/
node/9238

အသားအရေ နွမ်းနယ်နေတဲ့လက္ခဏာတွေ

Category
အလှအပနှင့်ကျန်းမာရေး

    အလုပ်တွေရှိနေလို့ ညဘက်အိပ်တာ နောက်ကျပြီး မနက်မှာ စောစောထရပြီဆိုရင် လူက ဘယ်လိုမှမလန်းပါဘူး။ အိပ်ရေးမဝဘူး၊ အရမ်းပင်ပန်းနေတယ်ဆိုရင် လူပုံစံက သိသာပါတယ်။ မျက်ကွင်းတွေ ညိုနေတာ၊ လူက နုံးနေတာအပြင် အသားအရေတွေလည်း ခြောက်သွေ့ပြီး မွဲနေတတ်ပါတယ်။
    အရမ်းပင်ပန်းပြီး အရေပြားတွေပါ မွဲခြောက်နေမယ်ဆိုရင် ဖုံးကွယ်ရခက်ပါတယ်။ မိတ်ကပ်တွေ၊ concealer တွေနဲ့ ဖုံးလည်း မရပါဘူးနော်။ အဲဒီတော့ အိပ်မပျော်တဲ့ညတွေ များတဲ့အခါ အသားအရေမှာ ဘယ်လိုလက္ခဏာတွေပြလဲဆိုတာနဲ့ ဒါကို ဘယ်လိုပြုပြင်ကြမလဲဆိုတဲ့အချက်လေးတွေ မျှဝေပေးချင်ပါတယ်။

1.     မျက်ကွင်းညိုခြင်း
    ပင်ပန်းနွမ်းနယ်တဲ့အခါမှာ ရေဓာတ်ပါ ခမ်းခြောက်ပြီး မျက်လုံးအောက်က ညိုတာတွေက ပိုဆိုးလာပါတယ်။ မျက်ကွင်းတွေ ပိုညိုလာရင် ဒါကိုပဲ ဖုံးကွယ်ဖို့ ကြိုးစားမယ့်အစား ရေများများ သောက်ပေးပါ။

2.     မျက်လုံးဖောင်းမို့နေခြင်း
    လူက ပင်ပန်းနွမ်းနယ်နေတဲ့အခါမှာ အရေပြားကလည်း နွမ်းနယ်နေပြီးတော့ ရေဓာတ်ပြည့်ဝနေအောင် ထိန်းထားနိုင်ဖို့အတွက် မျက်လုံးအောက်မှာ ရေတွေကို ပိုစုစေပါတယ်။ မျက်လုံးမို့နေတဲ့အခါမှာ မျက်ကွင်းညိုတာကို ပိုပြီးသိသာစေပါတယ်။ မျက်လုံးမို့တာ သက်သာစေဖို့အတွက် ရေခဲအိတ်လေး ကပ်ပေးလို့ရပါတယ်။

Bio-Oil 1

3.     မျက်နှာပေါ်က အရေးအကြောင်းလေးတွေ
    မျက်ကွင်းညိုသလိုပဲ အရေးအကြောင်းတွေကလည်း ရေဓာတ်ခမ်းခြောက်တဲ့အခါ ပိုဆိုးပါတယ်။ ဒါကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့နေ့တွေမှာ အိပ်ရာနိုးပြီး ရေချိုးပြီးရင် မျက်နှာနဲ့ ခန္ဓာကိုယ်ကို အရည်အသွေးကောင်းတဲ့ moisturizer လေး လိမ်းပေးပါ။ ညအိပ်ရင်လည်း night cream ကောင်းကောင်းလေး လိမ်းအိပ်ပါ။ moisturizer လိမ်းတာက အရေးအကြောင်းတွေကို သိပ်မသိသာရလေအောင် ကူညီပေးပါတယ်။

4.     အသားအရေ မွဲခြောက်နေခြင်း
    အရေပြားဆဲလ်သေတွေနဲ့ အညစ်အကြေးတွေ အရေပြားပေါ်မှာ စုပုံလာတာက အိပ်ရေးမဝတဲ့သူတွေမှာ ပြဿနာပိုဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ အိပ်ချိန်နည်းတော့ ညဘက်အိပ်ချိန်မှာ ခန္ဓာကိုယ်က ပြန်လည်ပြုပြင်သင့်သလောက် မပြုပြင်နိုင်လို့ပါ။ ဒါဆိုရင်တော့ Exfoliate လို့ခေါ်တဲ့ အရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးဖို့ လိုပါတယ်။ အပျော့စား facial scrub လေးနဲ့ ပွတ်တိုက်သန့်စင်ပေးဖို့ အကြံပြုလိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Bio-Oil 2

(Zawgyi)

    အလုပ္ေတြရွိေနလို႔ ညဘက္အိပ္တာ ေနာက္က်ၿပီး မနက္မွာ ေစာေစာထရၿပီဆိုရင္ လူက ဘယ္လိုမွမလန္းပါဘူး။ အိပ္ေရးမဝဘူး၊ အရမ္းပင္ပန္းေနတယ္ဆိုရင္ လူပုံစံက သိသာပါတယ္။ မ်က္ကြင္းေတြ ညိဳေနတာ၊ လူက ႏံုးေနတာအျပင္ အသားအေရေတြလည္း ေျခာက္ေသြ႕ၿပီး မြဲေနတတ္ပါတယ္။
    အရမ္းပင္ပန္းၿပီး အေရျပားေတြပါ မြဲေျခာက္ေနမယ္ဆိုရင္ ဖုံးကြယ္ရခက္ပါတယ္။ မိတ္ကပ္ေတြ၊ concealer ေတြနဲ႔ ဖုံးလည္း မရပါဘူးေနာ္။ အဲဒီေတာ့ အိပ္မေပ်ာ္တဲ့ညေတြ မ်ားတဲ့အခါ အသားအေရမွာ ဘယ္လိုလကၡဏာေတြျပလဲဆိုတာနဲ႔ ဒါကို ဘယ္လိုျပဳျပင္ၾကမလဲဆိုတဲ့အခ်က္ေလးေတြ မွ်ေဝေပးခ်င္ပါတယ္။

1.     မ်က္ကြင္းညိဳျခင္း
    ပင္ပန္းႏြမ္းနယ္တဲ့အခါမွာ ေရဓာတ္ပါ ခမ္းေျခာက္ၿပီး မ်က္လုံးေအာက္က ညိဳတာေတြက ပိုဆိုးလာပါတယ္။ မ်က္ကြင္းေတြ ပိုညိဳလာရင္ ဒါကိုပဲ ဖုံးကြယ္ဖို႔ ႀကိဳးစားမယ့္အစား ေရမ်ားမ်ား ေသာက္ေပးပါ။

2.     မ်က္လုံးေဖာင္းမို႔ေနျခင္း
    လူက ပင္ပန္းႏြမ္းနယ္ေနတဲ့အခါမွာ အေရျပားကလည္း ႏြမ္းနယ္ေနၿပီးေတာ့ ေရဓာတ္ျပည့္ဝေနေအာင္ ထိန္းထားႏိုင္ဖို႔အတြက္ မ်က္လုံးေအာက္မွာ ေရေတြကို ပိုစုေစပါတယ္။ မ်က္လုံးမို႔ေနတဲ့အခါမွာ မ်က္ကြင္းညိဳတာကို ပိုၿပီးသိသာေစပါတယ္။ မ်က္လုံးမို႔တာ သက္သာေစဖို႔အတြက္ ေရခဲအိတ္ေလး ကပ္ေပးလို႔ရပါတယ္။

3.     မ်က္ႏွာေပၚက အေရးအေၾကာင္းေလးေတြ
    မ်က္ကြင္းညိဳသလိုပဲ အေရးအေၾကာင္းေတြကလည္း ေရဓာတ္ခမ္းေျခာက္တဲ့အခါ ပိုဆိုးပါတယ္။ ဒါေၾကာင့္ ပင္ပန္းႏြမ္းနယ္ေနတဲ့ေန႔ေတြမွာ အိပ္ရာႏိုးၿပီး ေရခ်ိဳးၿပီးရင္ မ်က္ႏွာနဲ႔ ခႏၶာကိုယ္ကို အရည္အေသြးေကာင္းတဲ့ moisturizer ေလး လိမ္းေပးပါ။ ညအိပ္ရင္လည္း night cream ေကာင္းေကာင္းေလး လိမ္းအိပ္ပါ။ moisturizer လိမ္းတာက အေရးအေၾကာင္းေတြကို သိပ္မသိသာရေလေအာင္ ကူညီေပးပါတယ္။

4.     အသားအေရ မြဲေျခာက္ေနျခင္း
    အေရျပားဆဲလ္ေသေတြနဲ႔ အညစ္အေၾကးေတြ အေရျပားေပၚမွာ စုပုံလာတာက အိပ္ေရးမဝတဲ့သူေတြမွာ ျပႆနာပိုျဖစ္ေစပါတယ္။ ဘာလို႔လဲဆိုေတာ့ အိပ္ခ်ိန္နည္းေတာ့ ညဘက္အိပ္ခ်ိန္မွာ ခႏၶာကိုယ္က ျပန္လည္ျပဳျပင္သင့္သေလာက္ မျပဳျပင္ႏိုင္လို႔ပါ။ ဒါဆိုရင္ေတာ့ Exfoliate လို႔ေခၚတဲ့ အေရျပားေပၚက ဆဲလ္အေသေတြကို ဖယ္ရွားေပးဖို႔ လိုပါတယ္။ အေပ်ာ့စား facial scrub ေလးနဲ႔ ပြတ္တိုက္သန႔္စင္ေပးဖို႔ အႀကံျပဳလုိပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)