သွယ်လျလှပဖို့အတွက် နည်းလမ်းများ
အဆီကျလှပဖို့အတွက် ဈေးကြီးတဲ့ gym တွေမှာ အသင်းဝင်ပြီးတော့ လုပ်နိုင်မှာပဲ မဟုတ်ပါဘူး။ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ဒီလိုရိုးရှင်းတဲ့အချက်လေးတွေကိုပဲ ကျင့်သုံးပြီးတော့ လှုပ်ရှားမှုရှိအောင်နေမယ်ဆိုရင် ကိုယ်အလေးချိန်ကျပြီး လန်းဆန်းသွက်လက်စေမှာပါ။
အခုခေတ် အလုပ်တော်တော်များများက တစ်နေကုန် ထိုင်ရတာများပါတယ်။ ကားထဲမှာလည်းထိုင်၊ စားပွဲမှာလည်းထိုင်၊ အိမ်ရောက်တော့လည်းထိုင်နဲ့ ထိုင်တဲ့အချိန်တွေကများနေပါတယ်။ အထိုင်များတာက အဝလွန်တာအပြင် ရင်သားနဲ့ အူမကြီးကင်ဆာတွေ ဖြစ်နိုင်ချေကိုလည်း များစေတယ်လို့ ဆိုပါတယ်။ လေ့လာမှုတစ်ခုအရဆိုရင် TV ရှေ့မှာပဲထိုင်ပြီး အချိန်ဖြုန်းနေတာကလည်း အသက်ကိုတောင် တိုစေပါသတဲ့။
ဒီတော့ ခန္ဓာကိုယ် သွယ်လျလှပဖို့တင်မကဘဲ ကျန်းမာပြီး အသက်ရှည်ဖို့အတွက် ကိုယ်လက်လှုပ်ရှားလုပ်ဖို့ အရေးကြီးပါတယ်။ ကဲ ... အခုပဲစတင်လိုက်ကြပါစို့။
1. လမ်းများများလျှောက်ပါ။
လမ်းလျှောက်တာကတော့ အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးနည်းလမ်းပါပဲ။ ကယ်လိုရီ လောင်ကျွမ်းဖို့အတွက်ဆိုရင် လမ်းမြန်မြန်လျှောက်ပေးပြီးတော့ လမ်းလျှောက်ချိန် ပိုပေးပါ။ ပိုပြီးအကျိုးရှိရှိနဲ့ စနစ်တကျ လုပ်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့လှုပ်ရှားမှုတွေကို မှတ်တဲ့ application (သို့) pedometer လေး သုံးပြီးတော့ ကိုယ် ဘယ်လောက်လမ်းလျှောက်ခဲ့တယ်ဆိုတာကို မှတ်ထားပါ။ တဖြည်းဖြည်းနဲ့ တစ်နေ့ကို ခြေလှမ်းတစ်သောင်းအထိ လျှောက်နိုင်ဖို့ ကြိုးစားပါ။
လမ်းလျှောက်တာ အထူးသဖြင့် မြန်မြန်နဲ့ အချိန်ကြာကြာ လျှောက်ပေးတာ၊ တောင်ကုန်းတက်တာ၊ လက်လွှဲပြီး လမ်းလျှောက်တာတွေက အကျိုးကျေးဇူး အရမ်းရှိပါတယ်။ ကိုယ်နေတဲ့နေရာက အပြင်ထွက်ပြီး လမ်းလျှောက်ဖို့ အဆင်မပြေဘူးဆိုရင် အနားမှာရှိတဲ့ shopping mall ထဲမှာ ပတ်လျှောက်တာ (သို့) အိမ်မှာပဲ လမ်းလျှောက်တဲ့ဗွီဒီယိုကြည့်ပြီးတော့ လျှောက်တာမျိုး လုပ်ပေးပါ။ လမ်းမြန်မြန်လျှောက်တာက ကိုယ့်ရဲ့ ကိုယ်အလေးချိန်နဲ့ လှုပ်ရှားမှုလုပ်တဲ့ပြင်းထန်မှုအပေါ် မူတည်ပြီးတော့ မိနစ် ၃၀ ကို ကယ်လိုရီ ၂၀၀ ကျော် လောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။
2. အလုပ်မှာ မတ်တပ်ရပ်ပြီး လုပ်ပါ။
အလုပ် အထူးသဖြင့် ရုံးအလုပ်တွေမှာဆိုရင် တစ်ချိန်ကုန် ထိုင်နေရတဲ့အတွက်ကြောင့် ကယ်လိုရီတွေ မလောင်ကျွမ်းဘဲ ဖြစ်တတ်ပါတယ်။ မတ်တပ်ရပ်တာက ထိုင်တာထက် ကယ်လိုရီကို ပိုလောင်ကျွမ်းစေပါတယ်။ အလုပ်ဆိုတော့ ကိုယ့်သဘောအတိုင်းမဟုတ်ဘဲ မတ်တပ်ရပ်ပြီး လုပ်ဖို့ မဖြစ်နိုင်ရင်တောင်မှ တစ်နာရီ တစ်ကြိမ်လောက်တော့ ၅ မိနစ်လောက် မတ်တပ်ရပ်ပေးပါ။
3. အလုပ်လုပ်နေတုန်းမှာ အကြောဆန့်ပေးပါ။
ရုံးက ကိုယ့်ထိုင်ခုံမှာ လေ့ကျင့်ခန်းလုပ်တဲ့ဘောလုံးနဲ့ အစားထိုးပြီးတော့ အဲဒီပေါ်မှာထိုင်ဖို့ ကြိုးစားရတာက ဝမ်းဗိုက်တွေကို အားသက်ရောက်စေပါတယ်။ ဒါမှမဟုတ်လည်း ခဏနားပြီး လှေကားတက်ဆင်း လုပ်ကြည့်တာကလည်း အလုပ်မှာ အာရုံစူးစိုက်မှု ပိုရစေပါတယ်။ ဖုန်းပြောရင်လည်း ထိုင်ပြီးပဲ ပြောမနေဘဲ မတ်တပ်ရပ်၊ လမ်းလျှောက်ပြီး ပြောပါ။ ဒီလို နည်းနည်းလေး လှုပ်ရှားလိုက်တာက ကယ်လိုရီတွေကို ၂၀-၄၀% လောက် ပိုပြီးလောင်ကျွမ်းစေပါတယ်။
4. ဗီတာမင် C ပါဝင်တဲ့ အစားအသောက်တွေ၊ အားဆေးတွေ သောက်ပါ။
ဗီတာမင် C က ခန္ဓာကိုယ်သွယ်လှလှပလိုသူတွေအတွက် လိုအပ်တဲ့ ဗီတာမင်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဗီတာမင် C ပါဝင်တဲ့ အစားအသောက်တွေ၊ အားဆေးတွေ (ဥပမာ - Envervon-C) ကို စားသုံးတာ၊ သောက်သုံးတာတွေ လုပ်ပေးသင့်ပါတယ်။
Enervon-C Adult 1

5. ခွေးမွေးပါ။
အိမ်မွေးတိရိစ္ဆာန် အထူးသဖြင့် ခွေးလေးတစ်ကောင်လောက် အသစ်ရောက်လာတာကလည်း လှုပ်ရှားမှု ပိုများစေပါတယ်။ ခွေးလေးတွေက လှုပ်ရှားမှုလုပ်ပေးဖို့လိုတော့ နေ့တိုင်း လမ်းလျှောက်ဖြစ်စေပါတယ်။ ဒီတော့ ကယ်လိုရီတွေလည်း လောင်ကျွမ်းတာပေါ့။ ကိုယ်ဟာကိုယ် လမ်းလျှောက်တာလိုမျိုးပဲ ခွေးကို လမ်းလိုက်လျှောက်ပေးတာကလည်း နာရီဝက်လောက်အတွင်းမှာ ကယ်လိုရီ ၂၀၀ လောက်ကို လောင်ကျွမ်းစေနိုင်ပါတယ်။
6. အိမ်သန့်ရှင်းရေးလုပ်ပါ။
ကိုယ့်အိမ်၊ ကိုယ့်အခန်းကို ပုံမှန်သန့်ရှင်းရေးလုပ်တာကလည်း ကိုယ်လက်လှုပ်ရှား ဖြစ်စေပါတယ်။ အိမ်သန့်ရှင်းရေးလုပ်တဲ့အခါမှာ ကြွက်သားတွေကို စုပေါင်းလှုပ်ရှားမှု ရှိစေပါတယ်။ ပေါ့ပေါ့ပါးပါး သန့်ရှင်းရေးလုပ်တာက နာရီဝက်ကို ၈၅ ကယ်လိုရီလောက် လောင်ကျွမ်းစေပြီးတော့ သန့်ရှင်းရေး အပြင်းအထန်လုပ်တာက ၁၀၂ ကယ်လိုရီလောက် လောင်ကျွမ်းစေပါတယ်။
7. အိမ်မှာပဲ ချက်ပြုတ်စားသောက်ပါ။
အများစုက ထမင်းဟင်းချက်တာကို လေ့ကျင့်ခန်းလုပ်တယ်လို့ မထင်ကြပါဘူး။ အိမ်မှာ ထမင်းဟင်းတွေ ချက်ပြုတ်ပြင်ဆင်တာကလည်း ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ပြီးတော့ အိမ်မှာ ကိုယ်တိုင်ချက်ပြုတ်ခြင်းအားဖြင့် ကျန်းမာရေးနဲ့ ညီညွတ်သလို အကုန်အကျလည်း သက်သာစေပါတယ်။
မတ်တပ်ရပ်ပြီး ချက်ရတာ၊ ပစ္စည်းတွေ မရတာ၊ လှီးတာဖြတ်တာတွေက နာရီဝက်မှာ ၇၈ ကယ်လိုရီလောက် လောင်ကျွမ်းစေနိုင်ပါတယ်။
8. သူငယ်ချင်းတွေနဲ့ချိန်းပြီး လက်ဖက်ရည်ဆိုင်ထိုင်မယ့်အစား Zumba ကပါ။
ကော်ဖီဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ သူငယ်ချင်းတွေနဲ့ ချိန်းပြီးတော့ ထိုင်မယ့်အစား ကယ်လိုရီတွေ လောင်ကျွမ်းပြီးတော့ လှုပ်ရှားမှုရှိမယ့် လမ်းလျှောက်တာ၊ Zumba ကတာ လိုမျိုးလေး လုပ်ကြည့်ပါ။ ကတာကလည်း ကယ်လိုရီကို အရမ်းကို လောင်ကျွမ်းစေနိုင်ပါတယ်။
9. လေ့ကျင့်ခန်းလုပ်ရင်း တီဗွီကြည့်ပါ။
TV ကြည့်နေတုန်းမှာ ဆိုဖာပေါ်မှာပဲ ထိုင်ပြီးနေမယ့်အစား အိပ်ထမတင်၊ ဒိုက်ထိုး စတဲ့ လေ့ကျင့်လေးတွေလုပ်ပြီး ကြည့်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Enervon-C Adult 2

(Zawgyi)
အဆီက်လွပဖို႔အတြက္ ေဈးႀကီးတဲ့ gym ေတြမွာ အသင္းဝင္ၿပီးေတာ့ လုပ္နိုင္မွာပဲ မဟုတ္ပါဘူး။ ကိုယ့္ရဲ့ေန႔စဥ္ဘဝမွာ ဒီလိုရိုးရွင္းတဲ့အခ်က္ေလးေတြကိုပဲ က်င့္သုံးၿပီးေတာ့ လႈပ္ရွားမႈရွိေအာင္ေနမယ္ဆိုရင္ ကိုယ္အေလးခ်ိန္က်ၿပီး လန္းဆန္းသြက္လက္ေစမွာပါ။
အခုေခတ္ အလုပ္ေတာ္ေတာ္မ်ားမ်ားက တစ္ေနကုန္ ထိုင္ရတာမ်ားပါတယ္။ ကားထဲမွာလည္းထိုင္၊ စားပြဲမွာလည္းထိုင္၊ အိမ္ေရာက္ေတာ့လည္းထိုင္နဲ႔ ထိုင္တဲ့အခ်ိန္ေတြကမ်ားေနပါတယ္။ အထိုင္မ်ားတာက အဝလြန္တာအျပင္ ရင္သားနဲ႔ အူမႀကီးကင္ဆာေတြ ျဖစ္နိုင္ေခ်ကိုလည္း မ်ားေစတယ္လို႔ ဆိုပါတယ္။ ေလ့လာမႈတစ္ခုအရဆိုရင္ TV ေရွ႕မွာပဲထိုင္ၿပီး အခ်ိန္ျဖဳန္းေနတာကလည္း အသက္ကိုေတာင္ တိုေစပါသတဲ့။
ဒီေတာ့ ခႏၶာကိုယ္ သြယ္လ်လွပဖို႔တင္မကဘဲ က်န္းမာၿပီး အသက္ရွည္ဖို႔အတြက္ ကိုယ္လက္လႈပ္ရွားလုပ္ဖို႔ အေရးႀကီးပါတယ္။ ကဲ ... အခုပဲစတင္လိုက္ၾကပါစို႔။
1. လမ္းမ်ားမ်ားေလၽွာက္ပါ။
လမ္းေလၽွာက္တာကေတာ့ အလြယ္ကူဆုံး၊ အရိုးရွင္းဆုံးနည္းလမ္းပါပဲ။ ကယ္လိုရီ ေလာင္ကၽြမ္းဖို႔အတြက္ဆိုရင္ လမ္းျမန္ျမန္ေလၽွာက္ေပးၿပီးေတာ့ လမ္းေလၽွာက္ခ်ိန္ ပိုေပးပါ။ ပိုၿပီးအက်ိဳးရွိရွိနဲ႔ စနစ္တက် လုပ္ခ်င္တယ္ဆိုရင္ေတာ့ ကိုယ့္ရဲ့လႈပ္ရွားမႈေတြကို မွတ္တဲ့ application (သို႔) pedometer ေလး သုံးၿပီးေတာ့ ကိုယ္ ဘယ္ေလာက္လမ္းေလၽွာက္ခဲ့တယ္ဆိုတာကို မွတ္ထားပါ။ တျဖည္းျဖည္းနဲ႔ တစ္ေန႔ကို ေျခလွမ္းတစ္ေသာင္းအထိ ေလၽွာက္နိုင္ဖို႔ ႀကိဳးစားပါ။
လမ္းေလၽွာက္တာ အထူးသျဖင့္ ျမန္ျမန္နဲ႔ အခ်ိန္ၾကာၾကာ ေလၽွာက္ေပးတာ၊ ေတာင္ကုန္းတက္တာ၊ လက္လႊဲၿပီး လမ္းေလၽွာက္တာေတြက အက်ိဳးေက်းဇူး အရမ္းရွိပါတယ္။ ကိုယ္ေနတဲ့ေနရာက အျပင္ထြက္ၿပီး လမ္းေလၽွာက္ဖို႔ အဆင္မေျပဘူးဆိုရင္ အနားမွာရွိတဲ့ shopping mall ထဲမွာ ပတ္ေလၽွာက္တာ (သို႔) အိမ္မွာပဲ လမ္းေလၽွာက္တဲ့ဗြီဒီယိုၾကည့္ၿပီးေတာ့ ေလၽွာက္တာမ်ိဳး လုပ္ေပးပါ။ လမ္းျမန္ျမန္ေလၽွာက္တာက ကိုယ့္ရဲ့ ကိုယ္အေလးခ်ိန္နဲ႔ လႈပ္ရွားမႈလုပ္တဲ့ျပင္းထန္မႈအေပၚ မူတည္ၿပီးေတာ့ မိနစ္ ၃၀ ကို ကယ္လိုရီ ၂၀၀ ေက်ာ္ ေလာင္ကၽြမ္းေစတယ္လို႔ ဆိုပါတယ္။
2. အလုပ္မွာ မတ္တပ္ရပ္ၿပီး လုပ္ပါ။
အလုပ္ အထူးသျဖင့္ ႐ုံးအလုပ္ေတြမွာဆိုရင္ တစ္ခ်ိန္ကုန္ ထိုင္ေနရတဲ့အတြက္ေၾကာင့္ ကယ္လိုရီေတြ မေလာင္ကၽြမ္းဘဲ ျဖစ္တတ္ပါတယ္။ မတ္တပ္ရပ္တာက ထိုင္တာထက္ ကယ္လိုရီကို ပိုေလာင္ကၽြမ္းေစပါတယ္။ အလုပ္ဆိုေတာ့ ကိုယ့္သေဘာအတိုင္းမဟုတ္ဘဲ မတ္တပ္ရပ္ၿပီး လုပ္ဖို႔ မျဖစ္နိုင္ရင္ေတာင္မွ တစ္နာရီ တစ္ႀကိမ္ေလာက္ေတာ့ ၅ မိနစ္ေလာက္ မတ္တပ္ရပ္ေပးပါ။
3. အလုပ္လုပ္ေနတုန္းမွာ အေၾကာဆန႔္ေပးပါ။
႐ုံးက ကိုယ့္ထိုင္ခုံမွာ ေလ့က်င့္ခန္းလုပ္တဲ့ေဘာလုံးနဲ႔ အစားထိုးၿပီးေတာ့ အဲဒီေပၚမွာထိုင္ဖို႔ ႀကိဳးစားရတာက ဝမ္းဗိုက္ေတြကို အားသက္ေရာက္ေစပါတယ္။ ဒါမွမဟုတ္လည္း ခဏနားၿပီး ေလွကားတက္ဆင္း လုပ္ၾကည့္တာကလည္း အလုပ္မွာ အာ႐ုံစူးစိုက္မႈ ပိုရေစပါတယ္။ ဖုန္းေျပာရင္လည္း ထိုင္ၿပီးပဲ ေျပာမေနဘဲ မတ္တပ္ရပ္၊ လမ္းေလၽွာက္ၿပီး ေျပာပါ။ ဒီလို နည္းနည္းေလး လႈပ္ရွားလိုက္တာက ကယ္လိုရီေတြကို ၂၀-၄၀% ေလာက္ ပိုၿပီးေလာင္ကၽြမ္းေစပါတယ္။
4. ဗီတာမင္ C ပါဝင္တဲ့ အစားအေသာက္ေတြ၊ အားေဆးေတြ ေသာက္ပါ။
ဗီတာမင္ C က ခႏၶာကိုယ္သြယ္လွလွပလိုသူေတြအတြက္ လိုအပ္တဲ့ ဗီတာမင္တစ္မ်ိဳးလည္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဗီတာမင္ C ပါဝင္တဲ့ အစားအေသာက္ေတြ၊ အားေဆးေတြ (ဥပမာ - Envervon-C) ကို စားသုံးတာ၊ ေသာက္သုံးတာေတြ လုပ္ေပးသင့္ပါတယ္။
5. ေခြးေမြးပါ။
အိမ္ေမြးတိရိစၧာန္ အထူးသျဖင့္ ေခြးေလးတစ္ေကာင္ေလာက္ အသစ္ေရာက္လာတာကလည္း လႈပ္ရွားမႈ ပိုမ်ားေစပါတယ္။ ေခြးေလးေတြက လႈပ္ရွားမႈလုပ္ေပးဖို႔လိုေတာ့ ေန႔တိုင္း လမ္းေလၽွာက္ျဖစ္ေစပါတယ္။ ဒီေတာ့ ကယ္လိုရီေတြလည္း ေလာင္ကၽြမ္းတာေပါ့။ ကိုယ္ဟာကိုယ္ လမ္းေလၽွာက္တာလိုမ်ိဳးပဲ ေခြးကို လမ္းလိုက္ေလၽွာက္ေပးတာကလည္း နာရီဝက္ေလာက္အတြင္းမွာ ကယ္လိုရီ ၂၀၀ ေလာက္ကို ေလာင္ကၽြမ္းေစနိုင္ပါတယ္။
6. အိမ္သန႔္ရွင္းေရးလုပ္ပါ။
ကိုယ့္အိမ္၊ ကိုယ့္အခန္းကို ပုံမွန္သန႔္ရွင္းေရးလုပ္တာကလည္း ကိုယ္လက္လႈပ္ရွား ျဖစ္ေစပါတယ္။ အိမ္သန႔္ရွင္းေရးလုပ္တဲ့အခါမွာ ႂကြက္သားေတြကို စုေပါင္းလႈပ္ရွားမႈ ရွိေစပါတယ္။ ေပါ့ေပါ့ပါးပါး သန႔္ရွင္းေရးလုပ္တာက နာရီဝက္ကို ၈၅ ကယ္လိုရီေလာက္ ေလာင္ကၽြမ္းေစၿပီးေတာ့ သန႔္ရွင္းေရး အျပင္းအထန္လုပ္တာက ၁၀၂ ကယ္လိုရီေလာက္ ေလာင္ကၽြမ္းေစပါတယ္။
7. အိမ္မွာပဲ ခ်က္ျပဳတ္စားေသာက္ပါ။
အမ်ားစုက ထမင္းဟင္းခ်က္တာကို ေလ့က်င့္ခန္းလုပ္တယ္လို႔ မထင္ၾကပါဘူး။ အိမ္မွာ ထမင္းဟင္းေတြ ခ်က္ျပဳတ္ျပင္ဆင္တာကလည္း ကယ္လိုရီေတြကို ေလာင္ကၽြမ္းေစပါတယ္။ ၿပီးေတာ့ အိမ္မွာ ကိုယ္တိုင္ခ်က္ျပဳတ္ျခင္းအားျဖင့္ က်န္းမာေရးနဲ႔ ညီညြတ္သလို အကုန္အက်လည္း သက္သာေစပါတယ္။
မတ္တပ္ရပ္ၿပီး ခ်က္ရတာ၊ ပစၥည္းေတြ မရတာ၊ လွီးတာျဖတ္တာေတြက နာရီဝက္မွာ ၇၈ ကယ္လိုရီေလာက္ ေလာင္ကၽြမ္းေစနိုင္ပါတယ္။
8. သူငယ္ခ်င္းေတြနဲ႔ခ်ိန္းၿပီး လက္ဖက္ရည္ဆိုင္ထိုင္မယ့္အစား Zumba ကပါ။
ေကာ္ဖီဆိုင္၊ လက္ဖက္ရည္ဆိုင္ေတြမွာ သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းၿပီးေတာ့ ထိုင္မယ့္အစား ကယ္လိုရီေတြ ေလာင္ကၽြမ္းၿပီးေတာ့ လႈပ္ရွားမႈရွိမယ့္ လမ္းေလၽွာက္တာ၊ Zumba ကတာ လိုမ်ိဳးေလး လုပ္ၾကည့္ပါ။ ကတာကလည္း ကယ္လိုရီကို အရမ္းကို ေလာင္ကၽြမ္းေစနိုင္ပါတယ္။
9. ေလ့က်င့္ခန္းလုပ္ရင္း တီဗြီၾကည့္ပါ။
TV ၾကည့္ေနတုန္းမွာ ဆိုဖာေပၚမွာပဲ ထိုင္ၿပီးေနမယ့္အစား အိပ္ထမတင္၊ ဒိုက္ထိုး စတဲ့ ေလ့က်င့္ေလးေတြလုပ္ၿပီး ၾကည့္ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























