ကိုယ်ဝန်ဆောင်ချိန် ကြုံတွေ့ရသော အူလမ်းကြောင်းဆိုင်ရာပြဿနာများ
>> ဝမ်းချုပ်ခြင်း
ကိုယ်ဝန်ဆောင်စဉ် ဟော်မုန်းအပြောင်းအလဲများကြောင့် ကိုယ်ဝန်အစောပိုင်းမှာပင် ဝမ်းချုပ်ခြင်း စတင်ဖြစ်ပေါ်တတ်ပါတယ်။ အရင်ကထက် ဝမ်းသွားတဲ့အကြိမ်ရေ လျော့လာတာမျိုး၊ ဝမ်းကို ပိုညှစ်ရတာမျိုးတွေ ကြုံကြိုက်လာရမှာပါ။
ကာကွယ်နိုင်ဖို့နည်းလမ်းတွေ ရှိပါတယ်။
(၁) အမျှင်ဓာတ်ကြွယ်ဝသောအစာများကို နေ့စဉ် စားသုံးပေးနိုင်ပါတယ်။ ဥပမာ - ဂျုံကြမ်းပေါင်မုန့်၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုးတို့ ဖြစ်ပါတယ်။
(၂) နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။ တစ်နေ့ကို နာရီဝက် နေ့စဉ်လမ်းလျှောက်ပါ။
(၃) တစ်နေ့လျှင် အနည်းဆုံး ရေ ၈ ဖန်ခွက် သောက်သုံးပါ။
>> လိပ်ခေါင်း
လူတိုင်းမှာ လိပ်ခေါင်း ဖြစ်နိုင်ချေ ရှိပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ်မှာတော့ အလေးချိန် ပိုတိုးလာခြင်းနှင့် ဝမ်းချုပ်ခြင်းကြောင့် လိပ်ခေါင် းဖြစ်နိုင်ချေ ပိုများလာပါတယ်။ လိပ်ခေါင်းဖြစ်ခြင်းကြောင့် စအိုတစ်ဝိုက် ယားယံနာကျင်ခြင်းနှင့် သွေးယိုခြင်းကို ဖြစ်စေနိုင်တာမို့ ကသိကအောက်ဖြစ်စေမှာ အမှန်ပါပဲ။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်စဉ် လိပ်ခေါင်းမဖြစ်ပေါ်အောင် အောက်ပါအတိုင်း ကာကွယ်နိုင်ပါတယ်။
1. ဝမ်းချူပ်ခြင်းကြောင့် လိပ်ခေါင်းဖြစ်စေတာမို့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို စားသုံးခြင်း၊ ရေ လုံလောက်စွာ သောက်ခြင်းဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပါ။
2. အကြာကြီး မတ်တပ်ရပ်ခြင်းကို ရှောင်ကြဉ်ပါ။ သွေးလှည့်ပတ်မှုကောင်းအောင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
3. ဝမ်းကို အတင်းညှစ်ပြီး သွားတတ်တဲ့ အကျင့်ကို ပြင်ပါ။
လေပြေနုသွေး(ဆေး-၂) (www.drmyanmar.com)
(Zawgyi)
>> ၀မ္းခ်ဳပ္ျခင္း
ကိုယ္၀န္ေဆာင္စဥ္ ေဟာ္မုန္းအေျပာင္းအလဲမ်ားေၾကာင့္ ကိုယ္၀န္အေစာပိုင္းမွာပင္ ၀မ္းခ်ဳပ္ျခင္း စတင္ျဖစ္ေပၚတတ္ပါတယ္။ အရင္ကထက္ ၀မ္းသြားတဲ့အႀကိမ္ေရ ေလ်ာ့လာတာမ်ိဳး၊ ၀မ္းကို ပိုညႇစ္ရတာမ်ိဳးေတြ ႀကံဳႀကိဳက္လာရမွာပါ။
ကာကြယ္ႏိုင္ဖို႔နည္းလမ္းေတြ ရွိပါတယ္။
(၁) အမွ်င္ဓာတ္ႂကြယ္၀ေသာအစာမ်ားကို ေန႔စဥ္ စားသံုးေပးႏုိင္ပါတယ္။ ဥပမာ - ဂ်ံဳၾကမ္းေပါင္မုန္႔၊ သစ္သီးမ်ား၊ ဟင္းသီးဟင္းရြက္မ်ား၊ ပဲအမ်ိဳးမိ်ဳးတို႔ ျဖစ္ပါတယ္။
(၂) ေန႔စဥ္ ကိုယ္လက္လႈပ္ရွားမႈရွိပါေစ။ တစ္ေန႔ကို နာရီ၀က္ ေန႔စဥ္လမ္းေလွ်ာက္ပါ။
(၃) တစ္ေန႔လွ်င္ အနည္းဆံုး ေရ ၈ ဖန္ခြက္ ေသာက္သံုးပါ။
>> လိပ္ေခါင္း
လူတိုင္းမွာ လိပ္ေခါင္း ျဖစ္ႏုိင္ေခ် ရွိပါတယ္။ အထူးသျဖင့္ ကိုယ္၀န္ေဆာင္စဥ္မွာေတာ့ အေလးခ်ိန္ ပိုတိုးလာျခင္းႏွင့္ ၀မ္းခ်ဳပ္ျခင္းေၾကာင့္ လိပ္ေခါင္ းျဖစ္ႏုိင္ေခ် ပိုမ်ားလာပါတယ္။ လိပ္ေခါင္းျဖစ္ျခင္းေၾကာင့္ စအိုတစ္၀ိုက္ ယားယံနာက်င္ျခင္းႏွင့္ ေသြးယိုျခင္းကို ျဖစ္ေစႏိုင္တာမို႔ ကသိကေအာက္ျဖစ္ေစမွာ အမွန္ပါပဲ။ ဒါေၾကာင့္မုိ႔ ကုိယ္၀န္ေဆာင္စဥ္ လိပ္ေခါင္းမျဖစ္ေပၚေအာင္ ေအာက္ပါအတိုင္း ကာကြယ္ႏိုင္ပါတယ္။
1. ၀မ္းခ်ဴပ္ျခင္းေၾကာင့္ လိပ္ေခါင္းျဖစ္ေစတာမို႔ အမွ်င္ဓာတ္ႂကြယ္၀တဲ့ အစားအစာမ်ားကို စားသံုးျခင္း၊ ေရ လံုေလာက္စြာ ေသာက္ျခင္းျဖင့္ ၀မ္းခ်ဳပ္ျခင္းကို ကာကြယ္ပါ။
2. အၾကာႀကီး မတ္တပ္ရပ္ျခင္းကို ေရွာင္ၾကဥ္ပါ။ ေသြးလွည့္ပတ္မႈေကာင္းေအာင္ ကုိယ္လက္လႈပ္ရွားမႈ ျပဳလုပ္ပါ။
3. ၀မ္းကို အတင္းညႇစ္ၿပီး သြားတတ္တဲ့ အက်င့္ကို ျပင္ပါ။
ေလေျပနုေသြး(ေဆး-၂) (www.drmyanmar.com)






























