/
node/9343

ကလေးချက်တိုင်လေးကို ဘယ်လိုဂရုစိုက်ပေးရမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

    ကလေးမွေးတဲ့အချိန်မှာ ချက်တိုင်လေးကို ဖြတ်လိုက်တဲ့အခါ ကလေးဆီမှာ ချက်တိုင်အငုတ်လေး ကျန်ခဲ့ပါတယ်။ ၁ ရက်၊ ၂ ရက်လောက်ကြာတဲ့အခါမှာ ချက်တိုင်လေးက ခြောက်ပြီးတော့ ပိတ်သွားပြီဖြစ်တဲ့အတွက် ညှပ်ထားတဲ့ ညှပ်လေးကို ဖြုတ်ပါလိမ့်မယ်။
    မကြာခင်မှာပဲ ကျန်ခဲ့တဲ့ချက်ငုတ်တိုင်လေးက ခြောက်သွားပြီးတော့ အညိုရောင်ကနေ အမည်းရောင်ပြောင်းပြီး ကြွေသွားပါလိမ့်မယ်။ ချက်တိုင်ကြွေတာက ရက်အနည်းငယ်အတွင်း (သို့) တစ်ပတ်၊ နှစ်ပတ်အတွင်းမှာ ကြွေပါတယ်။
    ချက်တိုင်ကြွေပြီး ရက်နည်းနည်းကြာတဲ့အခါမှာ ချက်လေးက နည်းနည်း စေးကပ်ကပ်လေး ဖြစ်နေနိုင်ပြီးတော့ အနံ့တစ်မျိုးလေးရတဲ့အရည်လေးတွေ ထွက်နိုင်ပါတယ်။ ဒါကပုံမှန်ပါပဲ ဘာကုထုံးမှ မလိုပါဘူး။
•    လုပ်ပေးရမှာကတော့ ချက်နေရာလေးကို ပုံမှန်ဆေးကြော ရေချိုးပေးပြီးတော့ သန့်သန့်ရှင်းရှင်းနဲ့ ခြောက်သွေ့အောင် ထားပေးပါ။ ပြီးတော့ ချက်ကို သေးခံဝတ်နဲ့ အုပ်မနေအောင် သေခံဝတ်လေးကို အောက်ဘက်သို့ ပြန်ခေါက်ထားပေးပါ။
•    ချက်ကို ပတ်တီးစီးတာတွေ၊ ပိုးသတ်ဆေးနဲ့ တခြားဆေးလိမ်းတာတွေ မလုပ်ပါနဲ့။
•    ချက်တိုင်ကို သူ့ဟာသူပဲ ကြွေပါစေ။ လက်နဲ့ သွားပြီးဆွဲတာမျိုး မလုပ်ပါနဲ့။

Biogesic for kids IA 1

•    ဟိုအရင်တုန်းကတော့ အရက်ပြန် (သို့)  ပိုးသတ်ဆေးရည်ကို ချက်တိုင်ထဲထည့်ဖို့ ပြောပေမယ့်လည်း အခုအခါမှာတော့ ဒါတွေက ချက်ကြွေတာကို ကူညီပေးတဲ့ အရေပြားမှာရှိတဲ့ သဘာဝ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်လို့ ချက်ထဲကို ဘာမှမထည့်ခိုင်းတော့ပါဘူး။
•    ချက်တိုင်ကြွေသွားပြီး ရက်အတော်ကြာတဲ့အထိ ချက်ကနေပြီးတော့ စေးကပ်ကပ်အရည်တွေ၊ ပြည်တွေ ထွက်နေသေးရင် ဆရာဝန်နဲ့ပြန်ပြပါ။ ပိုးသတ်ဆေးလိမ်းဖို့လိုတဲ့ သာမန်ပိုးဝင်တာမျိုးလည်း ရှိနိုင်ပါတယ်။
    ချက်မှာ ဘယ်အချိန်မှာမဆို နီတာ၊ ပူတာ၊ ချက်ပတ်လည်က အရေပြားဖောင်းလာတာ အထူးသဖြင့် ကလေးကလည်း နေမကောင်းဘူး (ကိုယ်ပူ၊ နို့ ကောင်းကောင်းမစို့ဘူး) ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြန်ပြပေးပါ။
    တစ်ခါတလေမှာ ချက်အနာကျက်သွားပြီးရင် အလယ်မှာ ပန်းရောင် အဖုစိုစိုသေးသေးလေး ကျန်နေတတ်ပါတယ်။ ဒါကို granuloma လို့ခေါ်ပါတယ်။ ဒါက အန္တရာယ်မရှိပေမယ့်လည်း မကုဘဲထားရင် အကြာကြီး ဆက်ရှိနေနိုင်ပါတယ်။ ဒီတော့ ၆ ပတ်ကြာလို့ ကလေးကို ဆရာဝန်နဲ့ ပြန်ပြတဲ့အခါမှာ ပြောပြပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Biogesic for kids IA 2

(Zawgyi)

    ကေလးေမြးတဲ့အခ်ိန္မွာ ခ်က္တိုင္ေလးကို ျဖတ္လိုက္တဲ့အခါ ကေလးဆီမွာ ခ်က္တိုင္အငုတ္ေလး က်န္ခဲ့ပါတယ္။ ၁ ရက္၊ ၂ ရက္ေလာက္ၾကာတဲ့အခါမွာ ခ်က္တိုင္ေလးက ေျခာက္ၿပီးေတာ့ ပိတ္သြားၿပီျဖစ္တဲ့အတြက္ ညႇပ္ထားတဲ့ ညႇပ္ေလးကို ျဖဳတ္ပါလိမ့္မယ္။
    မၾကာခင္မွာပဲ က်န္ခဲ့တဲ့ခ်က္ငုတ္တိုင္ေလးက ေျခာက္သြားၿပီးေတာ့ အညိဳေရာင္ကေန အမည္းေရာင္ေျပာင္းၿပီး ေႂကြသြားပါလိမ့္မယ္။ ခ်က္တိုင္ေႂကြတာက ရက္အနည္းငယ္အတြင္း (သို႔) တစ္ပတ္၊ ႏွစ္ပတ္အတြင္းမွာ ေႂကြပါတယ္။
    ခ်က္တိုင္ေႂကြၿပီး ရက္နည္းနည္းၾကာတဲ့အခါမွာ ခ်က္ေလးက နည္းနည္း ေစးကပ္ကပ္ေလး ျဖစ္ေနႏိုင္ၿပီးေတာ့ အနံ႔တစ္မ်ိဳးေလးရတဲ့အရည္ေလးေတြ ထြက္ႏိုင္ပါတယ္။ ဒါကပုံမွန္ပါပဲ ဘာကုထုံးမွ မလိုပါဘူး။
•    လုပ္ေပးရမွာကေတာ့ ခ်က္ေနရာေလးကို ပုံမွန္ေဆးေၾကာ ေရခ်ိဳးေပးၿပီးေတာ့ သန႔္သန႔္ရွင္းရွင္းနဲ႔ ေျခာက္ေသြ႕ေအာင္ ထားေပးပါ။ ၿပီးေတာ့ ခ်က္ကို ေသးခံဝတ္နဲ႔ အုပ္မေနေအာင္ ေသခံဝတ္ေလးကို ေအာက္ဘက္သို႔ ျပန္ေခါက္ထားေပးပါ။
•    ခ်က္ကို ပတ္တီးစီးတာေတြ၊ ပိုးသတ္ေဆးနဲ႔ တျခားေဆးလိမ္းတာေတြ မလုပ္ပါနဲ႔။
•    ခ်က္တိုင္ကို သူ႔ဟာသူပဲ ေႂကြပါေစ။ လက္နဲ႔ သြားၿပီးဆြဲတာမ်ိဳး မလုပ္ပါနဲ႔။
•    ဟိုအရင္တုန္းကေတာ့ အရက္ျပန္ (သို႔)  ပိုးသတ္ေဆးရည္ကို ခ်က္တိုင္ထဲထည့္ဖို႔ ေျပာေပမယ့္လည္း အခုအခါမွာေတာ့ ဒါေတြက ခ်က္ေႂကြတာကို ကူညီေပးတဲ့ အေရျပားမွာရွိတဲ့ သဘာဝ ဘက္တီးရီးယားပိုးေတြကို ေသေစႏိုင္လို႔ ခ်က္ထဲကို ဘာမွမထည့္ခိုင္းေတာ့ပါဘူး။
•    ခ်က္တိုင္ေႂကြသြားၿပီး ရက္အေတာ္ၾကာတဲ့အထိ ခ်က္ကေနၿပီးေတာ့ ေစးကပ္ကပ္အရည္ေတြ၊ ျပည္ေတြ ထြက္ေနေသးရင္ ဆရာဝန္နဲ႔ျပန္ျပပါ။ ပိုးသတ္ေဆးလိမ္းဖို႔လိုတဲ့ သာမန္ပိုးဝင္တာမ်ိဳးလည္း ရွိႏိုင္ပါတယ္။
    ခ်က္မွာ ဘယ္အခ်ိန္မွာမဆို နီတာ၊ ပူတာ၊ ခ်က္ပတ္လည္က အေရျပားေဖာင္းလာတာ အထူးသျဖင့္ ကေလးကလည္း ေနမေကာင္းဘူး (ကိုယ္ပူ၊ ႏို႔ ေကာင္းေကာင္းမစို႔ဘူး) ဆိုရင္ ဆရာဝန္နဲ႔ ခ်က္ခ်င္းျပန္ျပေပးပါ။
    တစ္ခါတေလမွာ ခ်က္အနာက်က္သြားၿပီးရင္ အလယ္မွာ ပန္းေရာင္ အဖုစိုစိုေသးေသးေလး က်န္ေနတတ္ပါတယ္။ ဒါကို granuloma လို႔ေခၚပါတယ္။ ဒါက အႏၲရာယ္မရွိေပမယ့္လည္း မကုဘဲထားရင္ အၾကာႀကီး ဆက္ရွိေနႏိုင္ပါတယ္။ ဒီေတာ့ ၆ ပတ္ၾကာလို႔ ကေလးကို ဆရာဝန္နဲ႔ ျပန္ျပတဲ့အခါမွာ ေျပာျပပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)