/
node/9435

မေမေတို့ရဲ့သားသားမီးမီးလေးတွေမှာ ချောင်းဆိုးခြင်းနှင့်အတူ အသက်ရှူတိုင်း တရွီရွီ မြည်နေတာမျိုးရှိလား

Category
ကလေးများနှင့်ကျန်းမာရေး

(Zawgyi)

    ေခ်ာင္းဆိုးျခင္းဟာ ကေလးငယ္မ်ားတြင္ အျဖစ္မ်ားေသာေ၀ဒနာတစ္မ်ဳိး ျဖစ္ပါတယ္။ တစ္ခါတေလမွာ ေခ်ာင္းဆိုးျခင္းဟာ လည္ေခ်ာင္းထဲက ေလေပါက္ေတြကို သန္႕ရွင္းေပးေနျခင္း ျဖစ္ပါတယ္။ ဒါေပမဲ့ သားသားမီးမီးတို႔မွာ ေခ်ာင္းဆိုးျခင္းနဲ႔အတူ အသက္ရွဴတိုင္း အသံျမည္ေနတာမ်ဳိးရွိပါက ေမေမတို႔အေနျဖင့္ အခ်ိန္ျပည့္ ေစာင့္ၾကည့္ေပးဖို႔ လိုပါတယ္။ ေခ်ာင္းဆိုးျခင္းနဲ႔အတူ အသက္ရွဴတိုင္း အသံျမည္ျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းရင္းမ်ားစြာ ရွိပါတယ္။
●    အေအးမိျခင္း၊ ဗိုင္းရပ္စ္ပိုး၀င္ျခင္း
●    လည္ေခ်ာင္းတြင္ တစ္ခုခုနင္ျခင္း
●    ေလျပြန္ေယာင္ျခင္း
●    ကေလးအနား ေဆးလိပ္ေသာက္ျခင္း
●    ပန္းနာရင္ၾကပ္ေရာဂါ
●    နမိုးနီးယားေရာဂါ စသည္တုိ႔ေၾကာင့္ ျဖစ္ေပၚႏိုင္ပါတယ္။

>>    ဘယ္လိုအခ်ိန္မ်ဳိးမွာ ေဆးခန္း မျဖစ္မေနျပဖို႔ လိုမလဲ?
●    တကယ္လို႔ သားသားမီးမီးေလးဟာ အသက္ရွဴၾကပ္ျခင္း၊ အသက္ရွဴမ၀ျဖစ္ျခင္း ရွိပါက
●    အသက္ရွဴသံ ျမန္လာပါက
●    အသက္ရွဴသံမ်ား ဆူညံေနပါက
●    ကေလးရဲ႕ အေရျပားနဲ႔ ႏႈတ္ခမ္းမ်ား ျပာလာပါက
●    ကေလးဟာ ေမာပန္းႏံုးခ်ိေနပါက
●    အဖ်ား 37° ထက္ ေက်ာ္ပါက
●    နို႔မစို႔ျခင္း၊ အစာမ၀င္ျခင္း ရွိပါက
●    လည္ပင္းနင္ေနေသာလကၡဏာမ်ား ျဖစ္ေပၚပါက ခ်က္ခ်င္း ေဆး႐ံု၊ ေဆးခန္းသို႔ ေခၚေဆာင္ပါ။

Solmux Kids 1

    အထက္ပါလကၡဏာမ်ားမရွိဘဲ သာမန္ေခ်ာင္းဆိုးျခင္းနဲ႔ အသက္ရွဴသံျမည္ျခင္းအတြက္ အိမ္မွာပဲ ေဖေဖ ေမေမတို႔ ဂ႐ုစိုက္ေပးႏိုင္ပါတယ္။
●    ကေလးကို သက္ေသာင့္သက္သာရွိေအာင္ ထားေပးပါ။
●    ေရ၊ ဓာတ္ဆားရည္၊ ၾကက္စြပ္ျပဳတ္၊ ႏြားႏို႔ စေသာအရည္မ်ားကို မၾကာခဏ တုိက္ေပးပါ။
● ကေလးအနီးတ၀ိုက္တြင္ ေဆးလိပ္ေသာက္ျခင္း၊ ျခင္ေဆး ထြန္းျခင္း၊ ေခြးေၾကာင္မ်ား ထားျခင္း၊ ဟင္းခ်က္ျခင္းတို႔ကို ေရွာင္ၾကဥ္ပါ။
●    ေခ်ာင္းဆိုးေပ်ာက္ေဆးနဲ႔ ပိုးသတ္ေဆးတို႔ကို ဆရာ၀န္ ညႊန္ၾကားခ်က္အတိုင္း တိုက္ေကၽြးပါ။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)

Solmux Kids 2

(Unicode)

    ချောင်းဆိုးခြင်းဟာ ကလေးငယ်များတွင် အဖြစ်များသောဝေဒနာတစ်မျိုး ဖြစ်ပါတယ်။ တစ်ခါတလေမှာ ချောင်းဆိုးခြင်းဟာ လည်ချောင်းထဲက လေပေါက်တွေကို သန့်ရှင်းပေးနေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ သားသားမီးမီးတို့မှာ ချောင်းဆိုးခြင်းနဲ့အတူ အသက်ရှူတိုင်း အသံမြည်နေတာမျိုးရှိပါက မေမေတို့အနေဖြင့် အချိန်ပြည့် စောင့်ကြည့်ပေးဖို့ လိုပါတယ်။ ချောင်းဆိုးခြင်းနဲ့အတူ အသက်ရှူတိုင်း အသံမြည်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။
●    အအေးမိခြင်း၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်း
●    လည်ချောင်းတွင် တစ်ခုခုနင်ခြင်း
●    လေပြွန်ယောင်ခြင်း
●    ကလေးအနား ဆေးလိပ်သောက်ခြင်း
●    ပန်းနာရင်ကြပ်ရောဂါ
●    နမိုးနီးယားရောဂါ စသည်တို့ကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။

>>    ဘယ်လိုအချိန်မျိုးမှာ ဆေးခန်း မဖြစ်မနေပြဖို့ လိုမလဲ?
●    တကယ်လို့ သားသားမီးမီးလေးဟာ အသက်ရှူကြပ်ခြင်း၊ အသက်ရှူမဝဖြစ်ခြင်း ရှိပါက
●    အသက်ရှူသံ မြန်လာပါက
●    အသက်ရှူသံများ ဆူညံနေပါက
●    ကလေးရဲ့ အရေပြားနဲ့ နှုတ်ခမ်းများ ပြာလာပါက
●    ကလေးဟာ မောပန်းနုံးချိနေပါက
●    အဖျား 37° ထက် ကျော်ပါက
●    နို့မစို့ခြင်း၊ အစာမဝင်ခြင်း ရှိပါက
●    လည်ပင်းနင်နေသောလက္ခဏာများ ဖြစ်ပေါ်ပါက ချက်ချင်း ဆေးရုံ၊ ဆေးခန်းသို့ ခေါ်ဆောင်ပါ။

    အထက်ပါလက္ခဏာများမရှိဘဲ သာမန်ချောင်းဆိုးခြင်းနဲ့ အသက်ရှူသံမြည်ခြင်းအတွက် အိမ်မှာပဲ ဖေဖေ မေမေတို့ ဂရုစိုက်ပေးနိုင်ပါတယ်။
●    ကလေးကို သက်သောင့်သက်သာရှိအောင် ထားပေးပါ။
●    ရေ၊ ဓာတ်ဆားရည်၊ ကြက်စွပ်ပြုတ်၊ နွားနို့ စသောအရည်များကို မကြာခဏ တိုက်ပေးပါ။
● ကလေးအနီးတဝိုက်တွင် ဆေးလိပ်သောက်ခြင်း၊ ခြင်ဆေး ထွန်းခြင်း၊ ခွေးကြောင်များ ထားခြင်း၊ ဟင်းချက်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
●    ချောင်းဆိုးပျောက်ဆေးနဲ့ ပိုးသတ်ဆေးတို့ကို ဆရာဝန် ညွှန်ကြားချက်အတိုင်း တိုက်ကျွေးပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)