ceelin 1

• ပစ္စည်းတွေကိုလွှတ်ချလိုက်ရင်အောက်ကျသွားတာ

• ပစ္စည်းတွေကိုပစ်လွှတ်လိုက်ရင် လေထဲမှာဝဲပြီးကျသွားတာ

• ပဲတွေကိုညှစ်လိုက်ရင် ပုံစံနဲ့ ခံစားရတာပြောင်းသွားတယ်

• အစားအစာတွေကို သောက်တဲ့ရေခွက်ထဲကိုထည့်လိုက်ရင် မေမေကစိတ်တိုတယ် စတဲ့အရာတွေကို သင်ယူရရှိစေပါတယ်။

 

>> ပေပွနေအောင်စားတဲ့ကလေးအတွက် ဘာလုပ်ပေးနိုင်သလဲ

ကလေးငယ်အများစုက သူတို့ဟာသူတို့ စားတဲ့အခါမှာ ထမင်းလုံးတွေ၊ စားစရာတွေကို လက်နဲ့ညှစ်တယ်၊ အစားအစာတွေ ပန်းကန်တွေကိုကြမ်းပြင်ပေါ်ကိုပစ်ချတယ်၊ ပါးစပ်နဲ့အပြည့်ထမင်းတွေငုံထားတတ်တယ်၊ စားဖို့ငြင်းတတ်ပါတယ်။ ဒီတော့ ကလေးထမင်းကျေွးတိုင်းမပေပွစေဖို့နဲ့ မေမေတို့စိတ်သက်သာရာရစေဖို့ အချက်အချို့ကို မျှဝေပေးချင်ပါတယ်။

• အစားအစာတွေကို အရှည်လိုက်လေးဖြတ်ပေးပြီးတော့ လက်နဲ့စားခိုင်းပါ။

• ကလေးက အစာစားတဲ့နေရာမှာ မပေပွဘဲနဲ့ကောင်းကောင်းစားနိုင်ပြီဆိုရင် ချီးကျူးစကားပြောပေးပါ။

  • • ကလေးကစားပွဲဝိုင်းမှာထိုင်စားလို့အဆင်ပြေတဲ့အရွယ်ရောက်လာရင် မိသားစုထမင်းစားပွဲမှာထိုင်စားပါစေ။ ကလေးက အစားအစာတွေကိုကူပြီးပြင်ပေးရတဲ့အခါမှာ မပေပွအောင်ပိုဂရုစိုက်လာနိုင်ပါတယ်။
  • • ကလေးနဲ့အတူထိုင်ပြီးစားပေးခြင်းအားဖြင့်လည်း ကလေးက လူကြီးတွေကိုအတုခိုးပြီးတော့ သပ်သပ်ရပ်ရပ်စားလာပါလိမ့်မယ်။ လူကြီးတွေရဲ့အစာစားတဲ့အမူအကျင့်ကိုသင်ယူလာပါလိိမ့်မယ်။
  • • ကိုယ့်ရဲ့ကလေးအစာစားတာကို စိတ်ရှည်ရှည်နဲ့ တည်တည်ငြိမ်ငြိမ်သင်ပြပေးနိုင်မယ်ဆိုရင် အမေရောကလေးရောအတွက် ပိုပြီးတော့ ပျော်ရွှင်ရပါလိမ့်မယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Ceelin 2

(Unicode)



 









 








Dr. Mya Myo Myo Swe (www.drmyanmar.com)