/
node/955

ဦးနှောက်ကျန်းမာရေးအတွက် ပြုလုပ်သင့်သည့်နည်းလမ်းများ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

        ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကောင်းမွန်ဖို့ကလည်း လူတစ်ယောက်အတွက် အလွန်အရေး ကြီးပါတယ်။ စိတ်ကျန်းမာရေးကောင်းမွန်မှသာလျှင် နေ့စဉ်လုပ်ငန်းများကို ပုံမှန်လုပ်ဆောင်နိုင်ရုံသာမက စိန်ခေါ်မှုသစ်များကိုလည်း ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးကောင်းမွန်စေမယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

၁။       အားလပ်ရက်များကို သူငယ်ချင်းများနှင့်အတူ ကုန်ဆုံးပါ။

        ပေါင်းသင်းဆက်ဆံရေးဟာ စိတ်နှလုံးကို လန်းဆန်းစေပါတယ်။ အားလပ်ရက်များတွင် သူငယ်ချင်း အပေါင်းအသင်းများနှင့် အတွေ့အကြုံများေ၀မျှခြင်း၊ ရယ်ရယ်မောမောစကားပြောခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြင့် မိတ်ဆွေများကြားတွင် ရင်းနှီးမှုပိုတိုးလာရုံသာမက စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေပါတယ်။

၂။       လမ်းလျှောက်ထွက်ပါ။

        လမ်းလျှောက်ခြင်းဟာ ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ လမ်းမှန်မှန်လျှောက်ခြင်းဖြင့် ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို ခံစားရမှာဖြစ်ပြီး လမ်းလျှောက်ရင်းနဲ့ ပတ်၀န်းကျင်ရှုခင်းများကိုခံစားနိုင်တာကြောင့် စိတ်ဖိစီးမှုများကိုလည်း ပြေပျောက်စေပါတယ်။

၃။       ခရီးထွက်ပါ။

        အားလပ်ရက်မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ခရီးထွက်ပါ။ ဒေသန္တရဗဟုသုတ တိုလားစေမယ့်အပြင် စိတ်ကိုလန်းဆန်းတက်ကြွစေပြီး အတွေးအခေါ်သစ်များကိုလည်း ရရှိစေပါတယ်။

၄။       အနှိပ်ခံပါ။

        ပုံမှန်အနှိပ်ခံတာက သွေးလည်ပတ်မှုကိုကောင်းစေပြီး စိတ်ကြည်လင်လန်းဆန်းစေပါ တယ်။ အေးချမ်းတိတ်ဆိတ်တဲ့ပတ်၀န်းကျင်မှာ အနှိပ်ခံတာက စိတ်ကိုကြည်လင်စေပြီး စိတ်ပျိုကိုယ်နုစေပါတယ်။

၅။       ဈေး၀ယ်ထွက်ပါ။

        မိမိရဲ့အချိန်များကို ရုံးနဲ့အိမ်သွားလိုက်ပြန်လိုက်လုပ်ခြင်းဖြင့် အကုန်ဆုံးမခံပါနှင့်။ သူငယ်ချင်းများနှင့်အတူ ဈေး၀ယ်ထွက်ပြီး အစားအသောက်အတူတူစားတာမျိုးလုပ်ပေးပါ။

၆။       စာဖတ်ပါ။

        စာဖတ်ခြင်းဟာ စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ စာအုပ်ကောင်းတစ်အုပ်ကိုဖတ်ခြင်းဖြင့် စိတ်ကိုရွှင်လန်းစေရုံသာမကအတွေးသစ်အမြင်သစ်များကိုပါ ရရှိစေပါတယ်။

၇။       အိပ်ရေး၀အောင်အိပ်ပါ။

        အိပ်ရေးပျက်တာကြာလာရင် မျက်နှာကရင့်ရော်လာရုံသာမက လူကိုပင်ပန်းနွမ်းနယ်စေပြီး မှတ်ဉာဏ် အားနည်းစေပါတယ်။ အိပ်ရေး၀လျှင်ခေါင်းကြည်ပြီးအချက်အလက်များကို ပိုမိုမှတ်သားနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် မှတ်ဉာဏ်ပိုကောင်းလာအောင် တစ်ညကို ၇ - ၈ နာရီလောက် အိပ်ရေး၀အောင်အိပ်သင့်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com