ဆီးချိုရောဂါရှိသူတွေအတွက် ကြောက်စရာအကောင်းဆုံး နောက်ဆက်တွဲဆိုးကျိုး
အသက်လေးဆယ်အရွယ် လူနာတစ်ယောက်။ ဆီးချိုဝေဒနာခံစားနေရတာ ကြာခဲ့ပြီ။ အစားအသောက်လည်း သင့်တော်သလောက် ရှောင်ပါတယ်။ တစ်နေ့မှာ ရင်ဘတ်ထဲ နေလို့မကောင်းဘူးလို့ ပြောနေရင်း နောက်ဆုံးအသက်ဆုံးပါးသွားပါတယ်။ သူ့ကို ရုတ်တရက် သေဆုံးစေခဲ့တဲ့ တရားခံကတော့ ဆီးချိုရောဂါသည်တွေမှာ အဖြစ်အများဆုံးဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပါတယ်။
တကယ်တော့ ဆီးချိုရောဂါသည်တွေမှာ ဖြစ်တတ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ရုတ်တရက် နှလုံးသွေးကြောပိတ်ရောဂါဟာ ကြောက်စရာအကောင်းဆုံးနဲ့ အန္တရာယ်အကြီးဆုံး နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပါတယ်။
>> ဘာလို့ သူ့ကို တိတ်တဆိတ် လူသတ်သမားလို့ သတ်မှတ်ရတာလဲ?
ဆီးချိုရောဂါရှိသူတွေ ရုတ်တရက် နှလုံးသွေးကြောကျဉ်းတဲ့ပိတ်တဲ့အခါ ရင်ဘတ်အောင့်တာဆိုတာ ဖြစ်ချင်မှဖြစ်မှာပါ။ အဲဒီအစား -
● ဘာကြောင့်မှန်းမသိ နုံးချိပြီး တစ်ခုခု မှားယွင်းသလို နေမထိထိုင်မသာ ဖြစ်မယ်
● ရင်ပူနေမယ်၊ ရင်ထဲ နေလို့မကောင်းဘူး
● လက်မောင်း၊ ပခုံး၊ ရင်ဘတ်ဘေးတွေ ကျဉ်ပြီး နာနေမယ်
● မေးစေ့၊ လည်ပင်းတွေ စူးသလို ကျဉ်တက်လာမယ်
● ရုတ်တရက် မောဟိုက်လာမယ်
ဒါတွေ ကြုံရနိုင်ပါတယ်။ လူတိုင်း ပေါ့ပေါ့ဆဆနဲ့ ထားလိုက်မယ့် လက္ခဏာတွေ ပါနေပါတယ်။ ဒါကြောင့် မသိလိုက် မသိဘာသာ အသက်ဆုံးရှုံးကြတာ ဖြစ်ပါတယ်။
Diabetone 1
ဆီးချိုဝေဒနာရှင်တွေမှာ အလိုအလျောက် ထိန်းချုပ်အာရုံကြောစနစ် ပျက်ပြားလာတာကြောင့် အများသူငှာလို အချက်ပြ စူးစူးကြီး ရင်ဘတ်အောင့်ခြင်းတွေ အဖြစ်နည်းပြီး အပေါ်က ဖော်ပြပါလက္ခဏာတွေ ပြနိုင်တာ ဖြစ်ပါတယ်။
ဒါ့အပြင် သွေးတိုး၊ ဆီးချို မြင့်တက်နေခြင်းဟာ နှလုံးသွေးကြောပိတ်ပြီး နောက်ဆက်တွဲ နှလုံးကြွက်သားပုပ်ခြင်းကို ပိုဆိုးစေကြောင်း တွေ့ရှိထားပါတယ်။ ဒါကြောင့် ဆီးချိုရောဂါဝေဒနာသည်တွေ နှလုံးသွေးကြောကျဉ်းတဲ့အခါ လုံးဝပိတ်တဲ့အခါ အသက်သေဆုံးနိုင်ခြေ များပြားတတ်တာ ဖြစ်ပါတယ်။
>> ဒီလောက် ကြောက်စရာကောင်းတဲ့ ဆီးချိုနှင့် နှလုံးသွေးကြောကျဉ်းခြင်းကို ဘယ်လိုကာကွယ်မလဲ?
ရိုးရှင်းတဲ့ အဆင့်လေးတွေကို လိုက်နာရုံပါပဲ။
● ဆေးလိပ် ဖြတ်ပါ။
● ဝိတ်လျှော့ပါ။
● ဆီးချိုကို ထိန်းချုပ်ကုသပါ။
● အဆီအအိမ့် လုံးဝရှောင်ပါ။
● ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။
● သွေးတိုးရှိရင် ကုသပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Diabetone 2
(Zawgyi)