အလုပ်မှာ လှုပ်ရှားမှုရှိဖို့အတွက် ပြောင်းလဲမှုသေးသေးလေးတွေ လုပ်ကြည့်ပါ
ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမယ်ဆိုတဲ့စကားကို အားလုံးကြားဖူးကြမှာပါ။ ဒါပေမဲ့ ပြောင်းလဲတိုးတက်လာတဲ့ IT ခေတ်ကြီးထဲမှာ လူတွေက အထိုင်များလာကြတယ်။ လှုပ်ရှားမှုတွေ နည်းလာကြပါတယ်။ ဒီလိုလှုပ်ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံက ကျန်းမာရေးအတွက် မကောင်းပါဘူး။
ဒီတော့ လှုပ်ရှားမှုရှိအောင် နေ့တိုင်းလေ့ကျင့်ခန်း လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ လေ့ကျင့်ခန်း မလုပ်နိုင်ရင်တောင်မှ တစ်နေကုန်နေရတဲ့အလုပ်ထဲမှာ လှုပ်ရှားမှုရှိနေဖို့ ဒါလေးတွေ လုပ်ကြည့်ရအောင်။
● အလုပ်ကို လမ်းလျှောက်သွားပါ။ အလုပ်ကို ကားနဲ့သွားတယ်ဆိုရင်လည်း အလုပ်နဲ့ နည်းနည်းလှမ်းတဲ့နေရာမှာ ကားရပ်ပြီးတော့ အလုပ်ကို လမ်းလျှောက်သွားပါ။
● ဓာတ်လှေကားကနေ မတက်ဘဲ လှေကားနဲ့ တက်ပါ။
● ကော်ဖီကို စားပွဲမှာပဲ အရန်သင့်မသောက်ဘဲနဲ့ ရုံးမီးဖိုခန်းကို ကိုယ့်ဟာကိုယ်သွား ဖျော်ပြီးသောက်ပါ။
● အိမ်သာသွားရင် ဝေးတဲ့အိမ်သာကို သွားပါ။ လမ်းလျှောက်ဖြစ်အောင်လို့ အိမ်သာသွားရင် အနီးက အိမ်သာကိုပဲ မသွားဘဲနဲ့ တခြားဘက်ကအိမ်သာကို သွားပါ။
Enervon-C Adult 1

● အစည်းအဝေးတွေကို တစ်ခါတရံ မတ်တပ်ရပ်လုပ်ပါ။ အစည်းအဝေးတွေမှာ အကြာကြီးထိုင်ပြီးတော့ ဆွေးနွေးမယ့်အစား မတ်တပ်ရပ်ပြီး ဆွေးနွေးတာက အချိန်တိုစေပြီးတော့ ပိုကောင်းတယ်လို့ ဆိုပါတယ်။ ကိုယ့်အထက်လူကြီးကို ဒီနည်းလမ်းသုံးဖြစ်အောင် ဆွဲဆောင်ပါ။ ကိုယ်ကအလုပ်မှာ လူကြီးဆိုလည်း အခုပဲစလိုက်ပါတော့။
● နေ့လည်စာကို ရုံးကစားပွဲမှာပဲ ထိုင်မစားဘဲနဲ့ နေရာသစ်လေး ပြောင်းစားပါ။ နေ့လယ်စာ စားတဲ့အချိန်မှာလည်း လေ့ကျင့်ခန်းလုပ်ဖြစ်အောင် ရုံးအနီးအနားကဆိုင်တွေကို လမ်းလျှောက်ပြီး သွားစားပါ။
● အနားယူချိန်ထားပါ။ တစ်နေ့ နှစ်ကြိမ်လောက် လတ်ဆတ်တဲ့လေလေးကို ရှူရှိုက်ပြီး အနားယူပါ။
● နေ့တစ်နေ့မှာ ကိုယ်အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်နိုင်မယ့်အချိန် ရှာပါ။
ဒီအချက်တွေအားလုံးကတော့ အကုန်လုံးအတွက် အဆင်ပြေချင်မှ ပြေမှာဖြစ်ပေမယ့်လည်း ဒီထဲကဖြစ်နိုင်မယ့် ကိုယ်နဲ့အသုံးဝင်မယ့် နည်းလမ်းလေးတွေကို စပြီးကျင့်သုံးကြည့်ဖိုု့ တိုက်တွန်းလိုက်ပါတယ်နော် ...
Dr. Mya Myo Myo Swe (www.drmyanmar.com)
Enervon-C Adult 2

(Zawgyi)
ကိုယ္က်န္းမာမွ စိတ္ခ်မ္းသာမယ္ဆိုတဲ့စကားကို အားလုံးၾကားဖူးၾကမွာပါ။ ဒါေပမဲ့ ေျပာင္းလဲတိုးတက္လာတဲ့ IT ေခတ္ႀကီးထဲမွာ လူေတြက အထိုင္မ်ားလာၾကတယ္။ လႈပ္ရွားမႈေတြ နည္းလာၾကပါတယ္။ ဒီလိုလႈပ္ရွားမႈနည္းတဲ့ ေနထိုင္မႈပုံစံက က်န္းမာေရးအတြက္ မေကာင္းပါဘူး။
ဒီေတာ့ လႈပ္ရွားမႈရွိေအာင္ ေန႔တိုင္းေလ့က်င့္ခန္း လုပ္နိုင္ရင္ေတာ့ အေကာင္းဆုံးေပါ့။ ေလ့က်င့္ခန္း မလုပ္နိုင္ရင္ေတာင္မွ တစ္ေနကုန္ေနရတဲ့အလုပ္ထဲမွာ လႈပ္ရွားမႈရွိေနဖို႔ ဒါေလးေတြ လုပ္ၾကည့္ရေအာင္။
● အလုပ္ကို လမ္းေလၽွာက္သြားပါ။ အလုပ္ကို ကားနဲ႔သြားတယ္ဆိုရင္လည္း အလုပ္နဲ႔ နည္းနည္းလွမ္းတဲ့ေနရာမွာ ကားရပ္ၿပီးေတာ့ အလုပ္ကို လမ္းေလၽွာက္သြားပါ။
● ဓာတ္ေလွကားကေန မတက္ဘဲ ေလွကားနဲ႔ တက္ပါ။
● ေကာ္ဖီကို စားပြဲမွာပဲ အရန္သင့္မေသာက္ဘဲနဲ႔ ႐ုံးမီးဖိုခန္းကို ကိုယ့္ဟာကိုယ္သြား ေဖ်ာ္ၿပီးေသာက္ပါ။
● အိမ္သာသြားရင္ ေဝးတဲ့အိမ္သာကို သြားပါ။ လမ္းေလၽွာက္ျဖစ္ေအာင္လို႔ အိမ္သာသြားရင္ အနီးက အိမ္သာကိုပဲ မသြားဘဲနဲ႔ တျခားဘက္ကအိမ္သာကို သြားပါ။
● အစည္းအေဝးေတြကို တစ္ခါတရံ မတ္တပ္ရပ္လုပ္ပါ။ အစည္းအေဝးေတြမွာ အၾကာႀကီးထိုင္ၿပီးေတာ့ ေဆြးေႏြးမယ့္အစား မတ္တပ္ရပ္ၿပီး ေဆြးေႏြးတာက အခ်ိန္တိုေစၿပီးေတာ့ ပိုေကာင္းတယ္လို႔ ဆိုပါတယ္။ ကိုယ့္အထက္လူႀကီးကို ဒီနည္းလမ္းသုံးျဖစ္ေအာင္ ဆြဲေဆာင္ပါ။ ကိုယ္ကအလုပ္မွာ လူႀကီးဆိုလည္း အခုပဲစလိုက္ပါေတာ့။
● ေန႔လည္စာကို ႐ုံးကစားပြဲမွာပဲ ထိုင္မစားဘဲနဲ႔ ေနရာသစ္ေလး ေျပာင္းစားပါ။ ေန႔လယ္စာ စားတဲ့အခ်ိန္မွာလည္း ေလ့က်င့္ခန္းလုပ္ျဖစ္ေအာင္ ႐ုံးအနီးအနားကဆိုင္ေတြကို လမ္းေလၽွာက္ၿပီး သြားစားပါ။
● အနားယူခ်ိန္ထားပါ။ တစ္ေန႔ ႏွစ္ႀကိမ္ေလာက္ လတ္ဆတ္တဲ့ေလေလးကို ရႉရွိုက္ၿပီး အနားယူပါ။
● ေန႔တစ္ေန႔မွာ ကိုယ္အခ်ိန္ေပးၿပီး ေလ့က်င့္ခန္းလုပ္နိုင္မယ့္အခ်ိန္ ရွာပါ။
ဒီအခ်က္ေတြအားလုံးကေတာ့ အကုန္လုံးအတြက္ အဆင္ေျပခ်င္မွ ေျပမွာျဖစ္ေပမယ့္လည္း ဒီထဲကျဖစ္နိုင္မယ့္ ကိုယ္နဲ႔အသုံးဝင္မယ့္ နည္းလမ္းေလးေတြကို စၿပီးက်င့္သုံးၾကည့္ဖိုု႔ တိုက္တြန္းလိုက္ပါတယ္ေနာ္ ...
Dr. Mya Myo Myo Swe (www.drmyanmar.com)






























