ဖေဖေ မေမေ အသစ်တွေ ကြုံရတတ်တဲ့အမှားတွေ
● အစိုးရိမ် လွန်ကဲတာမျိုး၊ ငိုရင် ငိုလို့၊ ဝမ်းသွားရင် သွားလို့ အစစအရာရာ စိတ်ပူလွန်းတာမျိုး မလုပ်ဘဲ ဆရာဝန်က ပြောထားတဲ့ အန္တရာယ်လက္ခဏာတွေကိုပဲ သတိထားရင် ရပါပြီ။
● အိပ်နေတဲ့ကလေးကို နှိုးပြီး နို့တိုက်တာမျိုး မလုပ်ရပါဘူး။ အိပ်ပျော်နေရင် မေမေရော ကလေးပါ အိပ်ရေးဝဝ အိပ်ပြီး နိုးလာမှသာ တိုက်ပါ။
● ကလေး ငိုတာကို အစိုးရိမ်ကြီးတာတွေ ဖြစ်တတ်ပါတယ်။ ကလေးတွေဟာ ဘာပြဿနာမှ မရှိလည်း ငိုနေနိုင်ပါတယ်၊ တကယ်လို့ ငိုတာက တစ်နာရီ ကျော်လာပြီး ဖျားတာ၊ အန်တာတွေနဲ့ တွဲလာရင်တော့ ဆရာဝန်ပြဖို့ လိုပါမယ်။
● လေတက်ပြီး နို့လေးတွေ ပြန်ပါလာတာကို အန်တာနဲ့ မကွဲတာ ဖြစ်တတ်ပါတယ်။ နို့ပြန်ပါလာတာက လေတက်မယ်၊ ပမာဏနည်းမယ်၊ အန်တာက ၁၅ မိနစ်တစ်ခါ၊ နာရီဝက်တစ်ခါ ဖြစ်နေပြီး ပမာဏ များမယ်။
● ကားပေါ်မှာ ကလေးထိုင်ခုံကို နည်းမှန်လမ်းမှန် မတပ်တတ်တာမျိုး မဖြစ်ရအောင် ကြိုတင်လေ့လာ ထားသင့်ပါတယ်။
Ceelin 1
● သွားကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့နေတာ၊ သွားလေးတွေ စပေါက်ပြီဆိုရင် အိပ်ရာထဲ နို့စို့ပြီး အိပ်စေတာကို ရှောင်ရပါမယ်၊ ကြာလာရင် သွားမှာ အပေါက်တွေ ဖြစ်လာနိုင်ပါတယ်။ ပြီးရင် ပါးစပ်ထဲကို အဝတ်ရေစို အသန့်နဲ့ သုတ်ပေးရပါမယ်။ အသက် ၁ နှစ်ကျော်ပြီဆိုရင် သွားတိုက်တံအနုလေးနဲ့ စတိုက်ပေးရပါမယ်။
● ကလေးအပေါ်မှာပဲ စိတ်ရောက်ပြီး အိမ်ထောင်ဖက်ကို ဂရုမစိုက်မိတာမျိုးလည်း ဖြစ်တတ်တဲ့အတွက် ဂရုပြုဖို့ လိုပါမယ်။
● ကလေးက ဘယ်လောက်ပဲ ငယ်နေပါစေ မိဘတွေ ရန်ဖြစ်တာကို သိနိုင်လို့ ကလေးရှေ့မှာ အော်ဟစ်၊ ရန်ဖြစ်တာကို ရှောင်ပါ။
Dr. Htar (www.drmyanmar.com)
Ceelin 2
(Zawgyi)
● အစိုးရိမ္ လြန္ကဲတာမ်ိဳး၊ ငိုရင္ ငိုလို႔၊ ဝမ္းသြားရင္ သြားလို႔ အစစအရာရာ စိတ္ပူလြန္းတာမ်ိဳး မလုပ္ဘဲ ဆရာဝန္က ေျပာထားတဲ့ အႏၲရာယ္လကၡဏာေတြကိုပဲ သတိထားရင္ ရပါၿပီ။
● အိပ္ေနတဲ့ကေလးကို ႏႈိးၿပီး ႏို႔တိုက္တာမ်ိဳး မလုပ္ရပါဘူး။ အိပ္ေပ်ာ္ေနရင္ ေမေမေရာ ကေလးပါ အိပ္ေရးဝဝ အိပ္ၿပီး ႏိုးလာမွသာ တိုက္ပါ။
● ကေလး ငိုတာကို အစိုးရိမ္ႀကီးတာေတြ ျဖစ္တတ္ပါတယ္။ ကေလးေတြဟာ ဘာျပႆနာမွ မရွိလည္း ငိုေနႏိုင္ပါတယ္၊ တကယ္လို႔ ငိုတာက တစ္နာရီ ေက်ာ္လာၿပီး ဖ်ားတာ၊ အန္တာေတြနဲ႔ တြဲလာရင္ေတာ့ ဆရာဝန္ျပဖို႔ လိုပါမယ္။
● ေလတက္ၿပီး ႏို႔ေလးေတြ ျပန္ပါလာတာကို အန္တာနဲ႔ မကြဲတာ ျဖစ္တတ္ပါတယ္။ ႏို႔ျပန္ပါလာတာက ေလတက္မယ္၊ ပမာဏနည္းမယ္၊ အန္တာက ၁၅ မိနစ္တစ္ခါ၊ နာရီဝက္တစ္ခါ ျဖစ္ေနၿပီး ပမာဏ မ်ားမယ္။
● ကားေပၚမွာ ကေလးထိုင္ခုံကို နည္းမွန္လမ္းမွန္ မတပ္တတ္တာမ်ိဳး မျဖစ္ရေအာင္ ႀကိဳတင္ေလ့လာ ထားသင့္ပါတယ္။
● သြားက်န္းမာေရးကို ဂ႐ုစိုက္ဖို႔ ေမ့ေနတာ၊ သြားေလးေတြ စေပါက္ၿပီဆိုရင္ အိပ္ရာထဲ ႏို႔စို႔ၿပီး အိပ္ေစတာကို ေရွာင္ရပါမယ္၊ ၾကာလာရင္ သြားမွာ အေပါက္ေတြ ျဖစ္လာႏိုင္ပါတယ္။ ၿပီးရင္ ပါးစပ္ထဲကို အဝတ္ေရစို အသန႔္နဲ႔ သုတ္ေပးရပါမယ္။ အသက္ ၁ ႏွစ္ေက်ာ္ၿပီဆိုရင္ သြားတိုက္တံအႏုေလးနဲ႔ စတိုက္ေပးရပါမယ္။
● ကေလးအေပၚမွာပဲ စိတ္ေရာက္ၿပီး အိမ္ေထာင္ဖက္ကို ဂ႐ုမစိုက္မိတာမ်ိဳးလည္း ျဖစ္တတ္တဲ့အတြက္ ဂ႐ုျပဳဖို႔ လိုပါမယ္။
● ကေလးက ဘယ္ေလာက္ပဲ ငယ္ေနပါေစ မိဘေတြ ရန္ျဖစ္တာကို သိႏိုင္လို႔ ကေလးေရွ႕မွာ ေအာ္ဟစ္၊ ရန္ျဖစ္တာကို ေရွာင္ပါ။
Dr. Htar (www.drmyanmar.com)






























