/
node/7981

အလွယ်တကူ နေမကောင်း မဖြစ်ရအောင် သားသားမီးမီးတွေကို ဒီလိုစောင့်ရှောက်ပေးရအောင်

Category
ကလေးများနှင့်ကျန်းမာရေး

          " ကျွန်မကလေးတော့ ဂရုစိုက်လွန်းလို့ပဲ ခဏခဏ ချူချာနေသလား မသိတော့ဘူး ရာသီဥတုပြောင်းတိုင်း ဖျားလိုက်၊ ရင်ကြပ်လိုက်နဲ့ ပိုးမွေးသလို မွေးနေရတယ် "

          အားငယ်ဖျော့တော့စွာ ညည်းနေတဲ့မေမေတို့အတွက် ရင်သွေးလေးတွေ ပိုကျန်းမာခိုင်မာလာဖို့ အကြံကောင်းလေးတွေ ပေးမယ်နော်။ တကယ်တော့ လမ်းထဲမှာ ဒီတိုင်းပြေးလွှားဆော့နေတဲ့ ကလေးတွေက အရမ်းကျန်းမာနေပုံရပြီး ကိုယ့်ရဲ့ ရွှေပေါ်မြတင် ရင်သွေးလေးကျမှ ခဏခဏ ချူချာနေတာ စိတ်ပျက်စရာပါပဲနော်။ ရင်နဲ့အမျှ တန်ဖိုးထားမြတ်နိုးရတဲ့ ရင်သွေးငယ်လေးတွေ ခဏခဏ နေမကောင်းဖြစ်နေတာ ဘယ်မိဘမှ မမြင်ချင်ကြပါဘူး။

          ကလေးတွေမှာ သဘာ၀က တည်ဆောက်ပေးထားတဲ့ ကိုယ်ခံအားစနစ် ကောင်းကောင်းဆိုတာ ရှိပါသတဲ့။ အဲဒီထဲမှာ ကိုယ်တွင်းမှာ သူ့အလိုလို ရှင်သန်ပေါက်ပွားနေကြတဲ့ အူလမ်းကြောင်းနေ ပိုးမွှားလေးတွေက ထိပ်သီးတပ်သားအနေနဲ့ ပါ၀င်နေကြတယ်လေ။ မကောင်းတဲ့အကောင်တွေ ၀င်လာရင် ကြိုးကြိုးစားစားတိုက်ထုတ်ရတာ သူတို့ရဲ့သမိုင်းပေးတာ၀န်ပါ။  တကယ်တော့ ဘက်တီးရီးယားနဲ့ ရင်သွေးလေးတွေဆိုတာ မစိမ်းပါဘူး။ မွေးကတည်းက သူတို့က သူငယ်ချင်းဖြစ်ပြီးသားတဲ့။

♦        ဘေဘီလေးပာာ အမိ၀မ်းက ထွက်တဲ့အချိန်မှာ မိခင်ရဲ့မွေးလမ်းကြောင်းက ဘက်တီးရီးယားတွေနဲ့ အရင်ထိတွေ့ပါတယ်။ မိခင်နဲ့ ကပ်လိုက်ချိန်မှာ အရေပြားက ဘက်တီးရီးယားလေးတွေနဲ့ တွေ့ပြန်ပါတယ်။

♦        လသားအရွယ်မှာတော့ တခြားမိသားစု၀င်တွေ မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ ချီတာ၊ ချစ်တာ၊ ပွေ့ဖက်နမ်းတာ ခံရပြီး သူတို့ဆီက ပိုးမွှားလေးတွေနဲ့ ဆက်လက်ထိတွေ့ရပြန်ပါတယ်။

♦        ကြီးပြင်းတဲ့အရွယ် ရောက်လာတဲ့အခါ ပောာ်မုန်းအပြောင်းအလဲတွေပေါ် မူတည်ပြီး ကိုယ်တွင်းမှာ နဂိုရှိနေတဲ့ သဘာ၀ ဘက်တီးရီးယားတပ်သားလေးတွေရဲ့ အချိုးအစား ဆက်လက်ပြောင်းလဲပြန်ပါတယ်။

          ရောဂါခုခံနိုင်စွမ်းအတွက် တည်ရှိနေရတဲ့ ရင်သွေးလေးရဲ့ သဘာ၀ကိုယ်ခံအား တပ်သားလေးတွေကို အားကောင်းလာအောင် ဒီလိုလေးတွေ လေ့ကျင့်ပေးကြရအောင်။ သိပ်အနုကြိုက်လွန်း အလွန်အကျွံ ထိန်းသိမ်းလွန်းတာပာာ မကောင်းဘူးဆိုတာ သိလာပါလိမ့်မယ်။

●        မိခင်နဲ့ကလေး အသားချင်းထိတွေ့ ပွေ့ဖက်ပေးပါ။ အရေပြားချင်း အမြဲထိတွေ့ပေးတာပာာ သူလေးကို ပိုမိုလုံခြုံတဲ့ ခံစားချက်ပေးတဲ့အပြင် အရေပြားပေါ်က ဘက်တီးရီးယားလေးတွေကို သန်မာစေပြီး ကိုယ်တွင်းကိုယ်ခံအားစနစ်ကိုပါ လှုံ့ဆော်ပေးပါတယ်။

●        မိခင်နို့မှာ အကောင်းဆုံး ကိုယ်ခံအားမြှင့် ပဋိပစ္စည်းတွေ ပါ၀င်ပြီး အူလမ်းကြောင်းက ဘက်တီးရီးယားလေးတွေကို ပိုမိုကြံ့ခိုင်စေပါသတဲ့။

●        ဖြည့်စွက်စာကို စုံစုံလင်လင် ကျွေးပါ။ ငှက်ပျောသီး၊ ဒိန်ချဉ် နဲ့ အစေ့အဆံတွေ ပြည့်၀မျှတစွာ ကျွေးမွေးပေးနေခြင်းက ဘေဘီလေးရဲ့ အူလမ်းကြောင်းက တပ်သားလေးတွေကို အစဉ်အားဖြစ်နေစေမှာပါ။

●        သူလေးကို တစ်ခါတလေ ပေပေတေတေ ဆော့ခွင့်ပေးပါနော်။ ခြံထဲမှာ မြေကြီးပေါ် ပြေးလွှားခွင့်ပေးပါ။ သစ်ရွက်လေးတွေနဲ့ ဆော့ပါစေ။ အကြမ်းပတမ်း အပေခံဖို့ လေ့ကျင့်ပေးပါ။ တစ်ချိန်လုံး ညစ်ပတ်မှာကြောက်ပြီး အမြဲလိုက်ထိန်းချုပ်နေတာ သူတို့လေးတွေကို ပိုမိုအားနည်းစေပါတယ်။

●        အမြဲလှုပ်ရှားသွက်လက်နေမှ သွေးလည်ပတ်မှုကောင်းပြီး ကြံ့ခိုင်လာမှာပါ။ သူလေးစိတ်ကြိုက် ပြေးပြေးလွှားလွှား ဆော့ကစားပါစေ။ လက်ကိုတော့ မကြာခဏ ဆေးပေးပါ။ ပြေးလွှားဆော့ကစားတာကလည်း လေ့ကျင့်ခန်းတစ်မျိုးမို့ ကို်ယ်တွင်းဘက်တီးရီးယားတွေကို ကောင်းစွာရှင်သန်ဖို့ အားတွေပေးပါတယ်တဲ့။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)


