/
node/8921

အေးတဲ့ရာသီဥတုမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ

Category
အလှအပနှင့်ကျန်းမာရေး

    မကြာခင်မှာ ဆောင်းရာသီ ရောက်တော့မယ်နော် ... ဆောင်းရောက်ပြီဆိုရင် လေအေးတွေ တိုက်ပြီးတော့ အသားအရေတွေ ခြောက်သွေ့ အက်ကွဲ အဖတ်တွေလန်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ အရေပြားကို ထိန်းသိမ်းတဲ့နည်းလမ်းတွေကို သိထားပြီး သေချာလိုက်နာမှ ကိုယ့်အသားအရေကြောင့် စိတ်မညစ်ရမှာပါ။

1.    အရေပြားကို တတ်နိုင်သမျှ ဖုံးအုပ်ထားပါ။
       အသားပေါ်နေတဲ့နေရာများလေလေ လေအေးတွေနဲ့ထိပြီးတော့ ပျက်စီးနိုင်ချေ ပိုများလေပါပဲ။ ဒါကြောင့် အိမ်ကမထွက်ခင်မှာ တတ်နိုင်သမျှ အသားမပေါ်အောင် ဝတ်ထွက်ပါ။ ပြီးတော့ရာသီဥတုအေးရင် နွေးနွေးထွေးထွေး ဝတ်ပါ။

2.    နေကာခရင်မ်လိမ်းပါ။
       အရေပြားအထူးကုဆရာဝန်တွေက အပြင်မသွားခင်မှာ SPF အနည်းဆုံး ၁၅ ပါဝင်တဲ့ နေကာကခရင်ကိုလိမ်းဖို့ အကြံပြုထားပါတယ်။ အပြင်မှာ ကြာကြာနေမယ်ဆိုရင်တော့ နာရီအနည်းငယ်ကြာတိုင်း နေကာခရင်မ် ပြန်ပြန်လိမ်းပေးဖို့ လိုပါတယ်။

3.    ရေပူနဲ့ အကြာကြီး ရေချိုးတာမျိုးတွေ မလုပ်ပါနဲ့။
       ရာသီဥတုအေးတဲ့အခါမှာ ရေနွေးလေးနဲ့ အကြာကြီး ရေချိုးချင်ကြပါတယ်။ ဒါပေမဲ့ ဆောင်းရာသီမှာ အသားအရေကို ရေပူနဲ့ အကြာကြီး ထိတွေ့တာကြောင့် အသားခြောက်တာ ပိုမြန်စေပြီးတော့ အသားတွေ ကွဲအက် ယားယံစေပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာဆိုရင် ကိုယ့်ရဲ့အသားအရေ ကျန်းမာစေဖို့ ရေကြက်သီးနွေးလောက်လေးနဲ့ ခဏပဲချိုးတာက ပိုကောင်းပါတယ်။

Bio-Oil 1

4.    အရည်အသွေးကောင်းတဲ့ moisturizer (သိုု့) အဆီတစ်မျိုးမျိုးကို သုံးပါ။
       ဆောင်းရာသီမှာ အရေပြားအစိုဓာတ်ကို ထိန်းဖို့အတွက် အရည်အသွေးကောင်းတဲ့ moisturizer (သိုု့) အဆီကိုအခြေခံပြီး ပြုလုပ်ထားတဲ့ lotion တွေကိုု လိမ်းပါ။ Bio-Oil လည်း လိမ်းလိုု့ရပါတယ်။

5.    ရေဓာတ် ပြည့်ဝနေပါစေ။
       ပူနွေးတဲ့ရာသီဥတုမှာတော့ ရေများများ သောက်ဖြစ်နေပေမယ့် အေးတဲ့ရာသီဥတုတွေမှာ ရေသောက်ဖို့ မေ့နေတတ်ပါတယ်။ ဒီတော့ အပြင်မှာ ရာသီဥတုအေးနေရင်တောင်မှ အရည်များများသောက်ပြီး ရေဓာတ်ပြည့်ဝအောင်နေဖို့ ဂရုစိုက်ပါ။
       အရက်နဲ့ ကဖင်းဓာတ်တွေက ဆီးသွားများစေတဲ့အတွက် ဒါတွေ သောက်ထားရင် ဆီးတွေ သွားပြီးတော့ ခန္ဓာကိုယ်က ရေဓာတ်တွေကို ပိုပြီးဆုံးရှုံးစေတဲ့အတွက် အသားအရေအတွက်ဆိုရင် အရက်နဲ့ ကဖင်းပါတဲ့ အချိုရည်တွေကို ရှောင်တာ အကောင်းဆုံးပါပဲ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Bio-Oil 2

(Zawgyi)

    မၾကာခင္မွာ ေဆာင္းရာသီ ေရာက္ေတာ့မယ္ေနာ္ ... ေဆာင္းေရာက္ၿပီဆိုရင္ ေလေအးေတြ တိုက္ၿပီးေတာ့ အသားအေရေတြ ေျခာက္ေသြ႕ အက္ကြဲ အဖတ္ေတြလန္တာေတြ ျဖစ္တတ္ပါတယ္။ ဒီလိုအခ်ိန္မွာ အေရျပားကို ထိန္းသိမ္းတဲ့နည္းလမ္းေတြကို သိထားၿပီး ေသခ်ာလိုက္နာမွ ကိုယ့္အသားအေရေၾကာင့္ စိတ္မညစ္ရမွာပါ။

1.    အေရျပားကို တတ္နိုင္သမၽွ ဖုံးအုပ္ထားပါ။
       အသားေပၚေနတဲ့ေနရာမ်ားေလေလ ေလေအးေတြနဲ႔ထိၿပီးေတာ့ ပ်က္စီးနိုင္ေခ် ပိုမ်ားေလပါပဲ။ ဒါေၾကာင့္ အိမ္ကမထြက္ခင္မွာ တတ္နိုင္သမၽွ အသားမေပၚေအာင္ ဝတ္ထြက္ပါ။ ၿပီးေတာ့ရာသီဥတုေအးရင္ ေႏြးေႏြးေထြးေထြး ဝတ္ပါ။

2.    ေနကာခရင္မ္လိမ္းပါ။
       အေရျပားအထူးကုဆရာဝန္ေတြက အျပင္မသြားခင္မွာ SPF အနည္းဆုံး ၁၅ ပါဝင္တဲ့ ေနကာကခရင္ကိုလိမ္းဖို႔ အႀကံျပဳထားပါတယ္။ အျပင္မွာ ၾကာၾကာေနမယ္ဆိုရင္ေတာ့ နာရီအနည္းငယ္ၾကာတိုင္း ေနကာခရင္မ္ ျပန္ျပန္လိမ္းေပးဖို႔ လိုပါတယ္။

3.    ေရပူနဲ႔ အၾကာႀကီး ေရခ်ိဳးတာမ်ိဳးေတြ မလုပ္ပါနဲ႔။
       ရာသီဥတုေအးတဲ့အခါမွာ ေရေႏြးေလးနဲ႔ အၾကာႀကီး ေရခ်ိဳးခ်င္ၾကပါတယ္။ ဒါေပမဲ့ ေဆာင္းရာသီမွာ အသားအေရကို ေရပူနဲ႔ အၾကာႀကီး ထိေတြ႕တာေၾကာင့္ အသားေျခာက္တာ ပိုျမန္ေစၿပီးေတာ့ အသားေတြ ကြဲအက္ ယားယံေစပါတယ္။ ဒါေၾကာင့္ ေဆာင္းရာသီမွာဆိုရင္ ကိုယ့္ရဲ့အသားအေရ က်န္းမာေစဖို႔ ေရၾကက္သီးေႏြးေလာက္ေလးနဲ႔ ခဏပဲခ်ိဳးတာက ပိုေကာင္းပါတယ္။

4.    အရည္အေသြးေကာင္းတဲ့ moisturizer (သိုု႔) အဆီတစ္မ်ိဳးမ်ိဳးကို သုံးပါ။
       ေဆာင္းရာသီမွာ အေရျပားအစိုဓာတ္ကို ထိန္းဖို႔အတြက္ အရည္အေသြးေကာင္းတဲ့ moisturizer (သိုု႔) အဆီကိုအေျခခံၿပီး ျပဳလုပ္ထားတဲ့ lotion ေတြကိုု လိမ္းပါ။ Bio-Oil လည္း လိမ္းလိုု႔ရပါတယ္။

5.    ေရဓာတ္ ျပည့္ဝေနပါေစ။
       ပူေႏြးတဲ့ရာသီဥတုမွာေတာ့ ေရမ်ားမ်ား ေသာက္ျဖစ္ေနေပမယ့္ ေအးတဲ့ရာသီဥတုေတြမွာ ေရေသာက္ဖို႔ ေမ့ေနတတ္ပါတယ္။ ဒီေတာ့ အျပင္မွာ ရာသီဥတုေအးေနရင္ေတာင္မွ အရည္မ်ားမ်ားေသာက္ၿပီး ေရဓာတ္ျပည့္ဝေအာင္ေနဖို႔ ဂ႐ုစိုက္ပါ။
       အရက္နဲ႔ ကဖင္းဓာတ္ေတြက ဆီးသြားမ်ားေစတဲ့အတြက္ ဒါေတြ ေသာက္ထားရင္ ဆီးေတြ သြားၿပီးေတာ့ ခႏၶာကိုယ္က ေရဓာတ္ေတြကို ပိုၿပီးဆုံးရႈံးေစတဲ့အတြက္ အသားအေရအတြက္ဆိုရင္ အရက္နဲ႔ ကဖင္းပါတဲ့ အခ်ိဳရည္ေတြကို ေရွာင္တာ အေကာင္းဆုံးပါပဲ။

Dr. Mya Myo Myo Swe (www.drmyanmar.com)