/
node/9610

သာယာပျော်ရွှင်သော မိသားစုဘဝလေးကို ရရှိစေမယ့် လျှို့ဝှက်ချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုပ်ထိုး ဆိုသကဲ့သို့ အိမ်ထောင်တစ်ခုကို တည်ထောင်ပြီးတာနဲ့ ရေရှည်တည်မြဲဖို့ ကြိုးစားရတာ ဓမ္မတာပါပဲ။ ဒါ့ကြောင့် မိသားစုကြား ချစ်ခင်နွေးထွေးမှုကို တစ်နေ့ထက် တစ်နေ့ ပိုမိုခိုင်မြဲလာစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁)  ချစ်ခင်နွေးထွေးစွာနေပြီး ပျော်ရွှင်စရာများကို အတူတကွ ဖန်တီးပါ။
မိသားစု ညစာထွက်စားခြင်း၊ ညဘက် အိမ်တွင် အတူတူ အနားယူပြီး တီဗီကြည့်ခြင်းစတဲ့ မိသားစုနဲ့အတူတူ အချိန်ကုန်ဆုံးစေမယ့်နည်းတွေကို အခါအားလျော်စွာ ပြုလုပ်ပေးသင့်ပါတယ်။ နောက်ပြီး သားသမီးတွေနဲ့ သူငယ်ချင်းပေါင်း ပေါင်းပြီး နွေးထွေးပျော်ရွှင်စရာ မိဘတွေဖြစ်အောင် ကြိုးစားပေးနိုင်ပါတယ်။ မိသားစုလိုက် ခရီးအတူတူသွားခြင်းကိုလည်း အားလပ်ရက်တွေမှာ ပြုလုပ်သင့်ပါတယ်နော်။ ရက်တွေ အများကြီး မပေးနိုင်လည်း တစ်ရက်ခရီးလေးတွေ အတူသွားလို့ ရပါတယ်။

(၂)  ငွေကြောင့် လင်မယားရန်ဖြစ်ခြင်းကို ရှောင်ပါ။
စုံတွဲတွေ ရန်ဖြစ်ရတဲ့အကြောင်းရင်းထဲမှာ ငွေရေးကြေးရေးကိစ္စကြောင့်လည်း အများဆုံး ပါဝင်ပါတယ်။ ဒါကို တားဆီးဖို့အတွက် အိမ်ထောင်ကျပြီဆိုတာနဲ့ လစဉ်သုံးစွဲစရိတ် ကန့်သတ်ထားရှိပါ။ ပြီးရင် တစ်လတာ ကုန်ကျစရိတ်တွေအနက် ဘာတွေကို လျှော့ချနိုင်လဲဆိုတာ နှစ်ဦးသားတိုင်ပင်ပြီး စုဆောင်းဖို့ ကြိုးစားနိုင်ပါတယ်။

(၃)  အသေးအဖွဲကိစ္စတွေကြောင့် စိတ်ညစ်ညူးမခံပါနဲ့။
အိမ်မှာ ရှုပ်ပွနေလို့ အမျိုးသမီးကို အပြစ်တင်မယ့်အစား အိမ်အလုပ်များကို ကူလုပ်ပေးတာမျိူး၊ အတူတကွ ဟင်းချက်ပေးတာမျိုးက နှစ်ဦးကြားချစ်ခင်မှုကို ပိုမိုတိုးစေပြီး ပျော်ရွှင်တဲ့မိသားစုဘဝလေးကို မလွဲမသွေ ပိုင်ဆိုင်စေမှာပါ။

Revicon 1

(၄)  ဘယ်အိမ်ထောင်ရေးကမှ လုံးဝပြီးပြည့်စုံဖို့ မဖြစ်နိုင်တာကို နားလည်ပါ။
သင်ဟာ အလွန်အသန့်ကြိုက်သူဖြစ်ပြီး သန့်ရှင်းသပ်ရပ်သောအိမ်မျိုးကိုသာ စိတ်ကူးယဉ်ထားသူ ဖြစ်နိုင်သော်လည်း လက်တွေ့ဘဝမှာ ဘယ်အရာမှ ပြီးပြည့်စုံခြင်းမရှိတာကို သတိထားသင့်ပါတယ်။ ဒီလိုပါပဲ၊ မိမိအိမ်ထောင်ဖက်နဲ့ သားသမီးတွေမှာလည်း သင်မကြိုက်တဲ့အချက်တွေ ရှိနေနိုင်ပြီး ညှိနှိုင်းယူရမယ့်အရာတွေကို ညှိနှိုင်းယူသင့်ပါတယ်။

(၅)  သားသမီးတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။
ကလေးတွေကို လူကြီးသူမတွေအား ရိုသေလေးစားဖို့ ၊ နှစ်ဖက်ဆွေမျိုးမိဘတွေနဲ့ ရင်းနှီးစွာဆက်ဆံဖို့ အခါအားလျော်စွာ သင်ကြားပေးသင့်ပါတယ်။ နှစ်ဖက်ဆွေမျိုးတွေနဲ့ ရင်းနှီးချစ်ခင်နေခြင်းဖြင့် ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကို ရရှိဖို့ ရာခိုင်နှုန်း ပိုများပါလိမ့်မယ်။

(၆)  သူငယ်ချင်းများကို ရင်ဖွင့်ပါ။
မိသားစုတွင်းမှာ စိတ်ညစ်စရာကိစ္စတွေရှိပါက မျိုသိပ်မထားဘဲ ယုံကြည်ရသောမိတ်ဆွေတွေကို ရင်ဖွင့်ခြင်းဖြင့် စိတ်သက်သာရာရစေမယ့်အပြင် အကြံကောင်းများလည်း လက်ခံရရှိနိုင်ပါတယ်။ ဒါပေမဲ့ သူများကို ထုတ်ပြောသင့်တဲ့ကိစ္စ ဟုတ်၊ မဟုတ်ကိုတော့ သေချာစဉ်းစားဖို့တော့ လိုပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Revicon 2

(Zawgyi)

အိမ္ေထာင္မႈ ဘုရားတည္ ေဆးမင္ရည္စုပ္ထုိး ဆိုသကဲ့သို႔ အိမ္ေထာင္တစ္ခုကို တည္ေထာင္ၿပီးတာနဲ႔ ေရရွည္တည္ၿမဲဖို႔ ႀကိဳးစားရတာ ဓမၼတာပါပဲ။ ဒါ့ေၾကာင့္ မိသားစုၾကား ခ်စ္ခင္ေႏြးေထြးမႈကို တစ္ေန႔ထက္ တစ္ေန႔ ပိုမိုခိုင္ၿမဲလာေစမယ့္ နည္းလမ္းေကာင္းေလးေတြကို မွ်ေ၀ေပးလိုက္ပါတယ္။

(၁)  ခ်စ္ခင္ေႏြးေထြးစြာေနၿပီး ေပ်ာ္ရႊင္စရာမ်ားကို အတူတကြ ဖန္တီးပါ။
မိသားစု ညစာထြက္စားျခင္း၊ ညဘက္ အိမ္တြင္ အတူတူ အနားယူၿပီး တီဗီၾကည့္ျခင္းစတဲ့ မိသားစုနဲ႔အတူတူ အခ်ိန္ကုန္ဆံုးေစမယ့္နည္းေတြကို အခါအားေလ်ာ္စြာ ျပဳလုပ္ေပးသင့္ပါတယ္။ ေနာက္ၿပီး သားသမီးေတြနဲ႔ သူငယ္ခ်င္းေပါင္း ေပါင္းၿပီး ေႏြးေထြးေပ်ာ္ရႊင္စရာ မိဘေတြျဖစ္ေအာင္ ႀကိဳးစားေပးႏိုင္ပါတယ္။ မိသားစုလိုက္ ခရီးအတူတူသြားျခင္းကိုလည္း အားလပ္ရက္ေတြမွာ ျပဳလုပ္သင့္ပါတယ္ေနာ္။ ရက္ေတြ အမ်ားႀကီး မေပးႏုိင္လည္း တစ္ရက္ခရီးေလးေတြ အတူသြားလို႔ ရပါတယ္။

(၂)  ေငြေၾကာင့္ လင္မယားရန္ျဖစ္ျခင္းကို ေရွာင္ပါ။
စံုတြဲေတြ ရန္ျဖစ္ရတဲ့အေၾကာင္းရင္းထဲမွာ ေငြေရးေၾကးေရးကိစၥေၾကာင့္လည္း အမ်ားဆံုး ပါ၀င္ပါတယ္။ ဒါကို တားဆီးဖို႔အတြက္ အိမ္ေထာင္က်ၿပီဆိုတာနဲ႔ လစဥ္သံုးစြဲစရိတ္ ကန္႔သတ္ထားရွိပါ။ ၿပီးရင္ တစ္လတာ ကုန္က်စရိတ္ေတြအနက္ ဘာေတြကို ေလွ်ာ့ခ်ႏိုင္လဲဆိုတာ နွစ္ဦးသားတိုင္ပင္ၿပီး စုေဆာင္းဖုိ႔ ႀကိဳးစားႏိုင္ပါတယ္။

(၃)  အေသးအဖြဲကိစၥေတြေၾကာင့္ စိတ္ညစ္ညဴးမခံပါနဲ႔။
အိမ္မွာ ႐ႈပ္ပြေနလို႔ အမ်ိဳးသမီးကို အျပစ္တင္မယ့္အစား အိမ္အလုပ္မ်ားကို ကူလုပ္ေပးတာမ်ိဴး၊ အတူတကြ ဟင္းခ်က္ေပးတာမ်ိဳးက နွစ္ဦးၾကားခ်စ္ခင္မႈကို ပိုမိုတုိးေစၿပီး ေပ်ာ္ရႊင္တဲ့မိသားစုဘ၀ေလးကို မလြဲမေသြ ပိုင္ဆို္င္ေစမွာပါ။

(၄)  ဘယ္အိမ္ေထာင္ေရးကမွ လံုးဝၿပီးျပည့္စံုဖို႔ မျဖစ္ႏိုင္တာကို နားလည္ပါ။
သင္ဟာ အလြန္အသန္႔ႀကိဳက္သူျဖစ္ၿပီး သန္႔ရွင္းသပ္ရပ္ေသာအိမ္မ်ိဳးကိုသာ စိတ္ကူးယဥ္ထားသူ ျဖစ္ႏိုင္ေသာ္လည္း လက္ေတြ႕ဘ၀မွာ ဘယ္အရာမွ ၿပီးျပည့္စံုျခင္းမရွိတာကို သတိထားသင့္ပါတယ္။ ဒီလိုပါပဲ၊ မိမိအိမ္ေထာင္ဖက္နဲ႔ သားသမီးေတြမွာလည္း သင္မႀကိဳက္တဲ့အခ်က္ေတြ ရွိေနႏိုင္ၿပီး ညႇိႏႈိင္းယူရမယ့္အရာေတြကို ညႇိႏႈိင္းယူသင့္ပါတယ္။

(၅)  သားသမီးေတြနဲ႔ ပြင့္ပြင့္လင္းလင္း ေျပာဆိုပါ။
ကေလးေတြကို လူႀကီးသူမေတြအား ႐ိုေသေလးစားဖို႔ ၊ နွစ္ဖက္ေဆြမ်ိဳးမိဘေတြနဲ႔ ရင္းႏွီးစြာဆက္ဆံဖို႔ အခါအားေလ်ာ္စြာ သင္ၾကားေပးသင့္ပါတယ္။ ႏွစ္ဖက္ေဆြမ်ိဳးေတြနဲ႔ ရင္းႏွီးခ်စ္ခင္ေနျခင္းျဖင့္ ေပ်ာ္ရႊင္ဖြယ္အိမ္ေထာင္ေရးကို ရရွိဖို႔ ရာခို္င္ႏႈန္း ပိုမ်ားပါလိမ့္မယ္။

(၆)  သူငယ္ခ်င္းမ်ားကို ရင္ဖြင့္ပါ။
မိသားစုတြင္းမွာ စိတ္ညစ္စရာကိစၥေတြရွိပါက မ်ိဳသိပ္မထားဘဲ ယံုၾကည္ရေသာမိတ္ေဆြေတြကို ရင္ဖြင့္ျခင္းျဖင့္ စိတ္သက္သာရာရေစမယ့္အျပင္ အႀကံေကာင္းမ်ားလည္း လက္ခံရရွိႏိုင္ပါတယ္။ ဒါေပမဲ့ သူမ်ားကို ထုတ္ေျပာသင့္တဲ့ကိစၥ ဟုတ္၊ မဟုတ္ကိုေတာ့ ေသခ်ာစဥ္းစားဖို႔ေတာ့ လုိပါတယ္။

ေလေျပနုေသြး (ေဆး-၂) (www.drmyanmar.com)