အမျိုးသမီးများနှင့် အရိုးကျန်းမာရေး
>> အသက်အရွယ်တိုင်းအတွက် …
● ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေကို တစ်ရက်၂ ကြိမ်၊ ၃ ကြိမ်လောက် စားပေးပါ။
● ဗီတာမင် D ပြည့်ပြည့်၀၀ ရရှိအောင် မနက်ခင်း နေရောင်ခြည်ခံပါ။ လိုအပ်ပါက ဖြည့်စွက်အားဆေးများ သောက်သုံးပါ။
● အလုပ်လုပ်တဲ့အခါ၊ ဖုန်းတွေ၊ ကွန်ပျူတာတွေ သုံးတဲ့အခါ ကိုယ်ဟန်အနေအထားကို ဂရုစိုက်ပါ။
● လမ်းလျှောက်ရင်း အလုပ် ၂ ခု ၊ ၃ ခု တစ်ပြိုင်နက် လုပ်တာမျိုး ရှောင်ပါ။
● ဆေးလိပ် မသောက်ပါနဲ့။
● အရက်ကို လျှော့သောက်ပါ။
● ရောဂါတစ်ခုခုဖြစ်တဲ့အခါ အရိုးကျန်းမာရေးကို ထိခိုက်မှု ရှိ၊ မရှိ ဆရာဝန်ကို မေးမြန်းပါ။
● ဆေးတစ်မျိုးမျိုး သောက်တဲ့အခါ အရိုးကို ဘယ်လိုအကျိုးသက်ရောက်မှု ရှိ၊ မရှိ သေချာမေးမြန်းပါ။
>> အသက် ၂ဝ - ၃၀ အတွင်းမှာ -
● ပြေးတာ၊ တင်းနစ်ရိုက်တာ၊ အေရိုးဗစ်ဆော့တာ စတဲ့ အပြင်းစားလေ့ကျင့်ခန်းမျိုးကို တစ်ပတ် ၅ ရက်၊ တစ်ရက်ကို မိနစ် ၃ဝ လောက် လုပ်ပေးပါ။
● အချိုရည်တွေကို ရှောင်ပါ။
● ကိုယ်ဝန်ဆောင်တွေပဲဖြစ်ဖြစ်၊ မိခင်နို့တိုက်နေတာပဲဖြစ်ဖြစ် ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D တွေ လုံလုံလောက်လောက်ရရှိဖို့ လိုပါတယ်။ နို့တိုက်နေချိန်မှာ အရိုးဆုံးရှုံးမှုရှိနိုင်လို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ၊ လေ့ကျင့်ခန်းတွေနဲ့ အရိုးကို ပြန်လည်တည်ဆောက်ရပါမယ်။
Ultra D3 1
>> အသက် ၄ဝ အတွင်းမှာ -
● အသက် ၄၅ နှစ်ကျော်လာရင် အရိုးကျိုးနိုင်ခြေကို တွက်ချက်ဖို့ လိုလာပါပြီ။
● အရိုးမကျိုးအောင် ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကို ဂရုစိုက်ပါ။
● ပြေးတာ၊ တင်းနစ်ရိုက်တာ၊ အေရိုးဗစ်ဆော့တာ စတဲ့ အပြင်းစားလေ့ကျင့်ခန်းမျိုးကို တစ်ပတ် ၅ ရက်၊ တစ်ရက်ကို မိနစ် ၃ဝ လောက် အရင်လိုပဲ လုပ်ပေးပါ။
● လေ့ကျင့်ခန်းဟာ အရိုးကို တွယ်ဆက်ခိုင်မာစေတဲ့ ကြွက်သားထုကိုလည်း သန်မာစေပြီး ချော်လဲတာတွေ မဖြစ်ရအောင်လည်း တားဆီးပေးပါတယ်။
● အရွယ်မတိုင်မီ သွေးဆုံးခဲ့ရင် မ’ ဟော်မုန်း (အီစထရိုဂျင်) ဆုံးရှုံးမှုအတွက် ဆရာဝန်နဲ့ တိုင်ပင်ပါ။
>> အသက် ၅ဝ အတွင်းမှာ -
အရိုးကျန်းမာရေးအတွက် လုပ်သင့်တာတွေ အကုန်လုပ်ခဲ့ပါပြီ။ အခုဆိုရင် သွေးဆုံးတဲ့အရွယ်ထဲ ချဉ်းနင်းဝင်ရောက်လာပြီမို့ အီစထရိုဂျင်လျော့နည်းလာပြီး အရိုးဆုံးရှုံးမှု စတင်လာပါပြီ။ အသက် ၅ဝ အတွင်းဟာ လက်ကောက်ဝတ်ကျိုးတာ၊ ကျောရိုးဆစ်ကျိုးတာတွေကို အများဆုံးတွေ့ရတဲ့အချိန်ပါ။ ချော်လဲမကျအောင် ကိုယ့်ကိုယ်ကိုဂရုစိုက်ပြီး အရိုးတွေကို ကာကွယ်ပါ။
● ကယ်လဆီယမ်နဲ့ ဗီတာမင် D ချို့တဲ့မှုမဖြစ်အောင် ဂရုစိုက်ပါ။ ကယ်လဆီယမ်ကြွယ်ဝသော အစားအသောက်များ စားပါ။ (ဥပမာ- နွားနို့၊ ပဲနို့၊ တို့ဖူး၊ ကညွတ်၊ တရုတ်ဆီးသီး၊ လိမ္မော်သီး) ဗီတာမင် D ပြည့်ဝအောင် မနက်ခင်း နေရောင်ခြည်ခံပါ။ လိုအပ်ပါက ဖြည့်စွက်အားဆေးများ မှီဝဲပါ။
● အရိုးကျိုးသွားရင်၊ ဒါမှမဟုတ် အရိုးကျိုးနိုင်ခြေများနေရင် အရိုးသိပ်သည်းဆ တိုင်းတာပါ။
● အရိုးမကျိုးရလေအောင် ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကို ဂရုစိုက် စောင့်ကြည့်ပါ။
● တစ်ရက် မိနစ် 30 နဲ့ တစ်ပတ်မှာ 5 ရက် လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ ထိုက်ချိကစားတာ၊ ယောဂလေ့ကျင့်တာမျိုးတွေ ပြုလုပ်ပေးနိုင်ပါတယ်။
● နေ့စဉ် အလုပ်တွေ လုပ်ကိုင်တဲ့အခါ ကိုယ်ဟန်အနေအထားနဲ့ ဟန်ချက်ညီမှုကို ထိန်းသိမ်းထားဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Ultra D3 2
(Zawgyi)
>> အသက္အရြယ္တိုင္းအတြက္ …
● ကယ္လ္ဆီယမ္ႂကြယ္ဝတဲ့ အစားအေသာက္ေတြကို တစ္ရက္၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ စားေပးပါ။
● ဗီတာမင္ D ျပည့္ျပည့္၀၀ ရရွိေအာင္ မနက္ခင္း ေနေရာင္ျခည္ခံပါ။ လိုအပ္ပါက ျဖည့္စြက္အားေဆးမ်ား ေသာက္သံုးပါ။
● အလုပ္လုပ္တဲ့အခါ၊ ဖုန္းေတြ၊ ကြန္ပ်ဴတာေတြ သုံးတဲ့အခါ ကိုယ္ဟန္အေနအထားကို ဂ႐ုစိုက္ပါ။
● လမ္းေလွ်ာက္ရင္း အလုပ္ ၂ ခု ၊ ၃ ခု တစ္ၿပိဳင္နက္ လုပ္တာမ်ိဳး ေရွာင္ပါ။
● ေဆးလိပ္ မေသာက္ပါနဲ႔။
● အရက္ကို ေလွ်ာ့ေသာက္ပါ။
● ေရာဂါတစ္ခုခုျဖစ္တဲ့အခါ အ႐ိုးက်န္းမာေရးကို ထိခိုက္မႈ ရွိ၊ မရွိ ဆရာဝန္ကို ေမးျမန္းပါ။
● ေဆးတစ္မ်ိဳးမ်ိဳး ေသာက္တဲ့အခါ အ႐ိုးကို ဘယ္လိုအက်ိဳးသက္ေရာက္မႈ ရွိ၊ မရွိ ေသခ်ာေမးျမန္းပါ။
>> အသက္ ၂ဝ - ၃၀ အတြင္းမွာ -
● ေျပးတာ၊ တင္းနစ္႐ိုက္တာ၊ ေအ႐ိုးဗစ္ေဆာ့တာ စတဲ့ အျပင္းစားေလ့က်င့္ခန္းမ်ိဳးကို တစ္ပတ္ ၅ ရက္၊ တစ္ရက္ကို မိနစ္ ၃ဝ ေလာက္ လုပ္ေပးပါ။
● အခ်ိဳရည္ေတြကို ေရွာင္ပါ။
● ကိုယ္ဝန္ေဆာင္ေတြပဲျဖစ္ျဖစ္၊ မိခင္ႏို႔တိုက္ေနတာပဲျဖစ္ျဖစ္ ကယ္လ္ဆီယမ္နဲ႔ ဗီတာမင္ D ေတြ လုံလုံေလာက္ေလာက္ရရွိဖို႔ လိုပါတယ္။ ႏို႔တိုက္ေနခ်ိန္မွာ အ႐ိုးဆုံးရႈံးမႈရွိႏိုင္လို႔ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအေသာက္ေတြ၊ ေလ့က်င့္ခန္းေတြနဲ႔ အ႐ိုးကို ျပန္လည္တည္ေဆာက္ရပါမယ္။
>> အသက္ ၄ဝ အတြင္းမွာ -
● အသက္ ၄၅ ႏွစ္ေက်ာ္လာရင္ အ႐ိုးက်ိဳးႏိုင္ေျခကို တြက္ခ်က္ဖို႔ လိုလာပါၿပီ။
● အ႐ိုးမက်ိဳးေအာင္ ခႏၶာကိုယ္ရဲ႕လုပ္ငန္းေဆာင္တာေတြကို ဂ႐ုစိုက္ပါ။
● ေျပးတာ၊ တင္းနစ္႐ိုက္တာ၊ ေအ႐ိုးဗစ္ေဆာ့တာ စတဲ့ အျပင္းစားေလ့က်င့္ခန္းမ်ိဳးကို တစ္ပတ္ ၅ ရက္၊ တစ္ရက္ကို မိနစ္ ၃ဝ ေလာက္ အရင္လိုပဲ လုပ္ေပးပါ။
● ေလ့က်င့္ခန္းဟာ အ႐ိုးကို တြယ္ဆက္ခိုင္မာေစတဲ့ ႂကြက္သားထုကိုလည္း သန္မာေစၿပီး ေခ်ာ္လဲတာေတြ မျဖစ္ရေအာင္လည္း တားဆီးေပးပါတယ္။
● အ႐ြယ္မတိုင္မီ ေသြးဆုံးခဲ့ရင္ မ’ ေဟာ္မုန္း (အီစထ႐ိုဂ်င္) ဆုံးရႈံးမႈအတြက္ ဆရာဝန္နဲ႔ တိုင္ပင္ပါ။
>> အသက္ ၅ဝ အတြင္းမွာ -
အ႐ိုးက်န္းမာေရးအတြက္ လုပ္သင့္တာေတြ အကုန္လုပ္ခဲ့ပါၿပီ။ အခုဆိုရင္ ေသြးဆုံးတဲ့အ႐ြယ္ထဲ ခ်ဥ္းနင္းဝင္ေရာက္လာၿပီမို႔ အီစထ႐ိုဂ်င္ေလ်ာ့နည္းလာၿပီး အ႐ိုးဆုံးရႈံးမႈ စတင္လာပါၿပီ။ အသက္ ၅ဝ အတြင္းဟာ လက္ေကာက္ဝတ္က်ိဳးတာ၊ ေက်ာ႐ိုးဆစ္က်ိဳးတာေတြကို အမ်ားဆုံးေတြ႕ရတဲ့အခ်ိန္ပါ။ ေခ်ာ္လဲမက်ေအာင္ ကိုယ့္ကိုယ္ကိုဂ႐ုစိုက္ၿပီး အ႐ိုးေတြကို ကာကြယ္ပါ။
● ကယ္လဆီယမ္နဲ႔ ဗီတာမင္ D ခ်ိဳ႕တဲ့မႈမျဖစ္ေအာင္ ဂ႐ုစိုက္ပါ။ ကယ္လဆီယမ္ၾကြယ္၀ေသာ အစားအေသာက္မ်ား စားပါ။ (ဥပမာ- ႏြားႏို႔၊ ပဲႏို႔၊ တို႔ဖူး၊ ကညြတ္၊ တ႐ုတ္ဆီးသီး၊ လိေမၼာ္သီး) ဗီတာမင္ D ျပည့္၀ေအာင္ မနက္ခင္း ေနေရာင္ျခည္ခံပါ။ လိုအပ္ပါက ျဖည့္စြက္အားေဆးမ်ား မွီ၀ဲပါ။
● အ႐ိုးက်ိဳးသြားရင္၊ ဒါမွမဟုတ္ အ႐ိုးက်ိဳးႏိုင္ေျခမ်ားေနရင္ အ႐ိုးသိပ္သည္းဆ တိုင္းတာပါ။
● အ႐ိုးမက်ိဳးရေလေအာင္ ခႏၶာကိုယ္ရဲ႕လုပ္ငန္းေဆာင္တာေတြကို ဂ႐ုစိုက္ ေစာင့္ၾကည့္ပါ။
● တစ္ရက္ မိနစ္ 30 နဲ႔ တစ္ပတ္မွာ 5 ရက္ ေလ့က်င့္ခန္း မွန္မွန္လုပ္ပါ။ ထိုက္ခ်ိကစားတာ၊ ေယာဂေလ့က်င့္တာမ်ိဳးေတြ ျပဳလုပ္ေပးႏိုင္ပါတယ္။
● ေန႔စဥ္ အလုပ္ေတြ လုပ္ကိုင္တဲ့အခါ ကိုယ္ဟန္အေနအထားနဲ႔ ဟန္ခ်က္ညီမႈကို ထိန္းသိမ္းထားဖို႔ လိုပါတယ္။
Dr. Mya Phoo Ngon (www.drmyanmar.com)






























