/
node/9634

ဆီးချိုသွေးချိုရှိသူတွေ ညဘက်မှာ အချိုဓာတ် ကျတတ်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သွေးတွင်းအချိုဓာတ် အလွန်အမင်း ကျဆင်းသွားတာဟာ ဆီးချိုသမားတွေအတွက် အကြောက်ရဆုံးသော နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် တစ်ကိုယ်တည်း နေထိုင်သူတွေနဲ့ ခရီးသွားသူတွေမှာ ပိုလို့တောင် သတိထားရပါမယ်။

>>  ညဘက် သွေးအချိုဓာတ် ကျတယ်ဆိုတာဘာလဲ?
အိပ်နေတုန်းမှာ သွေးအချိုဓာတ် ကျသွားတာကို ဆိုလိုတယ်။ အိပ်နေတုန်း သွေးအချိုဓာတ်ကျတဲ့အခါ မနိုးဘဲ တောက်လျှောက်အိပ်ပျော်သွားတတ်တာမျိုး ဖြစ်တတ်ပါတယ်။

>>  ဘာလို့ ညအိပ်နေတုန်း သွေးအချိုဓာတ်ကျတာ စိုးရိမ်ရတာလဲ?
●  အဓိကကတော့ ခံစားရသူမှာ သွေးအချိုဓာတ် ကျ၊ မကျကို မသိဘဲ အိပ်နေရာက မနိုးဖို့ များတာကြောင့် ဖြစ်ပါတယ်။
●  ဘာလက္ခဏာမှမပြဘဲနဲ့ သွေးအချိုဓာတ်ကျလို့ကျမှန်းမသိ ဖြစ်သွားတာကြောင့် ကုသမှု နောက်ကျသွားနိုင်ပါတယ်။
●  ညဘက် သွေးအချိုဓာတ်ကျခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ ဘဝနေထိုင်မှုမကောင်းခြင်း၊ အသိစိတ်လုပ်ငန်း ပျက်ယွင်းခြင်းတွေ ဖြစ်တတ်ပါတယ်။
●  ဆိုးဆိုးရွားရွား သွေးအချိုဓာတ်ကျခြင်းဟာ တက်ခြင်း၊ သတိမေ့ခြင်းတွေ ဖြစ်စေတတ်ပြီး အရေးပေါ်ကုသမှု လိုနိုင်ပါတယ်။

>>  ညဘက် သွေးအချိုဓာတ်ကျစေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ?
ဆီးချိုကျဖို့ အသုံးပြုတဲ့ အင်ဆူလင်ထိုးဆေးတွေ၊ ဆီးချိုဆေးတွေအပြင် -
●  လေ့ကျင့်ခန်းလုပ်ခြင်း (အထူးသဖြင့် ပုံမှန်ထက် ကြာကြာပြင်းပြင်း လုပ်မိတဲ့အခါ)
●  အရက် (အထူးသဖြင့် ညမအိပ်ခင် သောက်မိရင်)
● လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သွေးအချိုဓာတ်ကျခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

>>  ညဘက် သွေးအချိုဓာတ်ကျတဲ့အခါ ဘာတွေဖြစ်တတ်လဲ?
●  အိပ်မက်ဆိုးတွေ မက်ခြင်း
●  ညဘက် ကယောင်ကတမ်းတွေဖြစ်ခြင်း
●  မနက်ပိုင်းမှာ ခေါင်းကိုက်ခြင်း
●  ညဘက် ချွေးစေးတွေပြန်ခြင်း
●  စိတ်အခြေအနေ ပြောင်းလဲခြင်း
●  နုံးနေခြင်း
●  တက်ခြင်း စတာတွေ ဖြစ်တတ်တယ်။

Diabetone 1

>>  ဘယ်လိုကာကွယ်ကြမလဲ?
●  ညမအိပ်ခင် သွေးအချိုဓာတ်တိုင်းပါ။
    *  ညအိပ်ချိန်မှာ ဆီးချိုကို ရှိရမယ့်ပမာဏမှာ ထိန်းသိမ်းဖို့ ဆရာဝန်၊ ဆရာမတွေနဲ့ တိုင်ပင်ပါ။
    *  ညမအိပ်ခင်မှာ သွေးအချိုဓာတ် အနည်းဆုံး ၁၀၀ mg/dl ရှိမှ အဆင်ပြေမှာပါ။

●  သွေးအချိုဓာတ် ၁၀၀mg/dl အောက်ရှိနေရင် မအိပ်ခင် အချိုဓာတ်နည်းနည်း (သို့) ပုံမှန်အချိုဓာတ်ရှိတဲ့ အစားအသောက်တစ်ခုခုကို စားပေးပါ။
    *  ပေါင်မုန့်ကြမ်းနဲ့ မြေပဲယို၊ ကရက်ကာကြမ်းနဲ့ချိစ်တစ်လွှာ စသဖြင့်ပေါ့။

●  ပုံမှန်ထက် ပိုလှုပ်လှုပ်ရှားရှား လုပ်နေပြီဆိုရင်၊ ညနေဘက်မှာ အရက်သောက်ထားရင်၊ နေ့ခင်းဘက်မှာ သွေးအချိုဓာတ်ကျနေပြီဆိုရင် မနက်ခင်း ၂ နာရီ - ၃ နာရီလောက်မှာတစ်ခေါက် ဆီးချိုစစ်ဖို့ နှိုးစက်ပေးထားပါ။

●  ညဘက် ဆီးချိုကျတတ်ရင်၊ ဆီးချိုကျလို့ကျမှန်းမသိ ကျနေဖူးရင်၊ ဆီးချို အရမ်းကျနေတတ်ရင် ဆီးချို တောက်လျှောက်စစ်တဲ့စက်ကလေးတပ်ဖို့ လိုတယ်။
    *  အထူးသဖြင့် တစ်ယောက်တည်းနေသူတွေ၊ တစ်ယောက်တည်း ခရီးသွားသူတွေအတွက်ပေါ့။ အချိုဓာတ် သတ်မှတ်ထားတာထက် (ဥပမာ - ၇၀ mg/dlအောက်) ကျသွားပြီဆိုရင် စက်က ထမြည်ပါလိမ့်မယ်။

>>  ဘယ်လိုကုသမလဲ?
●  သွေးအချိုဓာတ်ကျပြီး နိုးလာရင် သွေးအချိုဓာတ် ၇၀ mg/dL အောက်ရောက် မရောက်ကို သွေးအချိုဓာတ် စစ်ဆေးကြည့်ပါ။
●  သွေးအချိုဓာတ် ကျတာကို အချိုရည် (၄ အောင်စ) ဒါမှမဟုတ် ဂလူးကိုစ့်အခဲ (၃၊ ၄ ခဲ)လောက် စသဖြင့် သွေးအချိုဓာတ် မြန်မြန်တက်စေမယ့် အချိုတွေ စားပေးပါ။
●  ၁၅ မိနစ်လောက်နေရင် ပြန်စစ်ကြည့်ပါ။ တကယ်လု့ိ ၇၀mg/dL အောက်ပဲ ရှိတုန်းဆိုရင် အပေါ်မှာပြောတဲ့အတိုင်း ထပ်လုပ်ပါ။
●  သွေးအချိုဓာတ် ၇၀mg/dL အထက်ရောက်သွားပြီဆိုရင် မနက်စာစားဖို့ကလည်း လိုသေးတယ်ဆိုရင် ကာဗိုဟိုက်ဒရိတ်အချိုနဲ့ ပရိုတင်းပါတဲ့ မြေပဲထောပတ်ကရက်ကာကို စားပေးသင့်တယ်။
●  ဒီလို ညဘက် သွေးတွင်းအချိုဓာတ်ကျတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့လိုတယ်။

www.drmyanmar.com

Diabetone 2

(Zawgyi)

ေသြးတြင္းအခ်ိဳဓာတ္ အလြန္အမင္း က်ဆင္းသြားတာဟာ ဆီးခ်ိဳသမားေတြအတြက္ အေၾကာက္ရဆုံးေသာ ေနာက္ဆက္တြဲဆိုးက်ိဳးေတြထဲက တစ္ခုျဖစ္ပါတယ္။ အထူးသျဖင့္ တစ္ကိုယ္တည္း ေနထိုင္သူေတြနဲ႔ ခရီးသြားသူေတြမွာ ပိုလို႔ေတာင္ သတိထားရပါမယ္။

>>  ညဘက္ ေသြးအခ်ိဳဓာတ္ က်တယ္ဆိုတာဘာလဲ?
အိပ္ေနတုန္းမွာ ေသြးအခ်ိဳဓာတ္ က်သြားတာကို ဆိုလိုတယ္။ အိပ္ေနတုန္း ေသြးအခ်ိဳဓာတ္က်တဲ့အခါ မႏိုးဘဲ ေတာက္ေလွ်ာက္အိပ္ေပ်ာ္သြားတတ္တာမ်ိဳး ျဖစ္တတ္ပါတယ္။

>>  ဘာလို႔ ညအိပ္ေနတုန္း ေသြးအခ်ိဳဓာတ္က်တာ စိုးရိမ္ရတာလဲ?
●  အဓိကကေတာ့ ခံစားရသူမွာ ေသြးအခ်ိဳဓာတ္ က်၊ မက်ကို မသိဘဲ အိပ္ေနရာက မႏိုးဖို႔ မ်ားတာေၾကာင့္ ျဖစ္ပါတယ္။
●  ဘာလကၡဏာမွမျပဘဲနဲ႔ ေသြးအခ်ိဳဓာတ္က်လို႔က်မွန္းမသိ ျဖစ္သြားတာေၾကာင့္ ကုသမႈ ေနာက္က်သြားႏိုင္ပါတယ္။
●  ညဘက္ ေသြးအခ်ိဳဓာတ္က်ျခင္းေၾကာင့္ ထိခိုက္ဒဏ္ရာရျခင္း၊ ဘဝေနထိုင္မႈမေကာင္းျခင္း၊ အသိစိတ္လုပ္ငန္း ပ်က္ယြင္းျခင္းေတြ ျဖစ္တတ္ပါတယ္။
●  ဆိုးဆိုး႐ြား႐ြား ေသြးအခ်ိဳဓာတ္က်ျခင္းဟာ တက္ျခင္း၊ သတိေမ့ျခင္းေတြ ျဖစ္ေစတတ္ၿပီး အေရးေပၚကုသမႈ လိုႏိုင္ပါတယ္။

>>  ညဘက္ ေသြးအခ်ိဳဓာတ္က်ေစတဲ့ အေၾကာင္းရင္းေတြက ဘာေတြလဲ?
ဆီးခ်ိဳက်ဖို႔ အသုံးျပဳတဲ့ အင္ဆူလင္ထိုးေဆးေတြ၊ ဆီးခ်ိဳေဆးေတြအျပင္ -
●  ေလ့က်င့္ခန္းလုပ္ျခင္း (အထူးသျဖင့္ ပုံမွန္ထက္ ၾကာၾကာျပင္းျပင္း လုပ္မိတဲ့အခါ)
●  အရက္ (အထူးသျဖင့္ ညမအိပ္ခင္ ေသာက္မိရင္)
● လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေသြးအခ်ိဳဓာတ္က်ျခင္း စတာေတြေၾကာင့္ ျဖစ္တတ္ပါတယ္။

>>  ညဘက္ ေသြးအခ်ိဳဓာတ္က်တဲ့အခါ ဘာေတြျဖစ္တတ္လဲ?
●  အိပ္မက္ဆိုးေတြ မက္ျခင္း
●  ညဘက္ ကေယာင္ကတမ္းေတြျဖစ္ျခင္း
●  မနက္ပိုင္းမွာ ေခါင္းကိုက္ျခင္း
●  ညဘက္ ေခြၽးေစးေတြျပန္ျခင္း
●  စိတ္အေျခအေန ေျပာင္းလဲျခင္း
●  ႏုံးေနျခင္း
●  တက္ျခင္း စတာေတြ ျဖစ္တတ္တယ္။

>>  ဘယ္လိုကာကြယ္ၾကမလဲ?
●  ညမအိပ္ခင္ ေသြးအခ်ိဳဓာတ္တိုင္းပါ။
    *  ညအိပ္ခ်ိန္မွာ ဆီးခ်ိဳကို ရွိရမယ့္ပမာဏမွာ ထိန္းသိမ္းဖို႔ ဆရာဝန္၊ ဆရာမေတြနဲ႔ တိုင္ပင္ပါ။
    *  ညမအိပ္ခင္မွာ ေသြးအခ်ိဳဓာတ္ အနည္းဆုံး ၁၀၀ mg/dl ရွိမွ အဆင္ေျပမွာပါ။

●  ေသြးအခ်ိဳဓာတ္ ၁၀၀mg/dl ေအာက္ရွိေနရင္ မအိပ္ခင္ အခ်ိဳဓာတ္နည္းနည္း (သို႔) ပုံမွန္အခ်ိဳဓာတ္ရွိတဲ့ အစားအေသာက္တစ္ခုခုကို စားေပးပါ။
    *  ေပါင္မုန႔္ၾကမ္းနဲ႔ ေျမပဲယို၊ ကရက္ကာၾကမ္းနဲ႔ခ်ိစ္တစ္လႊာ စသျဖင့္ေပါ့။

●  ပုံမွန္ထက္ ပိုလႈပ္လႈပ္ရွားရွား လုပ္ေနၿပီဆိုရင္၊ ညေနဘက္မွာ အရက္ေသာက္ထားရင္၊ ေန႔ခင္းဘက္မွာ ေသြးအခ်ိဳဓာတ္က်ေနၿပီဆိုရင္ မနက္ခင္း ၂ နာရီ - ၃ နာရီေလာက္မွာတစ္ေခါက္ ဆီးခ်ိဳစစ္ဖို႔ ႏႈိးစက္ေပးထားပါ။

●  ညဘက္ ဆီးခ်ိဳက်တတ္ရင္၊ ဆီးခ်ိဳက်လို႔က်မွန္းမသိ က်ေနဖူးရင္၊ ဆီးခ်ိဳ အရမ္းက်ေနတတ္ရင္ ဆီးခ်ိဳ ေတာက္ေလွ်ာက္စစ္တဲ့စက္ကေလးတပ္ဖို႔ လိုတယ္။
    *  အထူးသျဖင့္ တစ္ေယာက္တည္းေနသူေတြ၊ တစ္ေယာက္တည္း ခရီးသြားသူေတြအတြက္ေပါ့။ အခ်ိဳဓာတ္ သတ္မွတ္ထားတာထက္ (ဥပမာ - ၇၀ mg/dlေအာက္) က်သြားၿပီဆိုရင္ စက္က ထျမည္ပါလိမ့္မယ္။

>>  ဘယ္လိုကုသမလဲ?
●  ေသြးအခ်ိဳဓာတ္က်ၿပီး ႏိုးလာရင္ ေသြးအခ်ိဳဓာတ္ ၇၀ mg/dL ေအာက္ေရာက္ မေရာက္ကို ေသြးအခ်ိဳဓာတ္ စစ္ေဆးၾကည့္ပါ။
●  ေသြးအခ်ိဳဓာတ္ က်တာကို အခ်ိဳရည္ (၄ ေအာင္စ) ဒါမွမဟုတ္ ဂလူးကိုစ့္အခဲ (၃၊ ၄ ခဲ)ေလာက္ စသျဖင့္ ေသြးအခ်ိဳဓာတ္ ျမန္ျမန္တက္ေစမယ့္ အခ်ိဳေတြ စားေပးပါ။
●  ၁၅ မိနစ္ေလာက္ေနရင္ ျပန္စစ္ၾကည့္ပါ။ တကယ္လု႔ိ ၇၀mg/dL ေအာက္ပဲ ရွိတုန္းဆိုရင္ အေပၚမွာေျပာတဲ့အတိုင္း ထပ္လုပ္ပါ။
●  ေသြးအခ်ိဳဓာတ္ ၇၀mg/dL အထက္ေရာက္သြားၿပီဆိုရင္ မနက္စာစားဖို႔ကလည္း လိုေသးတယ္ဆိုရင္ ကာဗိုဟိုက္ဒရိတ္အခ်ိဳနဲ႔ ပ႐ိုတင္းပါတဲ့ ေျမပဲေထာပတ္ကရက္ကာကို စားေပးသင့္တယ္။
●  ဒီလို ညဘက္ ေသြးတြင္းအခ်ိဳဓာတ္က်တာကို ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ဖို႔လိုတယ္။

www.drmyanmar.com