/
node/951

ကိုယ်၀န်ဆောင်အမျိုးသမီးများ ရွေးချယ်သင့်တဲ့ ဘရာဇီယာ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        အမျိုးသမီးအများစုဟာ ကိုယ်၀န်ဆောင်နေစဉ် ကာလအတွင်းမှာ ဝါယာကြိုးအောက်ခံရှိသော ဘရာဇီယာ များကိုရှောင်ရှားသင့်တယ်လို့ ဆရာ၀န်များက ဆိုပါတယ်။ အကြောင်းတွေကတော့ -

        ကိုယ်၀န်ဆောင်ကာလအတွင်းမှာ အမျိုးသမီးများရဲ့ ရင်သားတွေဟာလည်းတဖြည်းဖြည်း ကြီးထွားလာပါတယ်။ ဝါယာကြိုးအောက်ခံရှိတဲ့ ဘရာဇီယာတွေက ရင်သားကိုတင်းကျပ်စေတာကြောင့် သွေးစီးဆင်းမှုကို ပိတ်ဆို့စေပြီး နို့ရည်ပြွန်များကိုဖိနှိပ်ထားပါတယ်။ အကျိုးဆက်အနေနဲ့ ရင်သားရောင်ရမ်းခြင်း၊ သက်သောင့်သက် သာမဖြစ်ခြင်း၊ နို့ကြောင်းပိတ်ခြင်းတို့ကိုခံစားရပါတယ်။ ဒါကြောင့် ကိုယ်၀န်ဆောင်စဉ် ကာလအတွင်းမှာ ဝါယာကြိုးအောက်ခံမပါသောဘရာဇီယာများကိုသာ ရွေးချယ်၀တ်ဆင်ရမှာဖြစ်ပါတယ်။

ကိုယ်၀န်ဆောင်မိခင်များအတွက် ဘရာဇီယာရွေးချယ်ရာတွင် သတိပြုရမည့်အချက်များ

၁။       ရင်သားရဲ့ပုံစံစတင်ပြောင်းလာတာနဲ့ တစ်ပြိုင်နက် သင့်လျော်သောဘရာဇီရာကိုရွေးချယ်ပါ။ တချို့မိခင်လောင်းတွေက အရင်၀တ်နေကျတဲ့ ၂ ဆိုဒ် (သို့) ဒီထက်ပိုကြီးလာတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်၀န်ေ်ဆာင်စဉ်တလျှောက်မှာ ၂ ကြိမ် ၃ ကြိမ်လောက် ဘရာဇီယာအသစ်၀ယ်ဖို့လို ပါလိမ့်မယ်။

၂။       သက်သောင့်သက်သာရှိစေရန် တင်းကျပ်မှု ရှိသော၊ အသားပေါ်တွင်အနီရောင် အစင်းရာများ ကျန်စေနိုင်သောဘော်လီများကိုရှောင်ရှားပါ။

၃။       ကျောဘက် သို့မဟုတ် ပခုံးပေါ်တွင် ၀န်ပိမနေစေရန် ကြိုးပြားကြီးသော ဘရာဇီယာများကို ရွေးချယ်ပေးပါ။

၄။       နူးညံ့သောပိတ်စဖြင့် ပြုလုပ်ထားသော လေ၀င်လေထွက်ကောင်းစေသည့် ဘရာဇီယာများကိုရွေး ချယ်၀တ်ဆင်ပါ။

၅။       ရင်သားပုံပျက်နိုင်တဲ့အတွက် ဆိုဒ်ကြီးသော ဘရာဇီယာများကိုလည်း မရွေးပါနဲ့။

Dr. Htet Htet Aung

www.drmyanmar.com