/
node/9628

ကလေးမျက်နှာကို သန့်စင်ဆေးကြောနည်း အဆင့်ဆင့်

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးငယ်လေးရဲ့ မျက်နှာ၊ မျက်လုံး၊ နှာခေါင်းနဲ့ နားတွေကို တစ်နေ့တစ်ကြိမ် ညင်ညင်သာသာလေး ပွတ်တိုက်ဆေးကြောပေးဖို့ လိုပါတယ်။
ဒီလိုသန့်စင်ပေးတဲ့အခါမှာ ရေနွေးနွေးလေးကိုပဲ သုံးပါ။ ကလေးတွေရဲ့ အသားအရေက အရမ်းကို နူးညံ့သေးတဲ့အတွက် ဆပ်ပြာ မတိုက်ပါနဲ့။
1.  ကလေးအတွက် သီးသန့် စတီးခွက်ငယ်တစ်ခု ထားပါ။
2.  ဂွမ်းလုံးလေးတွေကို ယူလိုက်ပါ။
3.  စတီးခွက်ငယ်ထဲ ရေနွေးနွေးလေး ထည့်ပါ။
4.  ဂွမ်းလုံးတစ်လုံးကို ရေနွေးနွေးလေးထဲ နှစ်လိုက်ပါ။
5.  ကလေးရဲ့ မျက်လုံးထောင့်စွန်းတွေကို အတွင်းထောင့်ကနေ အပြင်ထောင့်ကို ညင်ညင်သာသာလေး ပွတ်တိုက်ပြီးတော့ သန့်စင်ပေးပါ။
6.  မျက်လုံးတစ်ဖက်ချင်းစီအတွက် ဂွမ်းလုံးတစ်လုံးစီ သပ်သပ်သုံးပါ။

Biogesic for kids IA 1

7.  နှာခေါင်းပေါက် တစ်ပေါက်ချင်းဆီကနေ အချွဲတွေ ထွက်သွားအောင်လို့ ညင်သာစွာ ပွတ်တိုက်ပေးပါ။ နှာခေါင်းထဲကိုတော့ အတင်းနှိုက်ပြီးတော့ မေဆေးပါနဲ့။ နှာခေါင်းထဲ အတင်းနှိုက်ရင် နှာခေါင်းဘေးသားလေးတွေကို ထိခိုက်ပြီးတော့ သွေးထွက်စေနိုင်ပါတယ်။
8.  ကလေးနားနောက်တွေနဲ့ ဘေးဘက်တွေကိုလည်း သုတ်ပေးပါ။ ဂွမ်းတံအပါအဝင် ဘယ်အရာကိုမှ နားထဲကို မထည့်ပါနဲ့။ ကလေးနားလေးတွေက အရမ်းထိခိုက်ဒဏ်ရာရလွယ်ပါတယ်။
9.  ကလေးရဲ့ မေးစေ့အောက်နဲ့ လည်ပင်းတွေကိုလည်း သေချာစွာ ပွတ်တိုက်ပေးပါ။ လည်ပင်းအရစ်တွေ၊ တွန့်နေတဲ့အရေပြားကြားထဲတွေကိုလည်း သေချာပွတ်တိုက်ပေးပါ။
10.  ပြီးတော့ ကလေးရဲ့အသားကို ခြောက်သွားအောင် နူးညံ့တဲ့ပဝါလေးနဲ့ ပွတ်ပေးပါ။ အရေပြားအတွန့်တွေကြားထဲနဲ့ နားနောက်တွေပါမကျန် သုတ်ပေးပါ။
ကလေးတွေက သူတို့ကို မျက်နှာသစ်ပေးရင် သိပ်မကြိုက်ကြပါဘူး။ ဒီတော့ သီချင်းလေးဆိုပြပြီးတော့ ညင်ညင်သာသာလေး လုပ်ပေးပါနော်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Biogesic for kids IA 2

(Zawgyi)

ကေလးငယ္ေလးရဲ႕ မ်က္ႏွာ၊ မ်က္လုံး၊ ႏွာေခါင္းနဲ႔ နားေတြကို တစ္ေန႔တစ္ႀကိမ္ ညင္ညင္သာသာေလး ပြတ္တိုက္ေဆးေၾကာေပးဖို႔ လိုပါတယ္။
ဒီလိုသန႔္စင္ေပးတဲ့အခါမွာ ေရေႏြးေႏြးေလးကိုပဲ သုံးပါ။ ကေလးေတြရဲ႕ အသားအေရက အရမ္းကို ႏူးညံ့ေသးတဲ့အတြက္ ဆပ္ျပာ မတိုက္ပါနဲ႔။
1.  ကေလးအတြက္ သီးသန႔္ စတီးခြက္ငယ္တစ္ခု ထားပါ။
2.  ဂြမ္းလုံးေလးေတြကို ယူလိုက္ပါ။
3.  စတီးခြက္ငယ္ထဲ ေရေႏြးေႏြးေလး ထည့္ပါ။
4.  ဂြမ္းလုံးတစ္လုံးကို ေရေႏြးေႏြးေလးထဲ ႏွစ္လိုက္ပါ။
5.  ကေလးရဲ႕ မ်က္လုံးေထာင့္စြန္းေတြကို အတြင္းေထာင့္ကေန အျပင္ေထာင့္ကို ညင္ညင္သာသာေလး ပြတ္တိုက္ၿပီးေတာ့ သန႔္စင္ေပးပါ။
6.  မ်က္လုံးတစ္ဖက္ခ်င္းစီအတြက္ ဂြမ္းလုံးတစ္လုံးစီ သပ္သပ္သုံးပါ။
7.  ႏွာေခါင္းေပါက္ တစ္ေပါက္ခ်င္းဆီကေန အခြၽဲေတြ ထြက္သြားေအာင္လို႔ ညင္သာစြာ ပြတ္တိုက္ေပးပါ။ ႏွာေခါင္းထဲကိုေတာ့ အတင္းႏႈိက္ၿပီးေတာ့ ေမေဆးပါနဲ႔။ ႏွာေခါင္းထဲ အတင္းႏႈိက္ရင္ ႏွာေခါင္းေဘးသားေလးေတြကို ထိခိုက္ၿပီးေတာ့ ေသြးထြက္ေစႏိုင္ပါတယ္။
8.  ကေလးနားေနာက္ေတြနဲ႔ ေဘးဘက္ေတြကိုလည္း သုတ္ေပးပါ။ ဂြမ္းတံအပါအဝင္ ဘယ္အရာကိုမွ နားထဲကို မထည့္ပါနဲ႔။ ကေလးနားေလးေတြက အရမ္းထိခိုက္ဒဏ္ရာရလြယ္ပါတယ္။
9.  ကေလးရဲ႕ ေမးေစ့ေအာက္နဲ႔ လည္ပင္းေတြကိုလည္း ေသခ်ာစြာ ပြတ္တိုက္ေပးပါ။ လည္ပင္းအရစ္ေတြ၊ တြန႔္ေနတဲ့အေရျပားၾကားထဲေတြကိုလည္း ေသခ်ာပြတ္တိုက္ေပးပါ။
10.  ၿပီးေတာ့ ကေလးရဲ႕အသားကို ေျခာက္သြားေအာင္ ႏူးညံ့တဲ့ပဝါေလးနဲ႔ ပြတ္ေပးပါ။ အေရျပားအတြန႔္ေတြၾကားထဲနဲ႔ နားေနာက္ေတြပါမက်န္ သုတ္ေပးပါ။
ကေလးေတြက သူတို႔ကို မ်က္ႏွာသစ္ေပးရင္ သိပ္မႀကိဳက္ၾကပါဘူး။ ဒီေတာ့ သီခ်င္းေလးဆိုျပၿပီးေတာ့ ညင္ညင္သာသာေလး လုပ္ေပးပါေနာ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)