ရာသီလာစဉ် သန့်ရှင်းစေချင်
ဓမ္မတာနဲ့ ပတ်သက်ပြီးတော့ အသိပညာတွေ အတော်တိုးတက်လာပြီလို့ ထင်ရပေမယ့် နေရာအတော်များများမှာ ရာသီကို မသန့်ရှင်းတဲ့ သွေးဆိုးသွေးညစ်တွေဆင်းတာ၊ ရာသီလာချိန်ဟာ ယုတ်ညံ့တယ် စသဖြင့် ခေတ်နောက်ပြန်ဆွဲတဲ့အတွေးတွေ တွေးနေကြဆဲဖြစ်တာကို စိတ်မကောင်းစရာ တွေ့ရပါတယ်။
ဓမ္မတာလာတယ်ဆိုတာ ကျန်းမာသန်စွမ်းတဲ့ သာမန်အမျိုးသမီးတစ်ယောက်ရဲ့ သဘာဝတစ်ခုဖြစ်တာမို့ ဒီလိုဓမ္မတာလာစဉ်မှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းစေဖို့ လိုက်နာဆောင်ရွက်ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။
● တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်တော့ ရေ ပုံမှန်ချိုးပေးပါ။
● ပိုးမဝင်အောင် လစဉ်သုံးပစ္စည်းကို မှန်မှန်လဲပေးပါ။ Pad ဆိုရင် ၆ နာရီခြားတစ်ခါ လဲပေးပြီး တန်ပွန် သုံးရင်တော့ ၂ နာရီခြားတစ်ခါ လဲပေးပါ။
● အရည်အသွေးကောင်းတဲ့ လစဉ်သုံးအမျိုးအစားကို ရွေးချယ်ပါ။ အသားအရေ အထိခိုက်မခံတဲ့ အမျိုးသမီးတွေဆိုရင် ပလတ်စတစ်လိုင်းပါတဲ့ လစဉ်သုံးတွေကို ရှောင်ပေးပါ။ နီရဲတာ၊ ယားယံတာ၊ အသားချင်း ပွတ်တိုက်မိပြီး အရည်ကြည်ဖုတွေထတာမျိုးတွေ ဖြစ်တတ်ပါတယ်။
● အတွင်းခံ သန့်သန့်ရှင်းရှင်း ဝတ်ဆင်ပါ။ နေ့တိုင်း လဲလှယ်ပါ။
● မိန်းမကိုယ်နားတစ်ဝိုက်ကို ဆပ်ပြာအပြင်းတွေနဲ့ မဆေးပါနဲ့။ အိမ်သာသွားပြီးတိုင်း ရေလေးနဲ့ မှန်မှန်ဆေးပေးပါ။ အထဲထဲထိ ဆပ်ပြာနဲ့ဆေးတဲ့အခါ ကောင်းတဲ့ဘက်တီးရီးယားတွေ သေဆုံးပြီး ရောဂါပိုးမွှားတွေ ဝင်ရောက်လာနိုင်ပါတယ်။
● ရေဆေးပြီးတိုင်း မိန်းမကိုယ်နားတစ်ဝိုက်ကို ခြောက်သွေ့အောင် သုတ်သင်ပေးပါ။ ပေါင်ခြံကြားကို အမြဲခြောက်သွေ့နေအောင် ထားပါ။
pH Care 1

● မိန်းမကိုယ်ကို ဆေးကြောတဲ့အခါ ရှေ့ကနေနောက်ကို ဆေးပေးပါ။ နောက်ကနေ ရှေ့ကိုဆေးပေးရင် စအိုက ဘက်တီးရီးယားပိုးတွေက မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းထဲ ဝင်ရောက်နိုင်ပြီး ပိုးပွားနိုင်ပါတယ်။
● လစဉ်သုံးပစ္စည်းလဲပြီးတိုင်း လက်ကို ရေနွေးနဲ့ဆပ်ပြာကိုသုံးပြီး ဆေးကြောပေးပါ။
● အသုံးပြုပြီးသား လစဉ်သုံးပစ္စည်းတွေကို အိမ်သာကျင်းထဲ မထည့်လိုက်ပါနဲ့။ ရေဆင်းကြောင်းပိတ်ပြီး ရေတွေ လျှံတက်လာနိုင်ပါတယ်။ သေချာထုတ်ပိုးပြီး အမှိုက်ပုံးထဲကို သေချာပစ်ပေးပါ။
● ဂျင်းတွေ၊ ဘောင်းဘီအကျပ်တွေမဝတ်ဘဲ ပေါ့ပေါ့ပါးပါးလေးတွေပဲ ဝတ်ဆင်ပေးပါ။ လေဝင်လေထွက် ကောင်းစေပြီး ချွေးထွက်တာကို သက်သာစေနိုင်ပါတယ်။
ရာသီလာစဉ် ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းတဲ့ အလေ့အကျင့်ကောင်းတွေကို ပြုမူပေးဖို့က အင်မတန်မှ အရေးကြီးပါတယ်။ မိန်းကလေးတိုင်း ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ကြစေဖို့ ဝေမျှပေးလိုက်ပါတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
pH Care 2

(Zawgyi)
ဓမၼတာနဲ႔ ပတ္သက္ၿပီးေတာ့ အသိပညာေတြ အေတာ္တိုးတက္လာၿပီလို႔ ထင္ရေပမယ့္ ေနရာအေတာ္မ်ားမ်ားမွာ ရာသီကို မသန႔္ရွင္းတဲ့ ေသြးဆိုးေသြးညစ္ေတြဆင္းတာ၊ ရာသီလာခ်ိန္ဟာ ယုတ္ညံ့တယ္ စသျဖင့္ ေခတ္ေနာက္ျပန္ဆြဲတဲ့အေတြးေတြ ေတြးေနၾကဆဲျဖစ္တာကို စိတ္မေကာင္းစရာ ေတြ႕ရပါတယ္။
ဓမၼတာလာတယ္ဆိုတာ က်န္းမာသန္စြမ္းတဲ့ သာမန္အမ်ိဳးသမီးတစ္ေယာက္ရဲ႕ သဘာဝတစ္ခုျဖစ္တာမို႔ ဒီလိုဓမၼတာလာစဥ္မွာ က်န္းမာေရးနဲ႔ညီၫြတ္ၿပီး သန႔္ရွင္းေစဖို႔ လိုက္နာေဆာင္႐ြက္ရမယ့္ နည္းလမ္းေလးေတြကို ေျပာျပေပးသြားပါမယ္။
● တစ္ေန႔ကို အနည္းဆုံး တစ္ႀကိမ္ေတာ့ ေရ ပုံမွန္ခ်ိဳးေပးပါ။
● ပိုးမဝင္ေအာင္ လစဥ္သုံးပစၥည္းကို မွန္မွန္လဲေပးပါ။ Pad ဆိုရင္ ၆ နာရီျခားတစ္ခါ လဲေပးၿပီး တန္ပြန္ သုံးရင္ေတာ့ ၂ နာရီျခားတစ္ခါ လဲေပးပါ။
● အရည္အေသြးေကာင္းတဲ့ လစဥ္သုံးအမ်ိဳးအစားကို ေ႐ြးခ်ယ္ပါ။ အသားအေရ အထိခိုက္မခံတဲ့ အမ်ိဳးသမီးေတြဆိုရင္ ပလတ္စတစ္လိုင္းပါတဲ့ လစဥ္သုံးေတြကို ေရွာင္ေပးပါ။ နီရဲတာ၊ ယားယံတာ၊ အသားခ်င္း ပြတ္တိုက္မိၿပီး အရည္ၾကည္ဖုေတြထတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။
● အတြင္းခံ သန႔္သန႔္ရွင္းရွင္း ဝတ္ဆင္ပါ။ ေန႔တိုင္း လဲလွယ္ပါ။
● မိန္းမကိုယ္နားတစ္ဝိုက္ကို ဆပ္ျပာအျပင္းေတြနဲ႔ မေဆးပါနဲ႔။ အိမ္သာသြားၿပီးတိုင္း ေရေလးနဲ႔ မွန္မွန္ေဆးေပးပါ။ အထဲထဲထိ ဆပ္ျပာနဲ႔ေဆးတဲ့အခါ ေကာင္းတဲ့ဘက္တီးရီးယားေတြ ေသဆုံးၿပီး ေရာဂါပိုးမႊားေတြ ဝင္ေရာက္လာႏိုင္ပါတယ္။
● ေရေဆးၿပီးတိုင္း မိန္းမကိုယ္နားတစ္ဝိုက္ကို ေျခာက္ေသြ႕ေအာင္ သုတ္သင္ေပးပါ။ ေပါင္ၿခံၾကားကို အၿမဲေျခာက္ေသြ႕ေနေအာင္ ထားပါ။
● မိန္းမကိုယ္ကို ေဆးေၾကာတဲ့အခါ ေရွ႕ကေနေနာက္ကို ေဆးေပးပါ။ ေနာက္ကေန ေရွ႕ကိုေဆးေပးရင္ စအိုက ဘက္တီးရီးယားပိုးေတြက မိန္းမကိုယ္နဲ႔ ဆီးလမ္းေၾကာင္းထဲ ဝင္ေရာက္ႏိုင္ၿပီး ပိုးပြားႏိုင္ပါတယ္။
● လစဥ္သုံးပစၥည္းလဲၿပီးတိုင္း လက္ကို ေရေႏြးနဲ႔ဆပ္ျပာကိုသုံးၿပီး ေဆးေၾကာေပးပါ။
● အသုံးျပဳၿပီးသား လစဥ္သုံးပစၥည္းေတြကို အိမ္သာက်င္းထဲ မထည့္လိုက္ပါနဲ႔။ ေရဆင္းေၾကာင္းပိတ္ၿပီး ေရေတြ လွ်ံတက္လာႏိုင္ပါတယ္။ ေသခ်ာထုတ္ပိုးၿပီး အမႈိက္ပုံးထဲကို ေသခ်ာပစ္ေပးပါ။
● ဂ်င္းေတြ၊ ေဘာင္းဘီအက်ပ္ေတြမဝတ္ဘဲ ေပါ့ေပါ့ပါးပါးေလးေတြပဲ ဝတ္ဆင္ေပးပါ။ ေလဝင္ေလထြက္ ေကာင္းေစၿပီး ေခြၽးထြက္တာကို သက္သာေစႏိုင္ပါတယ္။
ရာသီလာစဥ္ က်န္းမာေရးနဲ႔ညီၫြတ္ၿပီး သန႔္ရွင္းတဲ့ အေလ့အက်င့္ေကာင္းေတြကို ျပဳမူေပးဖို႔က အင္မတန္မွ အေရးႀကီးပါတယ္။ မိန္းကေလးတိုင္း ကိုယ့္ကိုယ္ကို ေစာင့္ေရွာက္ႏိုင္ၾကေစဖို႔ ေဝမွ်ေပးလိုက္ပါတယ္ေနာ္။
Dr. Mya Phoo Ngon (www.drmyanmar.com)






























